ဒဏ္ရာ ရွိေနတဲ့ အာဆင္နယ္ ကစားသမားသစ္ ဆာလီဘာဟာ အငွားကစားေနတဲ့ စိန္႔အီတီနီအသင္းကေန အာဆင္နယ္အသင္းသို႔ ျပန္ေရာက္ ေနပါတယ္။ ျပီးခဲ့တဲ့ေႏြက အာဆင္နယ္အသင္း ေခၚယူခဲ့ျပီးေနာက္ အသင္းေဟာင္းမွာပဲ ဆက္လက္ အငွားကစားေနတဲ့ ဆာလီဘာဟာ ဒဏ္ရာေၾကာင့္ ဒီရာသီ တစ္ပြဲမွ ကစားခြင့္ မရေသးပါဘူး။

အာဆင္နယ္ နည္းျပ အူနိုင္း အမ္မရီကေတာ့ ေ၀ဖန္မႈေတြ ခံေနရတ့ဲ ဇာခါကို အမွားေတြအား ျပင္ဆင္ျပီး အေကာင္းဆံုး ျပန္လည္ ၾကိဳးစားဖို႔ တိုက္တြန္း အားေပးလိုက္ပါတယ္။

အခ်က္အလက္ မွတ္တမ္းေတြ အရ ဇာခါဟာ ၂၀၁၆-၁၇ ရာသီကေန စတင္ၿပီး ဂိုးသမားေတြ မပါ၀င္ရင္ ပရီးမီးယားလိဂ္မွာ ဂိုးေပးရတဲ့ အမွားမ်ိဳး အမ်ားဆုံး က်ဴးလြန္ထားခဲ့တဲ့ ကစားသမား အျဖစ္က ရပ္တည္ေနပါတယ္။

၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ဒဏ္ရာရထားတဲ့ တုိက္စစ္မွဴး လာကာဇက္တီ ပါ၀င္နုိင္မွာ မဟုတ္တာေၾကာင့္ အမ္မရီက အသက္ ၂၄ နွစ္အရြယ္ တိုက္စစ္ သမား နစ္ကိုးလပ္စ္ ပီပီကို ထည့္သြင္းကစားရန္ ၾကံရြယ္ေနပါတယ္။

နစ္ကိုးလပ္စ္ ပီပီဟာ လီဗာပူးပြဲမွာ သူက မက္ဆီေတာင္ မေက်ာ္ႏိူင္တဲ့ ဗန္ဒိုက္ကို ေက်ာ္ျဖတ္ႏိူင္ခဲ့သလို ေရာဘတ္ဆန္ကို လည္း မၾကာခဏ ဒုကၡေပးႏိူင္ခဲ့ကာ ေျခစြမ္းျပပါတယ္။ လာကာဇတ္တီကေတာ့ ေအာက္တိုဘာလ အထိ ပါ၀င္ကစားႏိူင္မွာ မဟုတ္ပါဘူး။

တူရကီကလပ္ ဘက္ဆစ္တပ္သို႔ ေျပာင္းေရႊ႕သြားတဲ့ အာဆင္နယ္ကစားသမားေဟာင္း အယ္နီနီက သူ အသင္းေျပာင္းျဖစ္ခဲ့ရာမွာ အိုးေဇးလ္က အဓိက ေနရာက ပါ၀င္ခဲ့တယ္လုိ႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ျပိဳင္ဘက္ လီဗာပူးအသင္းအေပၚ အလြန္အမင္း ခ်ီးက်ဴးစကားဆိုခဲ့တဲ့ ဆီးဘယ္ေလာ့နဲ႕ ပတ္သတ္ျပီး အမ္မရီက – ” ကစားသမားတိုင္းက သူတို႔ အရင္က မကစားခဲ့ဖူးတဲ့ လိဂ္၊ အသင္းတစ္သင္းမွာ ကစားရေတာ့မယ္ ဆိုရင္ အထိုင္က်ဖို႔ အခ်ိန္ အနည္းငယ္ ယူရပါတယ္။ လီဗာပူး နဲ႔ ပြဲအၿပီးမွာေတာ့ ပရီးမီးယားလိဂ္ ဟာ ခက္ခဲတဲ့လိဂ္ဆိုတာ ဆီးဘယ္ေလာ့ သေဘာေပါက္မယ္ ထင္ပါတယ္။ အသင္းတိုင္းက လီဗာပူး လို ကစားရခက္တဲ့ အသင္းေတြခ်ည္းပါပဲ။” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

မန္ယူ၊ မန္စီးတီးတို႔ အျပိဳင္ ေခၚယူလိုေနတဲ့ ေဒါ့မြန္မွ ေပါင္သန္း ၁၀၀ တန္ တိုက္စစ္သမား ေဂ်ာ္ဒန္ ဆန္ခ်ိဳကို အာဆင္နယ္လည္း ေခၚယူဖို႔ ၾကိဳးစားသင့္ေၾကာင္း ေပါလ္မာဆန္က တိုက္တြန္းလိုက္ပါတယ္။

Myan News

UNICODE – ဒဏ်ရာ ရှိနေတဲ့ အာဆင်နယ် ကစားသမားသစ် ဆာလီဘာဟာ အငှားကစားနေတဲ့ စိန့်အီတီနီအသင်းကနေ အာဆင်နယ်အသင်းသို့ ပြန်ရောက် နေပါတယ်။ ပြီးခဲ့တဲ့နွေက အာဆင်နယ်အသင်း ခေါ်ယူခဲ့ပြီးနောက် အသင်းဟောင်းမှာပဲ ဆက်လက် အငှားကစားနေတဲ့ ဆာလီဘာဟာ ဒဏ်ရာကြောင့် ဒီရာသီ တစ်ပွဲမှ ကစားခွင့် မရသေးပါဘူး။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ဇာခါကို အမှားတွေအား ပြင်ဆင်ပြီး အကောင်းဆုံး ပြန်လည် ကြိုးစားဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။

အချက်အလက် မှတ်တမ်းတွေ အရ ဇာခါဟာ ၂၀၁၆-၁၇ ရာသီကနေ စတင်ပြီး ဂိုးသမားတွေ မပါဝင်ရင် ပရီးမီးယားလိဂ်မှာ ဂိုးပေးရတဲ့ အမှားမျိုး အများဆုံး ကျူးလွန်ထားခဲ့တဲ့ ကစားသမား အဖြစ်က ရပ်တည်နေပါတယ်။

ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဒဏ်ရာရထားတဲ့ တိုက်စစ်မှူး လာကာဇက်တီ ပါဝင်နိုင်မှာ မဟုတ်တာကြောင့် အမ်မရီက အသက် ၂၄ နှစ်အရွယ် တိုက်စစ် သမား နစ်ကိုးလပ်စ် ပီပီကို ထည့်သွင်းကစားရန် ကြံရွယ်နေပါတယ်။

နစ်ကိုးလပ်စ် ပီပီဟာ လီဗာပူးပွဲမှာ သူက မက်ဆီတောင် မကျော်နိူင်တဲ့ ဗန်ဒိုက်ကို ကျော်ဖြတ်နိူင်ခဲ့သလို ရောဘတ်ဆန်ကို လည်း မကြာခဏ ဒုက္ခပေးနိူင်ခဲ့ကာ ခြေစွမ်းပြပါတယ်။ လာကာဇတ်တီကတော့ အောက်တိုဘာလ အထိ ပါဝင်ကစားနိူင်မှာ မဟုတ်ပါဘူး။

တူရကီကလပ် ဘက်ဆစ်တပ်သို့ ပြောင်းရွှေ့သွားတဲ့ အာဆင်နယ်ကစားသမားဟောင်း အယ်နီနီက သူ အသင်းပြောင်းဖြစ်ခဲ့ရာမှာ အိုးဇေးလ်က အဓိက နေရာက ပါဝင်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ပြိုင်ဘက် လီဗာပူးအသင်းအပေါ် အလွန်အမင်း ချီးကျူးစကားဆိုခဲ့တဲ့ ဆီးဘယ်လော့နဲ့ ပတ်သတ်ပြီး အမ်မရီက – ” ကစားသမားတိုင်းက သူတို့ အရင်က မကစားခဲ့ဖူးတဲ့ လိဂ်၊ အသင်းတစ်သင်းမှာ ကစားရတော့မယ် ဆိုရင် အထိုင်ကျဖို့ အချိန် အနည်းငယ် ယူရပါတယ်။ လီဗာပူး နဲ့ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ် ဟာ ခက်ခဲတဲ့လိဂ်ဆိုတာ ဆီးဘယ်လော့ သဘောပေါက်မယ် ထင်ပါတယ်။ အသင်းတိုင်းက လီဗာပူး လို ကစားရခက်တဲ့ အသင်းတွေချည်းပါပဲ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူ၊ မန်စီးတီးတို့ အပြိုင် ခေါ်ယူလိုနေတဲ့ ဒေါ့မွန်မှ ပေါင်သန်း ၁၀၀ တန် တိုက်စစ်သမား ဂျော်ဒန် ဆန်ချိုကို အာဆင်နယ်လည်း ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း ပေါလ်မာဆန်က တိုက်တွန်းလိုက်ပါတယ်။

Myan News