အာဆင္နယ္ကို အငွားလာေရာက္ ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္မွ စပိန္သားကြင္းလယ္လူ ဆီဘာေလာ့စ္က အူဘာမီးယန္းက ေရာ္နယ္ဒိုနဲ႔ တူေပမယ့္ အမ္းမရိတ္စ္မွာ လာကာဇက္တီက အေကာင္းဆုံး ကစားသမား ပါလို႔ ေျပာဆိုပါတယ္။

အူဘာမီးယန္းဟာ ေဒါ့မြန္ကေန ေရာက္ရွိလာၿပီးကတည္းက ဂန္နားေတြရဲ႕ အထိေရာက္ဆုံး တိုက္စစ္လက္နက္ ျဖစ္ခဲ့ၿပီး မႏွစ္က ပရီးမီးယားလိဂ္ ပူးတြဲ ေ႐ႊဖိနပ္ဆုကိုလဲ ရရွိခဲ့တာပါ။ ဒီရာသီမွာလဲ အဲ့ဒီ့ပုံစံေကာင္းေတြကို ထပ္မံထိန္းသိမ္းထားၿပီး ေလးပြဲမွာ သုံးဂိုး သြင္းယူခဲ့ပါတယ္။

ဆီဘာေလာ့စ္ဟာ အရင္က ရီးရဲလ္မက္ဒရစ္မွာ ေရာ္နယ္ဒိုရဲ႕ အံ့အားသင့္စရာ ဂိုးသြင္းႏိုင္စြမ္းေတြကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အူဘာမီးယန္းရဲ႕ စြမ္းေဆာင္ရည္ေတြကို အထင္ႀကီးေနၿပီး အမ္မရီအတြက္ သူေပးဆပ္ခဲ့တဲ့ အရည္အခ်င္းေကာင္းေတြကိူ ခ်ီးက်ဴးခဲ့ပါတယ္။

“က်ေနာ္တို႔ဟာ သိပ္ေတာ္ၿပီး က်စ္လ်စ္တဲ့ အသင္းကို ပိုင္ဆိုင္ထားတယ္။ ေရွ႕​တန္းသုံးေယာက္ကလဲ တကယ္ကို မတူညီတာေတြ လုပ္ျပႏိူင္တယ္။ အူဘာမီးယန္းကို ရီးရဲလ္က ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ႏႈိင္းလို႔ရပါတယ္။ က်ေနာ္တို႔ အတြက္ သူက သိပ္အေရးပါတယ္။ နီကိုးလပ္ ပီပီက အရမ္း ​ေျဖာင့္မတ္တယ္။

က်ေနာ့္အတြက္ေတာ့ လာကာဇက္တီက အေကာင္းဆုံးပါ။ သူက ကစားပြဲအေၾကာင္းကို အျပည့္အဝ နားလည္တယ္။ သူ႔မွာ ႀကံ့ခိုင္ေရး ရာႏႈန္းျပည့္ရွိေနရင္ က်ေနာ္တို႔ အတြက္ အမ်ားႀကီး ေပးဆပ္ပါလိမ့္မယ္။ နည္းျပက ေလးပြဲမွာ ပြဲထြက္၁၁ေယာက္ကို မထပ္ေအာင္ သူံးခဲ့တယ္။ ဒါက က်ေနာ္တို႔ကို သတိရွိေစပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။

UNICODE

အာဆင်နယ်ကို အငှားလာရောက် ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်မှ စပိန်သားကွင်းလယ်လူ ဆီဘာလော့စ်က အူဘာမီးယန်းက ရော်နယ်ဒိုနဲ့ တူပေမယ့် အမ်းမရိတ်စ်မှာ လာကာဇက်တီက အကောင်းဆုံး ကစားသမား ပါလို့ ပြောဆိုပါတယ်။

အူဘာမီးယန်းဟာ ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက ဂန်နားတွေရဲ့ အထိရောက်ဆုံး တိုက်စစ်လက်နက် ဖြစ်ခဲ့ပြီး မနှစ်က ပရီးမီးယားလိဂ် ပူးတွဲ ရွှေဖိနပ်ဆုကိုလဲ ရရှိခဲ့တာပါ။ ဒီရာသီမှာလဲ အဲ့ဒီ့ပုံစံကောင်းတွေကို ထပ်မံထိန်းသိမ်းထားပြီး လေးပွဲမှာ သုံးဂိုး သွင်းယူခဲ့ပါတယ်။

ဆီဘာလော့စ်ဟာ အရင်က ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုရဲ့ အံ့အားသင့်စရာ ဂိုးသွင်းနိုင်စွမ်းတွေကို မြင်တွေ့ခဲ့ရပြီးနောက် အူဘာမီးယန်းရဲ့ စွမ်းဆောင်ရည်တွေကို အထင်ကြီးနေပြီး အမ်မရီအတွက် သူပေးဆပ်ခဲ့တဲ့ အရည်အချင်းကောင်းတွေကိူ ချီးကျူးခဲ့ပါတယ်။

“ကျနော်တို့ဟာ သိပ်တော်ပြီး ကျစ်လျစ်တဲ့ အသင်းကို ပိုင်ဆိုင်ထားတယ်။ ရှေ့တန်းသုံးယောက်ကလဲ တကယ်ကို မတူညီတာတွေ လုပ်ပြနိူင်တယ်။ အူဘာမီးယန်းကို ရီးရဲလ်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နှိုင်းလို့ရပါတယ်။ ကျနော်တို့ အတွက် သူက သိပ်အရေးပါတယ်။ နီကိုးလပ် ပီပီက အရမ်း ဖြောင့်မတ်တယ်။

ကျနော့်အတွက်တော့ လာကာဇက်တီက အကောင်းဆုံးပါ။ သူက ကစားပွဲအကြောင်းကို အပြည့်အဝ နားလည်တယ်။ သူ့မှာ ကြံ့ခိုင်ရေး ရာနှုန်းပြည့်ရှိနေရင် ကျနော်တို့ အတွက် အများကြီး ပေးဆပ်ပါလိမ့်မယ်။ နည်းပြက လေးပွဲမှာ ပွဲထွက်၁၁ယောက်ကို မထပ်အောင် သူံးခဲ့တယ်။ ဒါက ကျနော်တို့ကို သတိရှိစေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။