ယာဂင္ကေလာ့ပ္ လီဗာပူးအသင္းရဲ႕ ဖိအားေပးနႈန္း ျမင့္ျမင့္နဲ႕ ကစားဟန္က အံ့ၾသမွင္သက္ေစခဲ့ျပီး အသင္းတစ္သင္း ဒီလိုမ်ိဳး ကစားတာ မျမင္ဖူးခဲ့ေၾကာင္း ရီးရဲလ္ကေန အာဆင္နယ္ထံ အငွား လာကစားေနတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့က ၀န္ခံစကား ဆိုခဲ့ပါတယ္။

လီဗာပူးတိုက္စစ္မွဴး မို ဆာလက္ဟာ ကလပ္အသင္းရဲ႕ ၾသဂုတ္လ အေကာင္းဆံုး ကစားသမားဆုကို ရရွိသြားပါတယ္။ ဆာလက္ဟာ ျပီးခဲ့တဲ့လက လီဗာပူးအတြက္ ျပိဳင္ပြဲစံု ၆ ပြဲ ပါ၀င္ကစားကာ ၃ဂိုး သြင္း ၂ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားခဲ့တာပါ။

နာမည္ေက်ာ္ ရီးရဲလ္မက္ဒရစ္ အသင္းဟာ လီဗာပူး တိုက္စစ္မွဴး ဆာလက္ကို ေနာက္နွစ္မွာ ေပါင္ ၁၈၇ သန္းနဲ႔ ကမ္းလွမ္းေတာ့မယ္လို႔ သတင္း ထြက္ေပၚလာခဲ့ပါတယ္။

လက္ေရြးစင္တာဝန္ေတြနဲ႔ ႏုိင္ငံတကာ သီတင္းပတ္ေတြမွာ အားလပ္ရက္ေတြ ရထားၾကတဲ့ လီဗာပူးအသင္းသားေတြဟာ ကလပ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့ျပီျဖစ္ျပီး ဒီကေန႔မွာ ေလ့က်င့္ေရးေတြ ျပန္လည္ကာ စတင္မွာ ျဖစ္ပါတယ္။

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္ဟာ ဒီနွစ္ ေဘာလြန္းဒီေအာဆုကို ရသြားရင္ေတာင္ မက္ဆီထက္ ပိုေကာင္းတယ္လို႔ လံုး၀ မစဥ္းစားသင့္ေၾကာင္း နယ္သာလန္ၾကယ္ပြင့္က စားသမားေဟာင္း ဗန္ဒါဗတ္က ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ မန္စီးတီးမွ ဂြာဒီယိုလာ၊ လီဗာပူးမွ ကေလာ့ပ္၊ စပါးမွ ပိုခ်က္တီနို စတဲ့ နည္းျပေကာင္းေတြရဲ႕ ဆန္းသစ္တဲ့ အေတြးအျမင္ေၾကာင့္ ပရီးမီးယားလိဂ္ဟာ သက္ေရာက္မႈ ေကာင္းေတြ ခံစားေနရတယ္လို႔ ေအစီမီလန္ ဂႏၱ၀င္နည္းျပၾကီး ဆန္ခ်ီက သံုးသပ္ခဲ့ပါတယ္။

အသစ္တည္ေဆာက္ေနတဲ့ ေလ့က်င့္ေရးစင္တာၾကီးဟာ လီဗာပူးအတြက္ ၾကီးမားတဲ့ အက်ိဳးေက်းဇူး ရလိမ့္မယ္လို႔ ဂိုးသမားေဟာင္းၾကီး မင္ညိဳလက္က ေျပာပါတယ္။ လီဗာပူးဟာ မဲဝုဒ္ကို စြန္႔ခြာမယ့္ ေပါင္ ၅၀ သန္းတန္ စင္တာၾကီးကို လာမယ့္ရာသီမွာ စတင္ က်င့္သံုးမွာပါ။

ဂ်ဴဗင္တပ္ရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းကေန ဖယ္ထုတ္ခံခဲ့ရတဲ့ ခ်န္ကို အီတလီကလပ္ဘက္က ေႏြတုန္းက အသင္းေျပာင္းခြင့္ ေပးခဲ့ေပမယ့္ ကစားသမားက အသင္းမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာလို႔ သိရပါတယ္။ ခ်န္ဟာ ဂ်ဴဗင္တပ္မန္ေနဂ်ာသစ္ ဆာရီရဲ႕ မ်က္ႏွာသာေပးျခင္း ခံရဖြယ္ မရွိတာျဖစ္ပါတယ္။

ဘာစီလိုနာက ေလ့က်င့္ေရးစင္တာေတြမွာ သြားေရာက္ ေလ့က်င့္ခဲ့တဲ့ လယ္လာနာဟာ ၾကံ႕ခိုင္မႈ အေကာင္းဆံုး ျပန္ရေနျပီလို႔ ယူဆရပါတယ္။ လယ္လာနာဟာ ဒီရာသီမွာ ကြင္းလယ္နံပါတ္ ၆ ေနရာကေန ကစားရဖြယ္ရွိတယ္လို႔ သိထားရသူပါ။

နာပိုလီနဲ႔ လီဗာပူးပြဲအတြက္ အေဝးကြင္းလက္မွတ္အားလံုး ေရာင္းကုန္ခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးအသင္းကေတာ့ အသင္းပရိသတ္ေတြကို ဟိုတယ္မွာပဲေနဖို႔နဲ႔ အျပင္သြားမႈေတြကို ဂရုစိုက္ဖို႔ဆိုတဲ့ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

UNICODE

ယာဂင်ကလော့ပ် လီဗာပူးအသင်းရဲ့ ဖိအားပေးနှုန်း မြင့်မြင့်နဲ့ ကစားဟန်က အံ့သြမှင်သက်စေခဲ့ပြီး အသင်းတစ်သင်း ဒီလိုမျိုး ကစားတာ မမြင်ဖူးခဲ့ကြောင်း ရီးရဲလ်ကနေ အာဆင်နယ်ထံ အငှား လာကစားနေတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့က ဝန်ခံစကား ဆိုခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး မို ဆာလက်ဟာ ကလပ်အသင်းရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့လက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ကစားကာ ၃ဂိုး သွင်း ၂ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားခဲ့တာပါ။

နာမည်ကျော် ရီးရဲလ်မက်ဒရစ် အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဆာလက်ကို နောက်နှစ်မှာ ပေါင် ၁၈၇ သန်းနဲ့ ကမ်းလှမ်းတော့မယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရွေးစင်တာဝန်တွေနဲ့ နိုင်ငံတကာ သီတင်းပတ်တွေမှာ အားလပ်ရက်တွေ ရထားကြတဲ့ လီဗာပူးအသင်းသားတွေဟာ ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာ လေ့ကျင့်ရေးတွေ ပြန်လည်ကာ စတင်မှာ ဖြစ်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ဒီနှစ် ဘောလွန်းဒီအောဆုကို ရသွားရင်တောင် မက်ဆီထက် ပိုကောင်းတယ်လို့ လုံး၀ မစဉ်းစားသင့်ကြောင်း နယ်သာလန်ကြယ်ပွင့်က စားသမားဟောင်း ဗန်ဒါဗတ်က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မန်စီးတီးမှ ဂွာဒီယိုလာ၊ လီဗာပူးမှ ကလော့ပ်၊ စပါးမှ ပိုချက်တီနို စတဲ့ နည်းပြကောင်းတွေရဲ့ ဆန်းသစ်တဲ့ အတွေးအမြင်ကြောင့် ပရီးမီးယားလိဂ်ဟာ သက်ရောက်မှု ကောင်းတွေ ခံစားနေရတယ်လို့ အေစီမီလန် ဂန္တဝင်နည်းပြကြီး ဆန်ချီက သုံးသပ်ခဲ့ပါတယ်။

အသစ်တည်ဆောက်နေတဲ့ လေ့ကျင့်ရေးစင်တာကြီးဟာ လီဗာပူးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရလိမ့်မယ်လို့ ဂိုးသမားဟောင်းကြီး မင်ညိုလက်က ပြောပါတယ်။ လီဗာပူးဟာ မဲဝုဒ်ကို စွန့်ခွာမယ့် ပေါင် ၅၀ သန်းတန် စင်တာကြီးကို လာမယ့်ရာသီမှာ စတင် ကျင့်သုံးမှာပါ။

ဂျူဗင်တပ်ရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတဲ့ ချန်ကို အီတလီကလပ်ဘက်က နွေတုန်းက အသင်းပြောင်းခွင့် ပေးခဲ့ပေမယ့် ကစားသမားက အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ချန်ဟာ ဂျူဗင်တပ်မန်နေဂျာသစ် ဆာရီရဲ့ မျက်နှာသာပေးခြင်း ခံရဖွယ် မရှိတာဖြစ်ပါတယ်။

ဘာစီလိုနာက လေ့ကျင့်ရေးစင်တာတွေမှာ သွားရောက် လေ့ကျင့်ခဲ့တဲ့ လယ်လာနာဟာ ကြံ့ခိုင်မှု အကောင်းဆုံး ပြန်ရနေပြီလို့ ယူဆရပါတယ်။ လယ်လာနာဟာ ဒီရာသီမှာ ကွင်းလယ်နံပါတ် ၆ နေရာကနေ ကစားရဖွယ်ရှိတယ်လို့ သိထားရသူပါ။

နာပိုလီနဲ့ လီဗာပူးပွဲအတွက် အဝေးကွင်းလက်မှတ်အားလုံး ရောင်းကုန်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ အသင်းပရိသတ်တွေကို ဟိုတယ်မှာပဲနေဖို့နဲ့ အပြင်သွားမှုတွေကို ဂရုစိုက်ဖို့ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။