Zawgyi – မန္ခ်က္စတာ ယူႏုိက္တက္ဟာ ခံစစ္မႈး ဗစ္တာ လင္ဒီေလာ့ဖ္ကို ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ နွစ္သင္းဟာ ၀က္စ္ဟမ္းအသင္းမွာ အသက္ ၂၀ အရြယ္ လူငယ္ၾကယ္ပြင့္ ဒီကလန္ရိုက္စ္ကို အျပိဳင္အဆိုင္ လိုခ်င္ၾကမွာ ျဖစ္ျပီး ခ်ယ္ဆီးလည္း အေျပာင္းအေရႊ႕ ပိတ္ျခင္း ခံမထားရရင္ ရိုက္စ္ကို ေခၚယူလိုတဲ့ အသင္းေတြထဲ ပါ၀င္မွာပဲလို႔ ၀က္စ္ဟမ္ ဂႏၱ၀င္ Tony Cottee က သံုးသပ္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္မွ ေပါ့ဘာနဲ႕ ဘိုင္ယန္ျမဴးနစ္မွ လီ၀န္ေဒါစကီးတို႔ဟာ ရီးရဲလ္ အလိုရွိတဲ့ ကစားသမားေတြ ျဖစ္ျပီး မိခင္ ကလပ္ အသင္းေတြက မေရာင္းၾက လို႔ မေခၚယူနုိင္ခဲ့ေၾကာင္း ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္က ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

မန္ယူအသင္း အေနနဲ႔ ပရီးမီးယားလိဂ္တြင္ ရုန္းကန္ေနရျခင္းကို ခ်န္ထားရစ္ရန္ လာမည့္ လက္စတာအသင္းနဲ႔ ပြဲစဥ္တြင္ ပံုစံေကာင္းျပသရန္ လိုအပ္တယ္လုိ႔ မန္ယူႏိုက္တက္ဂႏၱ၀င္ကစားသမား ဘရိုင္ယန္ေရာ္ဘ္ဆင္က သတိေပးလိုက္ပါတယ္။

မန္ယူရဲ႕ အခု ေျခစြမ္းထက္ လူငယ္ ကစားသမားေတြဟာ ယခင္ ေပါလ္စကိုးလ္၊ ဘက္ခမ္း၊ ဂစ္ တို႔ေလာက္ မစြမ္းေဆာင္ႏုိင္ေသးဘူးလို႔ အာစင္၀င္းဂါးက သတိေပးလိုက္ျပီး မန္ယူရဲ႕ လက္ရွိ လူငယ္ကစားသမား အစုအဖြဲ႔အေပၚ အားရမႈ မရွိေၾကာင္း သံုးသပ္ သြားခဲ့ပါတယ္။

မန္ယူအသင္းဟာ ဟာ လာမယ့္ ဇန္န၀ါရီ အ၀ယ္စာရင္းထဲမွာ လက္စတာနဲ႕ အဂၤလန္ ၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ထည့္သြင္းထားျပီး ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

မန္ယူခံစစ္မွဴးေဟာင္း ပက္ထရစ္ အီဗရာက မန္ယူအသင္းရဲ႕ ၾသဂုတ္လ အေကာင္းဆံုး ကစားသမားဆု ကို ရရွိခဲ့တဲ့ ေတာင္ပံကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ကိုယ္တိုင္ ဆု ေပးအပ္ခဲ့ပါတယ္။

Unicode – မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ်ကို ကာလရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာ နှစ်သင်းဟာ ဝက်စ်ဟမ်းအသင်းမှာ အသက် ၂၀ အရွယ် လူငယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ကို အပြိုင်အဆိုင် လိုချင်ကြမှာ ဖြစ်ပြီး ချယ်ဆီးလည်း အပြောင်းအရွှေ့ ပိတ်ခြင်း ခံမထားရရင် ရိုက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်မှာပဲလို့ ဝက်စ်ဟမ် ဂန္တဝင် Tony Cottee က သုံးသပ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှ ပေါ့ဘာနဲ့ ဘိုင်ယန်မြူးနစ်မှ လီဝန်ဒေါစကီးတို့ဟာ ရီးရဲလ် အလိုရှိတဲ့ ကစားသမားတွေ ဖြစ်ပြီး မိခင် ကလပ် အသင်းတွေက မရောင်းကြ လို့ မခေါ်ယူနိုင်ခဲ့ကြောင်း ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်း အနေနဲ့ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရခြင်းကို ချန်ထားရစ်ရန် လာမည့် လက်စတာအသင်းနဲ့ ပွဲစဉ်တွင် ပုံစံကောင်းပြသရန် လိုအပ်တယ်လို့ မန်ယူနိုက်တက်ဂန္တဝင်ကစားသမား ဘရိုင်ယန်ရော်ဘ်ဆင်က သတိပေးလိုက်ပါတယ်။

မန်ယူရဲ့ အခု ခြေစွမ်းထက် လူငယ် ကစားသမားတွေဟာ ယခင် ပေါလ်စကိုးလ်၊ ဘက်ခမ်း၊ ဂစ် တို့လောက် မစွမ်းဆောင်နိုင်သေးဘူးလို့ အာစင်ဝင်းဂါးက သတိပေးလိုက်ပြီး မန်ယူရဲ့ လက်ရှိ လူငယ်ကစားသမား အစုအဖွဲ့အပေါ် အားရမှု မရှိကြောင်း သုံးသပ် သွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဟာ လာမယ့် ဇန်နဝါရီ အဝယ်စာရင်းထဲမှာ လက်စတာနဲ့ အင်္ဂလန် ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆန်ကို ထည့်သွင်းထားပြီး ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

မန်ယူခံစစ်မှူးဟောင်း ပက်ထရစ် အီဗရာက မန်ယူအသင်းရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့တဲ့ တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ကိုယ်တိုင် ဆု ပေးအပ်ခဲ့ပါတယ်။