အာဆင္နယ္ တိုက္စစ္သမား နွစ္ဦးမွာ အူဘာမီးယန္းက ရိုနယ္ဒိုလို ထူးခၽြန္တဲ့ ကစားသမား ျဖစ္တယ္လို႔ ဆိုလိုက္ျပီး လာကာဇက္တီကေတာ့ အူဘာ ထက္ေတာင္ ပို ေကာင္းတဲ့ ကစားသမား ျဖစ္ေၾကာင္း ဆီးဘယ္ေလာ့က အသင္းေဖာ္ နွစ္ဦးကို ခ်ီးက်ဴးလိုက္ပါတယ္။

ဒဏ္ရာ ရထားတဲ့ ဂန္းနားေတြ ျဖစ္တဲ့ ဘယ္လာရင္နဲ႕ တီရာေနးတို႔ဟာ ၾကာသပေတးေန႕ အာဆင္နယ္အသင္း ထရိန္နင္မွာ ေလ့က်င့္ေရး အျပည့္အ၀ ျပန္လည္ ပါ၀င္လာခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ လူငယ္ကစားသမား ဂ်ိဳး ၀ယ္ေလာ့ဟာ လန္ဒန္ကလပ္နဲ႕ ၄ နွစ္ သက္တမ္းရွိ စာခ်ဳပ္သစ္ သေဘာတူ လက္မွတ္ေရးထိုး သြားပါတယ္။ ၀ယ္ေလာ့ဟာ ၄ နွစ္သားတည္းက အာဆင္နယ္ အကယ္ဒမီမွာ ေရာက္ရွိေနခဲ့သူ ျဖစ္ျပီး အသင္းၾကီးနဲ႕ ပြဲကစားခြင့္ ၂၀၁၇ တည္းက ရရွိခဲ့တာပါ။

ယာဂင္ကေလာ့ပ္ လီဗာပူးအသင္းရဲ႕ ဖိအားေပးနႈန္း ျမင့္ျမင့္နဲ႕ ကစားဟန္က အံ့ၾသမွင္သက္ေစခဲ့ျပီး အသင္းတစ္သင္း ဒီလိုမ်ိဳး ကစားတာ မျမင္ဖူးခဲ့ေၾကာင္း ရီးရဲလ္ကေန အာဆင္နယ္ထံ အငွား လာကစားေနတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့က ၀န္ခံစကား ဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီယန္းကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းမ်ား ထပ္မံ ထြက္ေပၚလာခဲ့ပါတယ္။ ဂါဘြန္ လက္ေရြးစင္ တိုက္စစ္သမားကို ရီးရဲလ္က ယခင္ အာဆင္နယ္အသင္းထံ မေျပာင္းခင္ကလည္း ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ကစားသမားသစ္ ျဖစ္ေပမယ့္ အာဆင္နယ္ တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီကို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အသင္းေတြက ထိတ္လန္႔ေနၾကျပီ လို႔ အာဆင္နယ္ တိုက္စစ္မွဴးေဟာင္းၾကီး ကနူးက ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္ဟာ သူ႔ရဲ႕သားကို ရမ္ေဆးရဲ႕ ဂ်ဴဗင္တပ္ဂ်ာစီကို ဝတ္ဆင္ေပးထားတဲ့ အင္စတာဂရမ္ပံု ေရပန္းစားေနပါတယ္။ ဂ်ရတ္ဟာ ရမ္းေဆး ပရိသတ္ျဖစ္ျပီး ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္တုိက္စစ္သမားလို႔ ညႊန္းဆိုခဲ့ဖူးသူပါ။

အာဆင္နယ္ အားကစားဒါရိုက္တာ အီဒူးက ကလပ္အသင္းဟာ အကယ္ဒမီ ကစားသမားေတြနဲ႔ လူငယ္ကစားသမားေတြကို စီနီယာအဆင့္ကို ေခၚယူျပီး ထပ္မံ အသံုးျပဳမႈေတြ ရွိလာမယ္လို႔ ကတိေပးစကား ေျပာဆိုလိုက္ပါတယ္။

UNICODE

အာဆင်နယ် တိုက်စစ်သမား နှစ်ဦးမှာ အူဘာမီးယန်းက ရိုနယ်ဒိုလို ထူးချွန်တဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပြီး လာကာဇက်တီကတော့ အူဘာ ထက်တောင် ပို ကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း ဆီးဘယ်လော့က အသင်းဖော် နှစ်ဦးကို ချီးကျူးလိုက်ပါတယ်။

ဒဏ်ရာ ရထားတဲ့ ဂန်းနားတွေ ဖြစ်တဲ့ ဘယ်လာရင်နဲ့ တီရာနေးတို့ဟာ ကြာသပတေးနေ့ အာဆင်နယ်အသင်း ထရိန်နင်မှာ လေ့ကျင့်ရေး အပြည့်အ၀ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ် လူငယ်ကစားသမား ဂျိုး ဝယ်လော့ဟာ လန်ဒန်ကလပ်နဲ့ ၄ နှစ် သက်တမ်းရှိ စာချုပ်သစ် သဘောတူ လက်မှတ်ရေးထိုး သွားပါတယ်။ ဝယ်လော့ဟာ ၄ နှစ်သားတည်းက အာဆင်နယ် အကယ်ဒမီမှာ ရောက်ရှိနေခဲ့သူ ဖြစ်ပြီး အသင်းကြီးနဲ့ ပွဲကစားခွင့် ၂၀၁၇ တည်းက ရရှိခဲ့တာပါ။

ယာဂင်ကလော့ပ် လီဗာပူးအသင်းရဲ့ ဖိအားပေးနှုန်း မြင့်မြင့်နဲ့ ကစားဟန်က အံ့သြမှင်သက်စေခဲ့ပြီး အသင်းတစ်သင်း ဒီလိုမျိုး ကစားတာ မမြင်ဖူးခဲ့ကြောင်း ရီးရဲလ်ကနေ အာဆင်နယ်ထံ အငှား လာကစားနေတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့က ဝန်ခံစကား ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းများ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ ဂါဘွန် လက်ရွေးစင် တိုက်စစ်သမားကို ရီးရဲလ်က ယခင် အာဆင်နယ်အသင်းထံ မပြောင်းခင်ကလည်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကစားသမားသစ် ဖြစ်ပေမယ့် အာဆင်နယ် တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေက ထိတ်လန့်နေကြပြီ လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်းကြီး ကနူးက ချီးကျူးစကား ဆိုလိုက်ပါတယ်။

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ဟာ သူ့ရဲ့သားကို ရမ်ဆေးရဲ့ ဂျူဗင်တပ်ဂျာစီကို ဝတ်ဆင်ပေးထားတဲ့ အင်စတာဂရမ်ပုံ ရေပန်းစားနေပါတယ်။ ဂျရတ်ဟာ ရမ်းဆေး ပရိသတ်ဖြစ်ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားလို့ ညွှန်းဆိုခဲ့ဖူးသူပါ။

အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက ကလပ်အသင်းဟာ အကယ်ဒမီ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို စီနီယာအဆင့်ကို ခေါ်ယူပြီး ထပ်မံ အသုံးပြုမှုတွေ ရှိလာမယ်လို့ ကတိပေးစကား ပြောဆိုလိုက်ပါတယ်။