ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ဝုဗ္ကို အေဝးကြင္းမွာ ၅-၂ နဲ႔ အႏုိင္ရတဲ့ပြဲအတြင္း နည္းစနစ္ပိုင္း ေျပာင္းကစားမႈနဲ႔ ပက္သက္ျပီး ထုတ္ေျပာမႈ လုပ္လာခဲ့ပါတယ္။ ခ်ယ္ဆီးဟာ ခံစစ္ကို အေျပာင္းအလဲလုပ္ျပီး သံုးေယာက္တန္း ခံစစ္ကို ေျပာင္းကစားခဲ့တာပါ။

ရူဒီဂါ ဒဏ္ရာက ျပန္သက္သာျခင္းေၾကာင့္ ေျပာင္းကစားခဲ့တဲ့ နည္းစနစ္ပိုင္းဟာ အလုပ္ျဖစ္ခဲ့ျပီး ပထမပိုင္းမွာ အထင္ၾကီးဖို႔ ေကာင္းခဲ့ပါတယ္။ ဒီခံစစ္ဟာ ပြဲကို ထိန္းခ်ဳပ္ႏုိင္ေစခဲ့ျပီး ၁၀ မိနစ္အတြင္း သံုးဂိုးရမႈမွာ အေရးပါတဲ့ အကူအညီျဖစ္ခဲ့တယ္။ ပထမပိုင္းမွာတင္ တိုမိုရီရဲ႕ သြင္းဂိုး ေအဘရာဟမ္ရဲ႕ သြင္းဂိုး ႏွစ္ဂိုးတို႔နဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ေျပာင္းလဲလိုက္တဲ့ ခံစစ္ကစားသမားေတြကေန ဝုဗ္ဘက္က တုန္႔ျပန္မႈေတြ ေပးခဲ့ျပီး ပြဲျပီးခါနီးထိ ၂ ဂိုး ျပန္လည္ေျခပခဲ့ေပမယ့္ ေမဆန္ေမာင့္ရဲ႕ ေနာက္ဆံုးမိနစ္နား သြင္းဂိုးက ခ်ယ္ဆီးကို အႏုိင္ေသခ်ာေစခဲ့တာပဲျဖစ္ပါတယ္။

လမ္းပတ္က “ က်ေနာ္တုိ႔ စနစ္ကို ေျပာင္းလဲခဲ့တယ္။ အသင္းသားေတြ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ျပီး ဒီကိုလာျပီး ၅ ဂိုးသြင္းႏုိင္တာကို ေက်နပ္မိပါတယ္။ သူတို႔က ခံစစ္သံုးေယာက္တန္း ကစားခဲ့ျပီး ျပသနာေတြေပးခဲ့တယ္။ က်ေနာ္တို႔ ေမွ်ာ္လင့္ထားတာထက္ ဂိုးပိုေပးခဲ့ရတယ္။ တိုနီက ျပန္သက္သာလာျပီျဖစ္လို႔ ခံစစ္သမား သံုးေယာက္ေလာက္ ပိုင္ဆိုင္ေနပါျပီ။ ဒါက လံုျခံဳစိတ္ခ်ရေစပါတယ္။

တိုက္စစ္ကို အသားေပးတဲ့ အေနအထားနဲ႔ ျခားနားတဲ့ ကစားကြက္ေတြကို ေျပာင္းကစားလိုခဲ့တယ္။ တမ္မီရဲ႕ေနာက္မွာ ေမာင့္နဲ႔ ဝီလီယံကို လိုက္ပါေစျပီး က်ေနာ္တို႔ လိုခ်င္တဲ့အတိုင္း ဝုဗ္ကို ျပသနာေတြ ေပးႏုိင္ခဲ့တယ္။ ေျပာင္းလဲခဲ့တဲ့ ကစားကြက္က အလုပ္ျဖစ္ခဲ့ပါတယ္။

ဝုဗ္ကြင္းက လာေရာက္ကစားဖို႔ ခက္ချတဲ့ ေနရာပါ။ ဒီကြင္းမွာ သူတို႔က က်ေနာ္တုိ႔ကို အေရးမနိမ့္ခဲ့တာက အေတာ္ေလး ၾကာခဲ့ပါျပီ။ မႏွစ္ကလည္း ထိပ္တန္းအသင္းေတြကို ဒီကြင္းမွာ သူတို႔ ရလဒ္ေကာင္းေတြ ယူႏုိင္ခဲ့ပါတယ္။ ေကာင္တာတိုက္စစ္မွာလည္း ဝုဗ္က အရမ္းကို အႏၱရာယ္ရွိတဲ့ အသင္းပါ ” လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးမန်နေဂျာလမ်းပတ်က ဝုဗ်ကို အဝေးကွင်းမှာ ၅-၂ နဲ့ အနိုင်ရတဲ့ပွဲအတွင်း နည်းစနစ်ပိုင်း ပြောင်းကစားမှုနဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်လာခဲ့ပါတယ်။ ချယ်ဆီးဟာ ခံစစ်ကို အပြောင်းအလဲလုပ်ပြီး သုံးယောက်တန်း ခံစစ်ကို ပြောင်းကစားခဲ့တာပါ။

ရူဒီဂါ ဒဏ်ရာက ပြန်သက်သာခြင်းကြောင့် ပြောင်းကစားခဲ့တဲ့ နည်းစနစ်ပိုင်းဟာ အလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်းမှာ အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။ ဒီခံစစ်ဟာ ပွဲကို ထိန်းချုပ်နိုင်စေခဲ့ပြီး ၁၀ မိနစ်အတွင်း သုံးဂိုးရမှုမှာ အရေးပါတဲ့ အကူအညီဖြစ်ခဲ့တယ်။ ပထမပိုင်းမှာတင် တိုမိုရီရဲ့ သွင်းဂိုး အေဘရာဟမ်ရဲ့ သွင်းဂိုး နှစ်ဂိုးတို့နဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပြောင်းလဲလိုက်တဲ့ ခံစစ်ကစားသမားတွေကနေ ဝုဗ်ဘက်က တုန့်ပြန်မှုတွေ ပေးခဲ့ပြီး ပွဲပြီးခါနီးထိ ၂ ဂိုး ပြန်လည်ခြေပခဲ့ပေမယ့် မေဆန်မောင့်ရဲ့ နောက်ဆုံးမိနစ်နား သွင်းဂိုးက ချယ်ဆီးကို အနိုင်သေချာစေခဲ့တာပဲဖြစ်ပါတယ်။

လမ်းပတ်က “ ကျနော်တို့ စနစ်ကို ပြောင်းလဲခဲ့တယ်။ အသင်းသားတွေ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ဒီကိုလာပြီး ၅ ဂိုးသွင်းနိုင်တာကို ကျေနပ်မိပါတယ်။ သူတို့က ခံစစ်သုံးယောက်တန်း ကစားခဲ့ပြီး ပြသနာတွေပေးခဲ့တယ်။ ကျနော်တို့ မျှော်လင့်ထားတာထက် ဂိုးပိုပေးခဲ့ရတယ်။ တိုနီက ပြန်သက်သာလာပြီဖြစ်လို့ ခံစစ်သမား သုံးယောက်လောက် ပိုင်ဆိုင်နေပါပြီ။ ဒါက လုံခြုံစိတ်ချရစေပါတယ်။

တိုက်စစ်ကို အသားပေးတဲ့ အနေအထားနဲ့ ခြားနားတဲ့ ကစားကွက်တွေကို ပြောင်းကစားလိုခဲ့တယ်။ တမ်မီရဲ့နောက်မှာ မောင့်နဲ့ ဝီလီယံကို လိုက်ပါစေပြီး ကျနော်တို့ လိုချင်တဲ့အတိုင်း ဝုဗ်ကို ပြသနာတွေ ပေးနိုင်ခဲ့တယ်။ ပြောင်းလဲခဲ့တဲ့ ကစားကွက်က အလုပ်ဖြစ်ခဲ့ပါတယ်။

ဝုဗ်ကွင်းက လာရောက်ကစားဖို့ ခက်ခတြဲ့ နေရာပါ။ ဒီကွင်းမှာ သူတို့က ကျနော်တို့ကို အရေးမနိမ့်ခဲ့တာက အတော်လေး ကြာခဲ့ပါပြီ။ မနှစ်ကလည်း ထိပ်တန်းအသင်းတွေကို ဒီကွင်းမှာ သူတို့ ရလဒ်ကောင်းတွေ ယူနိုင်ခဲ့ပါတယ်။ ကောင်တာတိုက်စစ်မှာလည်း ဝုဗ်က အရမ်းကို အန္တရာယ်ရှိတဲ့ အသင်းပါ ” လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။