လီဗာပူးရဲ႕ ဘရာဇီးသား တိုက္စစ္မွဴး ဖာမီနိုဟာ ၄င္းရဲ႕ တကိုယ္ေကာင္း မဆန္တဲ့ စိတ္ဓာတ္နဲ႕ ပံ့ပိုးမႈေတြေၾကာင့္ လီဗာပူး လိုင္းအပ္မွာ ပိုျပီး တစတစ အေရးပါလာခဲ့တဲ့ အသင္းသားပါ။ ဖာမီနိုရဲ႕ ပံ့ပိုးမႈ ဖန္တီးမႈေတြနဲ႕ပဲ လီဗာပူးအသင္းဟာ စေနညက နယူးကာဆယ္ကို ၃-၁ နဲ႕ နိုင္ပြဲ ရခဲ့ပါတယ္။

ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမား ဆုကိုလည္း ဂိုး ကိုယ္တိုင္ မသြင္းသည့္တိုင္ အသင္းကစားပံုနဲ႕ ဖန္တီးမႈေတြမွာ အခရာက်ခဲ့တဲ့ ဖာမီနိုသာ ရရွိသြားခဲ့ပါတယ္။ ဖာမီနိုရဲ႕ စြမ္းေဆာင္ရည္ကို ပြဲအျပီးမွာ လီဗာပူးနဲ႕ ခ်ယ္ဆီး ကစားသမားေဟာင္း ဂ်ိဳကိုးလ္က ခ်ီးက်ဴး ဂုဏ္တင္မႈေတြ ထပ္မံ ျပဳလုပ္ခဲ့ပါတယ္။

” လီဗာပူး ကလပ္နဲ႕ အသင္း ပရိသတ္ေတြဟာ နွစ္ေတြ အၾကာၾကီး ကစားသမားေကာင္းေတြကို ျမင္ေတြ ၾကံဳေတြ႔ လာခဲ့ရတာပါ။ ဒါေပမယ့္ ဖာမီနို အခု အသင္းမွာ လုပ္ျပေနတာက အရင္ ကစားသမားေကာင္းေတြနဲ႕ ဘယ္လို မဆို ယွဥ္နုိင္တဲ့ အေနအထား ေရာက္ေနပါျပီ။ ဘရာဇီးသား တစ္ေယာက္ အေနနဲ႕ ပထမဆံုး ဂိုး ၅၀ ျပည့္တဲ့ ကစားသမားလည္း ျဖစ္ေနျပီ။”

” သူ လုပ္ျပေနတာေတြ အသင္းေဖာ္ေတြ အတြက္ သူ ယူေဆာင္ေပးတာေတြက လံုး၀ တကိုယ္ေကာင္း မဆန္တာ ေတြ႔ရတယ္။ သူက တကယ့္ ကစားသမာေကာင္း ျဖစ္ျပီး ဒီေန႔ဆို ကစားတာေတြက ထိုင္ၾကည့္ေနခ်င္စရာခ်ည္းပဲ။ တခါတေလ ကစားသမားဘ၀မွာ ကိုယ္နဲ႕ လိုက္ဖက္အံ၀င္တဲ့ မန္ေနဂ်ာေကာင္း ရွာေတြ႔နုိင္ပါတယ္။ အဲဒီလိုနည္းျပမ်ဳိးက ကစားသမား အရည္အခ်င္းကို ေကာင္းေကာင္း သိျပီး ကစားသမားေကာင္း အျဖစ္ ရင့္က်က္လာဖို႔ ကူညီနိုင္တာပါ။ ”

” ဘရန္ဒန္ ေရာ္ဂ်ာက ဖာမီနိုရဲ႕ အဓိက အားသာခ်က္ကို မျမင္နုိင္ဘူးလို႔ က်ေနာ္ ထင္တယ္။ ယာဂင္ကေတာ့ ဖာမီနို အေပၚ ပို အာရံုက်တဲ့သူေပါ့။ ဘြန္ဒစ္လီဂါမွာ ၾကာၾကာ ကစားတာ ျမင္ဖူးခဲ့ေတာ့ ကေလာ့ပ္ အသင္းကို ေရာက္တာနဲ႕ ဖာမီနိုကို ေထြးေပြ႕ ၾကိဳဆိုလိုက္တာပဲ။ ျပီးေတာ့ သူ႔ဆီက အေကာင္းဆံုးေတြကို ထုတ္သံုးနုိင္ခဲ့တယ္။” လို႔ ကိုးလ္က သံုးသပ္သြားခဲ့ပါတယ္။

Myan News

UNICODE

လီဗာပူးရဲ့ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုဟာ ၎င်းရဲ့ တကိုယ်ကောင်း မဆန်တဲ့ စိတ်ဓာတ်နဲ့ ပံ့ပိုးမှုတွေကြောင့် လီဗာပူး လိုင်းအပ်မှာ ပိုပြီး တစတစ အရေးပါလာခဲ့တဲ့ အသင်းသားပါ။ ဖာမီနိုရဲ့ ပံ့ပိုးမှု ဖန်တီးမှုတွေနဲ့ပဲ လီဗာပူးအသင်းဟာ စနေညက နယူးကာဆယ်ကို ၃-၁ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ဂိုး ကိုယ်တိုင် မသွင်းသည့်တိုင် အသင်းကစားပုံနဲ့ ဖန်တီးမှုတွေမှာ အခရာကျခဲ့တဲ့ ဖာမီနိုသာ ရရှိသွားခဲ့ပါတယ်။ ဖာမီနိုရဲ့ စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ လီဗာပူးနဲ့ ချယ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က ချီးကျူး ဂုဏ်တင်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

” လီဗာပူး ကလပ်နဲ့ အသင်း ပရိသတ်တွေဟာ နှစ်တွေ အကြာကြီး ကစားသမားကောင်းတွေကို မြင်တွေ ကြုံတွေ့ လာခဲ့ရတာပါ။ ဒါပေမယ့် ဖာမီနို အခု အသင်းမှာ လုပ်ပြနေတာက အရင် ကစားသမားကောင်းတွေနဲ့ ဘယ်လို မဆို ယှဉ်နိုင်တဲ့ အနေအထား ရောက်နေပါပြီ။ ဘရာဇီးသား တစ်ယောက် အနေနဲ့ ပထမဆုံး ဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်နေပြီ။”

” သူ လုပ်ပြနေတာတွေ အသင်းဖော်တွေ အတွက် သူ ယူဆောင်ပေးတာတွေက လုံး၀ တကိုယ်ကောင်း မဆန်တာ တွေ့ရတယ်။ သူက တကယ့် ကစားသမာကောင်း ဖြစ်ပြီး ဒီနေ့ဆို ကစားတာတွေက ထိုင်ကြည့်နေချင်စရာချည်းပဲ။ တခါတလေ ကစားသမားဘဝမှာ ကိုယ်နဲ့ လိုက်ဖက်အံဝင်တဲ့ မန်နေဂျာကောင်း ရှာတွေ့နိုင်ပါတယ်။ အဲဒီလိုနည်းပြမျိုးက ကစားသမား အရည်အချင်းကို ကောင်းကောင်း သိပြီး ကစားသမားကောင်း အဖြစ် ရင့်ကျက်လာဖို့ ကူညီနိုင်တာပါ။ ”

” ဘရန်ဒန် ရော်ဂျာက ဖာမီနိုရဲ့ အဓိက အားသာချက်ကို မမြင်နိုင်ဘူးလို့ ကျနော် ထင်တယ်။ ယာဂင်ကတော့ ဖာမီနို အပေါ် ပို အာရုံကျတဲ့သူပေါ့။ ဘွန်ဒစ်လီဂါမှာ ကြာကြာ ကစားတာ မြင်ဖူးခဲ့တော့ ကလော့ပ် အသင်းကို ရောက်တာနဲ့ ဖာမီနိုကို ထွေးပွေ့ ကြိုဆိုလိုက်တာပဲ။ ပြီးတော့ သူ့ဆီက အကောင်းဆုံးတွေကို ထုတ်သုံးနိုင်ခဲ့တယ်။” လို့ ကိုးလ်က သုံးသပ်သွားခဲ့ပါတယ်။