သတင္းစာေတြမွာ ေမာ္ရင္ညိဳက အျငင္းပြားတတ္တဲ့ သူတစ္ေယာက္ အျဖစ္ ထင္ရွားပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ စိတ္ဝင္စားစရာ ေကာင္း​ၿပီး ထူးဆန္းတဲ့ နည္းလမ္းေတြက ေနာက္ကြယ္မွာ အဓိကေနရာ ယူထားတာပါ။

ေမာ္ရင္ညိဳဟာ မန္ခ်က္စတာမွာ ရွိစဥ္က ၂၀၁၈ တုန္းက အာဆင္နယ္ကေန အလက္ဆစ္ ဆန္းခ်က္ကို ေခၚယူႏိုင္ေရးအတြက္ လုပ္ေဆာင္ခဲ့ပါတယ္။ ခ်ီလီႏိုင္ငံသားဟာ ကမာၻ႔အဆင့္ သတ္မွတ္ခံခဲ့ရၿပီး လူတိုင္းက သူဟာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေ႐ႊေရာင္ေန႔ရက္ေတြဆီ ျပန္ေခၚသြား ေပးႏိုင္တယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

ဒါေပမယ့္ အဲ့ဒါက ေမာ္ရင္ညိဳကို ဆြဲေဆာင္ခဲ့တဲ့ ထိပ္တန္းကစားသမားတစ္ေယာက္ကို ယူႏိုက္တက္က ေခၚယူခဲ့တဲ့ အခ်က္​ပဲ မဟုတ္ပါဘူး။ မန္ယူဟာ ကစားသမားကို လိုခ်င္လြန္းအားၾကီးျခင္း ဆိုတာထက္ အာဆင္နယ္လို ၿပိဳင္ဘက္ဆီကေန အမွတ္ေပးဖလားအတြက္ ယွဥ္ျပိဳင္ေနရတဲ့ မန္ခ်က္စတာ စီးတီးကို ေရာက္မယ့္ အေနအထားကို ေက်ာ္ျဖတ္ကာ လက္ဦးမႈယူျပီး ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ေလ့က်င့္ေရးမွာ ဆန္းခ်က္ကို တြန္းအားေပးဖို႔ နည္းတစ္ခု အ​ေနနဲ႔ ခ်ီလီသားလို႔ ေျပာဆိုခဲ့ၿပီး တျခားေသာ အသင္းႀကီး ကစားသမားေတြ ေရွ႕မွာ သူ႔ရဲ႕ မ်ားျပားလွစြာေသာ လုပ္ခ လစာကို ရည္​ၫႊန္းေျပာဆိုမႈေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။ မန္ယူႏိုက္တက္ဟာ ခ်ီလီတိုက္စစ္မႉးကို ဆြဲေဆာင္ဖို႔ ကလပ္ရဲ႕ သမိုင္းမွာ ေစ်းအႀကီးဆုံး ပမာဏ ကို ေပးခဲ့ရတာပါ။

ဆန္းခ်က္ကို အဲ့လို ခမ္းခမ္းနားနား ေခၚယူခဲ​​့ေပမယ့္ ခ်ီလီသားအတြက္ ဟိုေဆးေမာ္ရင္ညိဳ ေရာ အိုလီဂန္နာဆိုးရွား လက္ေအာက္မွာပါ အလုပ္မျဖစ္ခဲ့ပါဘူး။ ျပိဳင္ဘက္ကို အင္အားမေတာင့္ေစဖို႔ ရည္ရြယ္ခ်က္နဲ႔ ေခၚယူခဲ့တဲ့ ဆန္းခ်က္ဟာ ဒီေႏြမွာ အင္တာမီလန္ ကို အငွားသြားကစားေနၿပီး ရာသီကုန္မွာ တရားဝင္ ေျပာင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

UNICODE

သတင်းစာတွေမှာ မော်ရင်ညိုက အငြင်းပွားတတ်တဲ့ သူတစ်ယောက် အဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ဝင်စားစရာ ကောင်းပြီး ထူးဆန်းတဲ့ နည်းလမ်းတွေက နောက်ကွယ်မှာ အဓိကနေရာ ယူထားတာပါ။

မော်ရင်ညိုဟာ မန်ချက်စတာမှာ ရှိစဉ်က ၂၀၁၈ တုန်းက အာဆင်နယ်ကနေ အလက်ဆစ် ဆန်းချက်ကို ခေါ်ယူနိုင်ရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်။ ချီလီနိုင်ငံသားဟာ ကမ္ဘာ့အဆင့် သတ်မှတ်ခံခဲ့ရပြီး လူတိုင်းက သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ရွှေရောင်နေ့ရက်တွေဆီ ပြန်ခေါ်သွား ပေးနိုင်တယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် အဲ့ဒါက မော်ရင်ညိုကို ဆွဲဆောင်ခဲ့တဲ့ ထိပ်တန်းကစားသမားတစ်ယောက်ကို ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ အချက်ပဲ မဟုတ်ပါဘူး။ မန်ယူဟာ ကစားသမားကို လိုချင်လွန်းအားကြီးခြင်း ဆိုတာထက် အာဆင်နယ်လို ပြိုင်ဘက်ဆီကနေ အမှတ်ပေးဖလားအတွက် ယှဉ်ပြိုင်နေရတဲ့ မန်ချက်စတာ စီးတီးကို ရောက်မယ့် အနေအထားကို ကျော်ဖြတ်ကာ လက်ဦးမှုယူပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ လေ့ကျင့်ရေးမှာ ဆန်းချက်ကို တွန်းအားပေးဖို့ နည်းတစ်ခု အနေနဲ့ ချီလီသားလို့ ပြောဆိုခဲ့ပြီး တခြားသော အသင်းကြီး ကစားသမားတွေ ရှေ့မှာ သူ့ရဲ့ များပြားလှစွာသော လုပ်ခ လစာကို ရည်ညွှန်းပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်ဟာ ချီလီတိုက်စစ်မှူးကို ဆွဲဆောင်ဖို့ ကလပ်ရဲ့ သမိုင်းမှာ ဈေးအကြီးဆုံး ပမာဏ ကို ပေးခဲ့ရတာပါ။

ဆန်းချက်ကို အဲ့လို ခမ်းခမ်းနားနား ခေါ်ယူခဲ့ပေမယ့် ချီလီသားအတွက် ဟိုဆေးမော်ရင်ညို ရော အိုလီဂန်နာဆိုးရှား လက်အောက်မှာပါ အလုပ်မဖြစ်ခဲ့ပါဘူး။ ပြိုင်ဘက်ကို အင်အားမတောင့်စေဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ယူခဲ့တဲ့ ဆန်းချက်ဟာ ဒီနွေမှာ အင်တာမီလန် ကို အငှားသွားကစားနေပြီး ရာသီကုန်မှာ တရားဝင် ပြောင်းမယ်လို့ မျှော်လင့်ရပါတယ်။