စက္တင္ဘာ ၁၅ ရက္ ေန႔ျဖစ္တဲ့ ဒီကေန႔ တနဂၤေႏြေန႔ည ၁၀း၀၀ နာရီမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ ဝက္ဖို႔နဲ႔ အာဆင္နယ္ တို႔ဟာ ဝက္ဖို႔အသင္း အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဆိုပါပြဲအတြက္ မိုင္ကယ္အိုဝင္ကေတာ့ ” နယူးကာဆယ္နဲ႔ပြဲမွာ ဝတ္ဖိုဒ့္က ပထမဆံုးရမွတ္တစ္မွတ္ကို ရယူႏုိင္ခဲ့တယ္။ ဒါေပမယ့္ မန္ေနဂ်ာ ဂါစီယာအတြက္ေတာ့ ရာထူးဆက္ရွိေနဖို႔ မလံုေလာက္ခဲ့ပါဘူး။ အာဆင္နယ္ လာေရာက္ယွဥ္ျပိဳင္မယ့္ပြဲကို မန္ေနဂ်ာအျဖစ္ Sanchez Flores က တာဝန္ယူသြားမွာျဖစ္တယ္။ ဒီပြဲက ရမွတ္ေတြ ခြဲေဝယူၾကမယ့္ပြဲပါ။ ” လို႔ သံုးသပက္ခဲ့တယ္။

ဝက္ဖို႔နဲ႔ အာဆင္နယ္ပြဲအတြက္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ပြဲက သေရရလဒ္ ထြက္ေပၚလိမ့္မယ္ ဆိုျပီး ျဖစ္ပါတယ္။

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ခ်ာလီကလည္း ” ဝက္ဖို႔ဒ္က ေနာက္ထပ္ စိတ္ပ်က္စရာ အမွတ္ေတြေလ်ာ့ေအာင္ လုပ္ဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။ Quize Sanchez Flores ျပန္လာတာက အိမ္ရွင္ေတြအတြက္ အင္အားေတာင့္ေစမွာပါ။ အရင္က က်ေနာ္ သူ႔ကို ႀကိဳက္ခဲ့ေပမယ့္ သူက တက္တက္ႂကြႂကြ မကစားႏိုင္ပါဘူး။ သူက လုံးဝ စာအုပ္ႀကီးအတိုင္း ကစားတာပါ။

ႀကံ့ခိုင္မႈ​အားေကာင္းတဲ့ အသင္းနဲ႔ ရင္ဆိုင္ရတဲ့အခါ အာဆင္နယ္ ေနာက္တန္းက ဘယ္လို႐ုန္းကန္ရမလဲ.. ကြင္းလယ္နဲ႔ တိုက္စစ္က အင္အားေတာင့္တင္းေနသင့္ပါတယ္။ လာကာဇက္တီက ႀကံ့ခိုင္မႈ ျပည့္ဝ​ေနရင္ သူတို႔ေတြ ​အေကာင္းဆုံး ၿခိမ္းေျခာက္ နိုင္ပါလိမ့္မယ္။ ” လို႔ သံုးသပ္သြားခဲ့ပါတယ္။

ဝက္ဖို႔နဲ႔ အာဆင္နယ္ပြဲအတြက္ ခ်ာလီ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္က ဝက္ဖို႔ကို ၃-၁ နဲ႔ အႏုိင္ရမယ္လုိ႔ ျဖစ္ပါတယ္။

ဝက္ဖို႔နဲ႔ အာဆင္နယ္ပြဲအေပၚမွာ ေဘာလံုးခန္႔မွန္းသူ ေလာ္ရိုးက ” ဝက္ဖို႔ မန္ေနဂ်ာသစ္ဟာ ကစားသမားေတြနဲ႔ ရင္းႏွီးျပီးသားဖို႔ အခ်ိန္ယူရမွာ မဟုတ္ဘူး။ အာဆင္နယ္က တိက္စစ္ေကာင္းေပမယ့္ ခံစစ္က လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ ဒီပြဲမွာ မန္ေနဂ်ာ ဖေလာရက္ကို ယံုၾကည္ရေအာင္ပါ ဆိုျပီး ” သေရ ရလဒ္အျဖစ္ ခန္႔မွန္းခဲ့ပါတယ္။

UNICODE

စက်တင်ဘာ ၁၅ ရက် နေ့ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဝက်ဖို့နဲ့ အာဆင်နယ် တို့ဟာ ဝက်ဖို့အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် မိုင်ကယ်အိုဝင်ကတော့ ” နယူးကာဆယ်နဲ့ပွဲမှာ ဝတ်ဖိုဒ့်က ပထမဆုံးရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် မန်နေဂျာ ဂါစီယာအတွက်တော့ ရာထူးဆက်ရှိနေဖို့ မလုံလောက်ခဲ့ပါဘူး။ အာဆင်နယ် လာရောက်ယှဉ်ပြိုင်မယ့်ပွဲကို မန်နေဂျာအဖြစ် Sanchez Flores က တာဝန်ယူသွားမှာဖြစ်တယ်။ ဒီပွဲက ရမှတ်တွေ ခွဲဝေယူကြမယ့်ပွဲပါ။ ” လို့ သုံးသပက်ခဲ့တယ်။

ဝက်ဖို့နဲ့ အာဆင်နယ်ပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်ကတော့ ပွဲက သရေရလဒ် ထွက်ပေါ်လိမ့်မယ် ဆိုပြီး ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ချာလီကလည်း ” ဝက်ဖို့ဒ်က နောက်ထပ် စိတ်ပျက်စရာ အမှတ်တွေလျော့အောင် လုပ်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ Quize Sanchez Flores ပြန်လာတာက အိမ်ရှင်တွေအတွက် အင်အားတောင့်စေမှာပါ။ အရင်က ကျနော် သူ့ကို ကြိုက်ခဲ့ပေမယ့် သူက တက်တက်ကြွကြွ မကစားနိုင်ပါဘူး။ သူက လုံးဝ စာအုပ်ကြီးအတိုင်း ကစားတာပါ။

ကြံ့ခိုင်မှုအားကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အာဆင်နယ် နောက်တန်းက ဘယ်လိုရုန်းကန်ရမလဲ.. ကွင်းလယ်နဲ့ တိုက်စစ်က အင်အားတောင့်တင်းနေသင့်ပါတယ်။ လာကာဇက်တီက ကြံ့ခိုင်မှု ပြည့်ဝနေရင် သူတို့တွေ အကောင်းဆုံး ခြိမ်းခြောက် နိုင်ပါလိမ့်မယ်။ ” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဝက်ဖို့နဲ့ အာဆင်နယ်ပွဲအတွက် ချာလီ ခန့်မှန်းရလဒ်ကတော့ အာဆင်နယ်က ဝက်ဖို့ကို ၃-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ဝက်ဖို့နဲ့ အာဆင်နယ်ပွဲအပေါ်မှာ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ဝက်ဖို့ မန်နေဂျာသစ်ဟာ ကစားသမားတွေနဲ့ ရင်းနှီးပြီးသားဖို့ အချိန်ယူရမှာ မဟုတ်ဘူး။ အာဆင်နယ်က တိက်စစ်ကောင်းပေမယ့် ခံစစ်က လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီပွဲမှာ မန်နေဂျာ ဖလောရက်ကို ယုံကြည်ရအောင်ပါ ဆိုပြီး ” သရေ ရလဒ်အဖြစ် ခန့်မှန်းခဲ့ပါတယ်။