အဂၤလန္ကစားသမားေဟာင္း Tony Cottee က မၾကာေတာ့မယ့္ အနာဂတ္ေတြမွာ မန္ခ်က္စတာ ကလပ္ႏွစ္သင္းဟာ အဂၤလန္လူငယ္ ကြင္းလယ္လူျဖစ္တဲ့ ရိုက္ကို အျပိဳင္ေခၚယူဖို႔ ၾကိဳးစားမႈေတြ ရွိလာေတာ့မယ္လို႔ ေဟာကိန္းထုတ္လာခဲ့ပါတယ္။

ကလပ္ႏွစ္သင္းလံုးဟာ မၾကာေတာ့မယ့္ ေဘာလံုးရာသီေတြမွာ ကြင္းလယ္ပိုင္းကို အင္အားျဖည့္ဖို႔ ၾကိဳးစားလာေတာ့မွာျဖစ္ျပီး အိုင္ယာလန္ကေန အဂၤလန္လက္ေရြးစင္အျဖစ္ ကူးေျပာင္းလာတဲ့ ရိုက္ဟာလည္း မန္ခ်က္စတာအသင္းေတြရဲ႕ ပစ္မွတ္ထဲ ပါဝင္လာမယ္လို႔ သူက ဆိုခဲ့တာပါ။

ဒီလိုဆိုႏုိင္ေလာက္တဲ့ အေၾကာင္းရင္းအျဖစ္လည္း မန္စီးတီးဟာ ျခံေပါက္ကစားသမား အင္အားျဖည့္ဖို႔ အေရးၾကီး လိုအပ္ေနသလို မန္ယူကလည္း ကြင္းလယ္မွာ အဖ်က္ပိုင္းေတြကို တာဝန္ယူေပးဖို႔ ကစားသမား လိုအပ္ေနတာျဖစ္တယ္။ ဒါေၾကာင့္ အဂၤလန္လက္ေရြးစင္ကို အျပိဳင္ေခၚဖို႔ ၾကိဳးစားမႈေတြ ရွိလာႏုိင္တာျဖစ္ပါတယ္။

Tony Cottee ကေတာ့ “ ရိုက္ကို ဗဟိုခံစစ္သမားအျဖစ္လည္း က်ေနာ္ သေဘာေတြ႔ပါတယ္။ သူက အဲ့သည္ေနရာကို ကစားလာလိမ့္မယ္လို႔ ထင္တယ္။ ကြင္းလယ္ခံစစ္သမားကို ဝယ္ယူတာျဖစ္ေပမယ့္ ခံစစ္ေလးေယာက္တန္းမွာေကာ သံုးေယာက္တန္းမွာပါ ထိပ္တန္းအဆင့္က ကစားႏုိင္သူမ်ိဳးကို အလိုရွိမွာပါပဲ။

မန္ယူက သူ႔ကို အလိုရွိေနတာ က်ေနာ္ ေသခ်ာေျပာရဲပါတယ္။ မန္စီးတီးကလည္း သူ႔ကို လိုခ်င္မွာပါ။ သူက ခ်ယ္ဆီးကစားသမားအျဖစ္ စတင္လာခဲ့တာကို ေမ့ထားလို႔လည္း မရပါဘူး။ ဒီဇင္ဘာမွာ မ်ားစြာေသာ ကလပ္ေတြက ရိုက္ကို ေခၚယူဖို႔ ၾကိဳးစားလာမွာျဖစ္ေပမယ့္ သူ႔ကို ဝက္ဟမ္းမွာပဲ ဆက္ေနေစခ်င္ပါတယ္ ” လို႔ ဝက္ဟမ္းကစားသမားေဟာင္းၾကီးက ေျပာဆိုခဲ့ပါတယ္။

UNICODE

အင်္ဂလန်ကစားသမားဟောင်း Tony Cottee က မကြာတော့မယ့် အနာဂတ်တွေမှာ မန်ချက်စတာ ကလပ်နှစ်သင်းဟာ အင်္ဂလန်လူငယ် ကွင်းလယ်လူဖြစ်တဲ့ ရိုက်ကို အပြိုင်ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိလာတော့မယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။

ကလပ်နှစ်သင်းလုံးဟာ မကြာတော့မယ့် ဘောလုံးရာသီတွေမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ကြိုးစားလာတော့မှာဖြစ်ပြီး အိုင်ယာလန်ကနေ အင်္ဂလန်လက်ရွေးစင်အဖြစ် ကူးပြောင်းလာတဲ့ ရိုက်ဟာလည်း မန်ချက်စတာအသင်းတွေရဲ့ ပစ်မှတ်ထဲ ပါဝင်လာမယ်လို့ သူက ဆိုခဲ့တာပါ။

ဒီလိုဆိုနိုင်လောက်တဲ့ အကြောင်းရင်းအဖြစ်လည်း မန်စီးတီးဟာ ခြံပေါက်ကစားသမား အင်အားဖြည့်ဖို့ အရေးကြီး လိုအပ်နေသလို မန်ယူကလည်း ကွင်းလယ်မှာ အဖျက်ပိုင်းတွေကို တာဝန်ယူပေးဖို့ ကစားသမား လိုအပ်နေတာဖြစ်တယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်ကို အပြိုင်ခေါ်ဖို့ ကြိုးစားမှုတွေ ရှိလာနိုင်တာဖြစ်ပါတယ်။

Tony Cottee ကတော့ “ ရိုက်ကို ဗဟိုခံစစ်သမားအဖြစ်လည်း ကျနော် သဘောတွေ့ပါတယ်။ သူက အဲ့သည်နေရာကို ကစားလာလိမ့်မယ်လို့ ထင်တယ်။ ကွင်းလယ်ခံစစ်သမားကို ဝယ်ယူတာဖြစ်ပေမယ့် ခံစစ်လေးယောက်တန်းမှာကော သုံးယောက်တန်းမှာပါ ထိပ်တန်းအဆင့်က ကစားနိုင်သူမျိုးကို အလိုရှိမှာပါပဲ။

မန်ယူက သူ့ကို အလိုရှိနေတာ ကျနော် သေချာပြောရဲပါတယ်။ မန်စီးတီးကလည်း သူ့ကို လိုချင်မှာပါ။ သူက ချယ်ဆီးကစားသမားအဖြစ် စတင်လာခဲ့တာကို မေ့ထားလို့လည်း မရပါဘူး။ ဒီဇင်ဘာမှာ များစွာသော ကလပ်တွေက ရိုက်ကို ခေါ်ယူဖို့ ကြိုးစားလာမှာဖြစ်ပေမယ့် သူ့ကို ဝက်ဟမ်းမှာပဲ ဆက်နေစေချင်ပါတယ် ” လို့ ဝက်ဟမ်းကစားသမားဟောင်းကြီးက ပြောဆိုခဲ့ပါတယ်။