မန္ယူ ကြင္းလယ္ကစားသမား မာတစ္ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္က စိတ္၀င္စားေနတယ္လို႔ အီတလီ သတင္းေတြမွာ ေဖာ္ျပေနပါတယ္။ မာတစ္ ဟာ လက္ရွိ ေဘာလံုးရာသီ အကုန္မွာပဲ မန္ယူနဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာ ျဖစ္ပါတယ္။

မက္ဂြဲရား အသင္းေဟာင္းနဲ႕ ျပန္လည္ရင္ဆိုင္တဲ့ ပြဲအျပီးမွာ ဆိုးရွားက – ” မက္ဂြဲရား ၾကည့္ရတာ လက္စတာအသင္းကို လြမ္းပံုေတာင္ မရပါဘူး။ သူက ေအးေအးေဆးေဆးပဲ ကြင္းထဲမွာ ကစားသြားတယ္။ သူ ေျခစြမ္း အေကာင္းဆံုး ရေနတာေၾကာင့္ ဗာဒီလည္း လႈပ္မရခဲ့ဘူး။ လင္ဒီေလာ့ဖ္နဲ႕ သူနဲ႕တြဲျပီး အေကာင္းဆံုး ေျခစြမ္းျပေနျပီ။” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

မန္ယူအသင္းဟာ ဖီနာဘာခ်ီအသင္းမွ ကိုဆိုဗို ၾကယ္ပြင့္ မူရီကီကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ မူရီကီဟာ ဒီ ေႏြ အေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃.၁ သန္းနဲ႕ ေရာက္ရွိလာတာ ျဖစ္ျပီး ဥေရာပထိပ္သီးကလပ္ေတြက ေခၚယူလိုေနပါတယ္။

မန္ယူနည္းျပ ဆိုးရွားက လက္စတာနဲ႕ပြဲမွာ အသင္းကစားပံု မေကာငး္ခဲ့ေပမယ့္ ခံစစ္ပိုင္း ေကာင္းမြန္ခဲ့ကာ မက္ဂြဲရား၊ ေတာ္မီေနးတို႔ကို အထူးခ်ီးက်ဴးရမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဒီပြဲက လူငယ္ေတြကို ယံုၾကည္မႈ တိုးေစခဲ့တယ္လို႕ ဆိုးရွားက ဆိုပါတယ္။

စကိုင္းစေပါ့က ျပဳလုပ္တဲ့ စစ္တမ္းမွာ မန္ယူခံစစ္မွဴးေဟာင္း ဗီဒစ္က အသင္းေဖာ္ေဟာင္း ဖာဒီနန္ကို ေက်ာ္လြန္ျပီး လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ကို ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား အေနနဲ႕ မဲေပးခဲ့ပါတယ္။ ဒီစစ္တမ္း ဖိုင္နယ္မွာ ဖာဒီနန္က ဗန္ဒိုက္ကို ၅၅% နဲ႕ အနိုင္ရရွိခဲ့ပါတယ္။

မန္ယူဂိုးသမား ဒီဂီယာဟာ မၾကာခင္ပဲ အသင္းနဲ႕ ၅ နွစ္ သက္တမ္းရွိ စာခ်ဳပ္သစ္ လက္မွတ္ေရးထိုးေတာ့မွာ ျဖစ္တယ္လို႔ ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပလာပါတယ္။ စာခ်ဳပ္သစ္အရ ဒီဂီယာဟာ မန္ယူရဲ႕ လခအမ်ားဆံုး ကစားသမား ျဖစ္လာမယ္လို႔ သိရပါတယ္။

လက္စတာနဲ႕ ပြဲမွာ မာတစ္ေနရာ လူစား၀င္ ကစားခဲ့တဲ့ ဖရက္ဒ္ကို မန္ယူ ပရိသတ္ေတြက အားေပးခဲ့ၾကျပီး ေနာက္ပြဲစဥ္ေတြမွာ ဖရက္ဒ္ကို ပြဲထြက္ ကစားခြင့္ေပးရန္ ေတာင္းဆိုခဲ့ၾကပါတယ္။

မန္ယူအသင္းဟာ လက္စတာနဲ႕ ပြဲ အနိုင္ရျပီးေနာက္ ၾကာသပေတးေန႔မွာ ယူရိုပါလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ အျဖစ္ ကာဇက္စတန္ကလပ္ အက္စ္တာနာကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။

Myan News

မန်ယူ ကွင်းလယ်ကစားသမား မာတစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်က စိတ်ဝင်စားနေတယ်လို့ အီတလီ သတင်းတွေမှာ ဖော်ပြနေပါတယ်။ မာတစ် ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မက်ဂွဲရား အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်တဲ့ ပွဲအပြီးမှာ ဆိုးရှားက – ” မက်ဂွဲရား ကြည့်ရတာ လက်စတာအသင်းကို လွမ်းပုံတောင် မရပါဘူး။ သူက အေးအေးဆေးဆေးပဲ ကွင်းထဲမှာ ကစားသွားတယ်။ သူ ခြေစွမ်း အကောင်းဆုံး ရနေတာကြောင့် ဗာဒီလည်း လှုပ်မရခဲ့ဘူး။ လင်ဒီလော့ဖ်နဲ့ သူနဲ့တွဲပြီး အကောင်းဆုံး ခြေစွမ်းပြနေပြီ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူအသင်းဟာ ဖီနာဘာချီအသင်းမှ ကိုဆိုဗို ကြယ်ပွင့် မူရီကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မူရီကီဟာ ဒီ နွေ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၃.၁ သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ဥရောပထိပ်သီးကလပ်တွေက ခေါ်ယူလိုနေပါတယ်။

မန်ယူနည်းပြ ဆိုးရှားက လက်စတာနဲ့ပွဲမှာ အသင်းကစားပုံ မကောင်းခဲ့ပေမယ့် ခံစစ်ပိုင်း ကောင်းမွန်ခဲ့ကာ မက်ဂွဲရား၊ တော်မီနေးတို့ကို အထူးချီးကျူးရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲက လူငယ်တွေကို ယုံကြည်မှု တိုးစေခဲ့တယ်လို့ ဆိုးရှားက ဆိုပါတယ်။

စကိုင်းစပေါ့က ပြုလုပ်တဲ့ စစ်တမ်းမှာ မန်ယူခံစစ်မှူးဟောင်း ဗီဒစ်က အသင်းဖော်ဟောင်း ဖာဒီနန်ကို ကျော်လွန်ပြီး လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား အနေနဲ့ မဲပေးခဲ့ပါတယ်။ ဒီစစ်တမ်း ဖိုင်နယ်မှာ ဖာဒီနန်က ဗန်ဒိုက်ကို ၅၅% နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်ယူဂိုးသမား ဒီဂီယာဟာ မကြာခင်ပဲ အသင်းနဲ့ ၅ နှစ် သက်တမ်းရှိ စာချုပ်သစ် လက်မှတ်ရေးထိုးတော့မှာ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။ စာချုပ်သစ်အရ ဒီဂီယာဟာ မန်ယူရဲ့ လခအများဆုံး ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။

လက်စတာနဲ့ ပွဲမှာ မာတစ်နေရာ လူစားဝင် ကစားခဲ့တဲ့ ဖရက်ဒ်ကို မန်ယူ ပရိသတ်တွေက အားပေးခဲ့ကြပြီး နောက်ပွဲစဉ်တွေမှာ ဖရက်ဒ်ကို ပွဲထွက် ကစားခွင့်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

မန်ယူအသင်းဟာ လက်စတာနဲ့ ပွဲ အနိုင်ရပြီးနောက် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ကာဇက်စတန်ကလပ် အက်စ်တာနာကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။