ZAWGYI – အာဆင္နယ္အသင္းဟာ လူငယ္ေတြရဲ႕ အင္အားနဲ႕ အသင္းကို တည္ေဆာက္မႈ ပိုမို အရွိန္ျမွင့္တင္လ်က္ရွိရာ ဒီရာသီ ေျခစြမ္းေကာင္းမ်ား ျပသေနတဲ့ လူငယ္ ကြင္းလယ္ကစားသမား ဂ်ိဳး ၀ယ္ေလာ့ကို ဒီေန႔မွာပဲ ေလးနွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။

၀ယ္ေလာ့ဟာ ဒီရာသီ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ေလးပြဲမွာ သံုးပြဲ ပြဲထြက္ ကစားခြင့္ရထားကာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားပါတယ္။ အာဆင္နယ္ဟာ မ်ိဳးဆက္သစ္ လူငယ္ကစားသမားေလးေတြရဲ႕ အင္အားနဲ႕ အသင္းရဲ႕ တိုးတက္မႈကို ဆက္လက္ အရွိန္ ျမွင့္တင္ေနတာပါ။

၀ယ္ေလာ့ရဲ႕ စာခ်ဳပ္သစ္ဟာ အမ္မရီရဲ႕အာဆင္နယ္ စီနီယာ အသင္းၾကီးမွာ ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ေနာက္ ေနာက္ဆက္တြဲ သက္ေရာက္မႈေကာင္း ျဖစ္လာခဲ့တာပါ။ အသက္ ၂၀ အရြယ္ ကြင္းလယ္ကစားသမားေလးဟာ ပထမအသင္းၾကီးနဲ႔ ၂၀၁၇ မွာ စတင္ ကစားခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီကုန္္ခါနီးမွာလည္း ၂ ပြဲ ကစားခြင့္ ရခဲ့ပါေသးတယ္။

” အကယ္ဒမီက လူငယ္ကစားသမားေလးေတြကို ပထမအသင္းၾကီးဆီ ေခၚေဆာင္လာဖို႔က အသင္းရဲ႕ ဦးတည္ခ်က္ထဲ အေရးၾကီး အစိတ္အပိုင္း အေနနဲ႕ ပါ၀င္ေနပါတယ္။ ဂ်ိဳး (၀ယ္ေလာ့)ရဲ႕ တိုးတက္မႈေကာင္းေတြက စံနမူနာေကာင္း ျဖစ္လာခဲ့ျပီး ဒါက အနာဂတ္မွာ က်ေန္ာတို႔ လုပ္ေဆာင္ခ်င္တဲ့ ပံုစံမ်ိဳးပါပဲ။” လို႔ နည္းစနစ္ ဒါရိုက္တာ အီဂ်ဴက ေျပာၾကားထားပါတယ္။

အသက္ ေလးနွစ္သားတည္းက အာဆင္နယ္နဲ႕ အတူ ရွိလာခဲ့တဲ့ ၀ယ္ေလာ့ခ္ဟာ အဂၤလန္ U21 အသင္းမွာလည္း ေရြးခ်ယ္ခံထားရျပီး အေသးစား ဒဏ္ရာ ရထားလို႔သာ ျပန္လည္ ႏႈတ္ထြက္ထားခဲ့တာ ျဖစ္ပါတယ္။

Myan News

UNICODE – အာဆင်နယ်အသင်းဟာ လူငယ်တွေရဲ့ အင်အားနဲ့ အသင်းကို တည်ဆောက်မှု ပိုမို အရှိန်မြှင့်တင်လျက်ရှိရာ ဒီရာသီ ခြေစွမ်းကောင်းများ ပြသနေတဲ့ လူငယ် ကွင်းလယ်ကစားသမား ဂျိုး ဝယ်လော့ကို ဒီနေ့မှာပဲ လေးနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ဝယ်လော့ဟာ ဒီရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ သုံးပွဲ ပွဲထွက် ကစားခွင့်ရထားကာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပါတယ်။ အာဆင်နယ်ဟာ မျိုးဆက်သစ် လူငယ်ကစားသမားလေးတွေရဲ့ အင်အားနဲ့ အသင်းရဲ့ တိုးတက်မှုကို ဆက်လက် အရှိန် မြှင့်တင်နေတာပါ။

ဝယ်လော့ရဲ့ စာချုပ်သစ်ဟာ အမ်မရီရဲ့အာဆင်နယ် စီနီယာ အသင်းကြီးမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့နောက် နောက်ဆက်တွဲ သက်ရောက်မှုကောင်း ဖြစ်လာခဲ့တာပါ။ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားလေးဟာ ပထမအသင်းကြီးနဲ့ ၂၀၁၇ မှာ စတင် ကစားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာလည်း ၂ ပွဲ ကစားခွင့် ရခဲ့ပါသေးတယ်။

” အကယ်ဒမီက လူငယ်ကစားသမားလေးတွေကို ပထမအသင်းကြီးဆီ ခေါ်ဆောင်လာဖို့က အသင်းရဲ့ ဦးတည်ချက်ထဲ အရေးကြီး အစိတ်အပိုင်း အနေနဲ့ ပါဝင်နေပါတယ်။ ဂျိုး (ဝယ်လော့)ရဲ့ တိုးတက်မှုကောင်းတွေက စံနမူနာကောင်း ဖြစ်လာခဲ့ပြီး ဒါက အနာဂတ်မှာ ကျနေ်ာတို့ လုပ်ဆောင်ချင်တဲ့ ပုံစံမျိုးပါပဲ။” လို့ နည်းစနစ် ဒါရိုက်တာ အီဂျူက ပြောကြားထားပါတယ်။

အသက် လေးနှစ်သားတည်းက အာဆင်နယ်နဲ့ အတူ ရှိလာခဲ့တဲ့ ဝယ်လော့ခ်ဟာ အင်္ဂလန် U21 အသင်းမှာလည်း ရွေးချယ်ခံထားရပြီး အသေးစား ဒဏ်ရာ ရထားလို့သာ ပြန်လည် နှုတ်ထွက်ထားခဲ့တာ ဖြစ်ပါတယ်။

Myan News