လီဗာပူးအသင္း ဥေရာပ ဆုဖလားႏွစ္လံုး အႏုိင္ရခဲ့ျပီျဖစ္ေပမယ့္ ဘာစီလိုနာကေတာ့ ခ်န္ပီယံလိဂ္မွာ ေနာက္ဆံုး အေရးနိမ့္ခဲ့တဲ့ အန္ဖီးပြဲကို အခုထိ နာက်င္ေနရဆဲပါပဲ။

ဘာစီလိုနာက အိမ္ကြင္းမွာ ၃-၀ နဲ႔ အႏုိင္ရခဲ့ေပမယ့္ အေဝးကြင္းမွာ လီဗာပူးကို ၄-၀ နဲ႔ အေရးနိမ့္ျပီး ဆီမီးအဆင့္ကေန ထြက္ခြာခဲ့ရတာပါ။ တိုက္စစ္မွဴး မက္ဆီကေတာ့ အန္ဖီးကြင္းဟာ ခက္ခဲတဲ့ကြင္းဆိုတာ နားလည္ထားေပမယ့္ တကယ္တမ္း ရင္ဆိုင္ကစားခဲ့ရခ်ိန္မွာ ရခဲ့တဲ့ သင္ခန္စားက ၾကီးမားခဲ့တယ္လို႔ ညီတြားေျပာဆိုပါတယ္။

မက္ဆီက “ ပြဲက မျပီးေသးဘူးဆိုတာ က်ေနာ္တို႔ သိခဲ့ပါတယ္။ အန္ဖီးကြင္းက သမိုင္းေၾကာင္းေကာင္းေတြရွိျပီး သူတို႔အသင္းေနာက္မွာ အမာခံ ပရိသတ္ေတြရွိတဲ့ ခက္ခဲတဲ့ကြင္းဆိုတာ က်ေနာ္တုိ႔ သိထားခဲ့ပါတယ္။

အဂၤလန္ကြင္းေတြက သူတို႔အသင္းေတြကို အမ်ားၾကီး အကူအညီေပးပါတယ္။ ကိုယ္က ဦးေဆာင္ထားရင္ေတာင္ ညံ့ဖ်င္းတဲ့ စြမ္းေဆာင္ရည္က က်ေနာ္တို႔ကို ထြက္ခြာရေစတယ္။ ခ်န္ပီယံလိဂ္ကို အႏုိင္ရလိုတယ္ဆိုရင္ အေဝးကြင္းေတြမွာ သြင္းဂိုးေတြ သြင္းယူႏုိင္ဖုိ႔က အေရးၾကီးပါတယ္ ။

က်ေနာ္တုိ႔ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရတုန္းကလည္း အဲ့သည္လို လုပ္ခဲ့တာပါပဲ။ က်ေနာ္မွန္းတာ မွတ္မိတာမွန္မယ္ဆိုရင္ အေဝးကြင္းပြဲေတြမွာ ဂိုးအျမဲသြင္းႏုိင္ခဲ့တယ္။ အေဝးကြင္းေတြမွာ ဂိုးမသြင္းႏုိင္ဘူးဆိုရင္ မင္းကို အျမဲတမ္း ခက္ခဲေစတာပါပဲ။ လီဗာပူးနဲ႔ပြဲက က်ေနာ္တုိ႔ကို သင္ခန္းစာေတြေပးခဲ့ပါတယ္။ အျမဲတမ္း သိခဲ့ေပမယ့္ အေဝးဂိုးရဖို႔က အေရးၾကီးတဲ့ ေျခလွမ္းပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ဒီရာသီမွာေတာ့ မရဏအုပ္စုအျဖစ္ ေဒါ့မြန္၊ အင္တာမီလန္၊ ရတ္စတားတို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနတာပါ။ လာမယ့္အပတ္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲေတြ ျပန္လည္စတင္ေတာ့မွာ ျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်း ဥရောပ ဆုဖလားနှစ်လုံး အနိုင်ရခဲ့ပြီဖြစ်ပေမယ့် ဘာစီလိုနာကတော့ ချန်ပီယံလိဂ်မှာ နောက်ဆုံး အရေးနိမ့်ခဲ့တဲ့ အန်ဖီးပွဲကို အခုထိ နာကျင်နေရဆဲပါပဲ။

ဘာစီလိုနာက အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာ လီဗာပူးကို ၄-၀ နဲ့ အရေးနိမ့်ပြီး ဆီမီးအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ တိုက်စစ်မှူး မက်ဆီကတော့ အန်ဖီးကွင်းဟာ ခက်ခဲတဲ့ကွင်းဆိုတာ နားလည်ထားပေမယ့် တကယ်တမ်း ရင်ဆိုင်ကစားခဲ့ရချိန်မှာ ရခဲ့တဲ့ သင်ခန်စားက ကြီးမားခဲ့တယ်လို့ ညီတွားပြောဆိုပါတယ်။

မက်ဆီက “ ပွဲက မပြီးသေးဘူးဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ အန်ဖီးကွင်းက သမိုင်းကြောင်းကောင်းတွေရှိပြီး သူတို့အသင်းနောက်မှာ အမာခံ ပရိသတ်တွေရှိတဲ့ ခက်ခဲတဲ့ကွင်းဆိုတာ ကျနော်တို့ သိထားခဲ့ပါတယ်။

အင်္ဂလန်ကွင်းတွေက သူတို့အသင်းတွေကို အများကြီး အကူအညီပေးပါတယ်။ ကိုယ်က ဦးဆောင်ထားရင်တောင် ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်က ကျနော်တို့ကို ထွက်ခွာရစေတယ်။ ချန်ပီယံလိဂ်ကို အနိုင်ရလိုတယ်ဆိုရင် အဝေးကွင်းတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့က အရေးကြီးပါတယ် ။

ကျနော်တို့ ချန်ပီယံလိဂ်ဖလား အနိုင်ရတုန်းကလည်း အဲ့သည်လို လုပ်ခဲ့တာပါပဲ။ ကျနော်မှန်းတာ မှတ်မိတာမှန်မယ်ဆိုရင် အဝေးကွင်းပွဲတွေမှာ ဂိုးအမြဲသွင်းနိုင်ခဲ့တယ်။ အဝေးကွင်းတွေမှာ ဂိုးမသွင်းနိုင်ဘူးဆိုရင် မင်းကို အမြဲတမ်း ခက်ခဲစေတာပါပဲ။ လီဗာပူးနဲ့ပွဲက ကျနော်တို့ကို သင်ခန်းစာတွေပေးခဲ့ပါတယ်။ အမြဲတမ်း သိခဲ့ပေမယ့် အဝေးဂိုးရဖို့က အရေးကြီးတဲ့ ခြေလှမ်းပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီမှာတော့ မရဏအုပ်စုအဖြစ် ဒေါ့မွန်၊ အင်တာမီလန်၊ ရတ်စတားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ လာမယ့်အပတ်မှာတော့ ချန်ပီယံလိဂ်ပွဲတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။