ပရီးမီးယားလိဂ္ပြဲစဥ္ ၅ မွာေတာ့ မန္စီးတီးဟာ ေနာဝစ္ကို အေဝးကြင္းမွာ ၃-၂ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးနဲ႔ ၅ မွတ္ကြာဟသြားခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာ ဂြာဒီယိုလာက လက္ရွိခ်န္ပီယံ အသင္းသားေတြကို အေကာင္းဆံုုး ရင္ဆိုင္ အံ့တုခဲ့တဲ့ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ ေနာ္ဝစ္ အသင္းသားေတြနဲ႔ ျပိဳင္ဘက္မန္ေနဂ်ာကို ပြဲအျပီး ေလးစားစြာ နႈတ္ဆက္ခဲ့သလို ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြလည္း လုပ္သြားခဲ့ပါတယ္။

ခံစစ္ အမွားေတြနဲ႕ အတူ ေနာ၀စ္ကို ၃ဂိုး ၂ဂိုးနဲ႕ ရွံဳးခဲ့ရေပမယ့္ လာေပၚေတး မပါ၀င္တာက စီးတီး အတြက္ စိုးရိမ္စရာ အေျခအေန မဟုတ္ေၾကာင္း ဂြာဒီယိုလာက အခိုင္အမာဆိုလိုက္ပါတယ္။ ထိုပြဲမွာ ပြဲထြက္ခဲ့ၾကတဲ့ စတုန္းနဲ႕ ေအာ္တာမန္ဒီ ဗဟိုခံစစ္ အတြဲဟာ မနွစ္က ပရီးမီးယားလိဂ္မွာ သံုးပြဲသာ ပြဲထြက္ ကစားခဲ့ၾကသူေတြ ျဖစ္ေပမယ့္ ဂြာဒီယိုလာက ခံစစ္အားနည္းမႈမ်ားအတြက္ ေ၀ဖန္မႈမ်ားကို ျငင္းဆန္ သြားခဲ့ပါတယ္။

” သူတို႔ (စတုန္းနဲ႕ ေအာ္တာမန္ဒီ ) အတြဲက ပြဲေတြ အမ်ားၾကီး ကစားထားသူေတြပါ။ ဒီေနရာ အတြက္ ဖာနန္ဒင္ဟို နဲ႔ ရိုဒရီ တို႔လည္း ကစားႏိုင္ၾကလို႔ ဒါဟာ စိုးရိမ္စရာမဟုတ္ပါဘူး။ ဒါမ်ိဳးျဖစ္တတ္ပါတယ္။ ဒဏ္ရာ ျပႆနာေတြကို ကၽြန္ေတာ္တို႔လည္း မေမွ်ာ္လင့္ခဲ့ၾကပါဘူး။ ဂၽြန္ နဲ႔ နီကိုးလပ္စ္တို႔ကလည္း ၃ ႏွစ္ထက္မနညး္ အတူတူ ကစားခဲ့ၾကသူေတြပါ။ ” လုိ႔ ဂြာဒီယိုလာက ဆိုပါတယ္။

မန္စီးတီး နည္းျပ ဂြာဒီယိုလာက ဒီရက္ပိုင္းမွာပဲ ေဘာလံုးကစားျခင္းက အနားယူျပီ ေၾကျငာသြားတဲ့ တပည္ေ့ဟာင္း အီတူးဟာ သူ လက္တြဲ ခဲ့သမွ် အေကာင္းဆံုး ကစားသမားေတြထဲ တစ္ေယာက္ အပါအ၀င္ ျဖစ္တယ္လို႔ ခ်ီးက်ဴးစား ဆိုလိုက္ပါတယ္။

ေနာ၀စ္ကို မထင္မွတ္ဘဲ ရွံဳးနိမ့္ကာ လီဗာပူးနဲ႕ ငါးမွတ္အထိ ျပတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဂြာဒီယိုလာက အခုမွ စက္တင္ဘာပဲ ရွိေသးတယ္လို႔ သတိေပးလိုက္ျပီး ေလာေလာဆယ္ လီဗာပူးက ခ်န္ပီယံပါ ဂုဏ္ျပဳပါတယ္ လို႔ ခပ္ရြတ္ရြတ္ ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – ပရီးမီးယားလိဂ်ပွဲစဉ် ၅ မှာတော့ မန်စီးတီးဟာ နောဝစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးနဲ့ ၅ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာ ဂွာဒီယိုလာက လက်ရှိချန်ပီယံ အသင်းသားတွေကို အကောင်းဆုံး ရင်ဆိုင် အံ့တုခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတက်ကလပ် နော်ဝစ် အသင်းသားတွေနဲ့ ပြိုင်ဘက်မန်နေဂျာကို ပွဲအပြီး လေးစားစွာ နှုတ်ဆက်ခဲ့သလို ထုတ်ဖော် ချီးကျူးမှုတွေလည်း လုပ်သွားခဲ့ပါတယ်။

ခံစစ် အမှားတွေနဲ့ အတူ နောဝစ်ကို ၃ဂိုး ၂ဂိုးနဲ့ ရှုံးခဲ့ရပေမယ့် လာပေါ်တေး မပါဝင်တာက စီးတီး အတွက် စိုးရိမ်စရာ အခြေအနေ မဟုတ်ကြောင်း ဂွာဒီယိုလာက အခိုင်အမာဆိုလိုက်ပါတယ်။ ထိုပွဲမှာ ပွဲထွက်ခဲ့ကြတဲ့ စတုန်းနဲ့ အော်တာမန်ဒီ ဗဟိုခံစစ် အတွဲဟာ မနှစ်က ပရီးမီးယားလိဂ်မှာ သုံးပွဲသာ ပွဲထွက် ကစားခဲ့ကြသူတွေ ဖြစ်ပေမယ့် ဂွာဒီယိုလာက ခံစစ်အားနည်းမှုများအတွက် ဝေဖန်မှုများကို ငြင်းဆန် သွားခဲ့ပါတယ်။

” သူတို့ (စတုန်းနဲ့ အော်တာမန်ဒီ ) အတွဲက ပွဲတွေ အများကြီး ကစားထားသူတွေပါ။ ဒီနေရာ အတွက် ဖာနန်ဒင်ဟို နဲ့ ရိုဒရီ တို့လည်း ကစားနိုင်ကြလို့ ဒါဟာ စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါမျိုးဖြစ်တတ်ပါတယ်။ ဒဏ်ရာ ပြဿနာတွေကို ကျွန်တော်တို့လည်း မမျှော်လင့်ခဲ့ကြပါဘူး။ ဂျွန် နဲ့ နီကိုးလပ်စ်တို့ကလည်း ၃ နှစ်ထက်မနည်း အတူတူ ကစားခဲ့ကြသူတွေပါ။ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာက ဒီရက်ပိုင်းမှာပဲ ဘောလုံးကစားခြင်းက အနားယူပြီ ကြေငြာသွားတဲ့ တပည်ေ့ဟာင်း အီတူးဟာ သူ လက်တွဲ ခဲ့သမျှ အကောင်းဆုံး ကစားသမားတွေထဲ တစ်ယောက် အပါအဝင် ဖြစ်တယ်လို့ ချီးကျူးစား ဆိုလိုက်ပါတယ်။

နောဝစ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ လီဗာပူးနဲ့ ငါးမှတ်အထိ ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက အခုမှ စက်တင်ဘာပဲ ရှိသေးတယ်လို့ သတိပေးလိုက်ပြီး လောလောဆယ် လီဗာပူးက ချန်ပီယံပါ ဂုဏ်ပြုပါတယ် လို့ ခပ်ရွတ်ရွတ် ပြောကြားခဲ့ပါတယ်။

Myan News