ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ အဂၤါေန႔ညမွာေတာ့ လာလီဂါကလပ္ ဗလန္စီယာကို အိမ္ကြင္း စတန္းဖို႔ဘရစ္မွာ ဧည့္ခံယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ စေနေန႔ညမွာ ၀ုဗ္အသင္းကို အေ၀းကြင္း သြားေရာက္ ရင္ဆိုင္ကစားရာ အျပန္အလွန္ ဂိုးသြင္းခဲ့ၾကျပီး ခ်ယ္ဆီးက ေအဗရာဟမ္ရဲ႕ ဟက္ထရစ္ ဂိုးေတြ အပါအ၀င္ ၅-၂ နဲ႕ အနိုင္ရသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ နုိင္ပြဲ အေပၚ နည္းျပ ဖရန္႔ လမ္းပတ္က – ” သိပ္ေပ်ာ္ရႊင္တာေပါ့။ က်ေန္ာတို႔ ရလဒ္ေကာင္း မရခဲ့တဲ့ ပြဲေတြမွာေတာင္ စြမ္းေဆာင္ရည္ေကာင္း ျပသနိုင္တာေတြ ရွိတ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ၀ုဗ္ကို ရင္ဆိုင္ရတဲ့အခါ နိုင္ပြဲေကာင္း ရဖို႔ သိပ္အေရးၾကီးခဲ့တယ္။ က်ေန္ာတို႔ ဒီအတိုင္း ေရွ႕ဆက္ဖို႔ လိုပါတယ္။” လို႔ ပြဲအျပီးမွာ မွတ္ခ်က္ျပဳခဲ့ပါတယ္။

၀ုဗ္ဘက္ကို သံုးဂိုး ဟက္ထရစ္သြင္းယူျပီးေနာ္က ေအဗရာဟမ္ဟာ ပရီးမီးယားလိဂ္ ထိပ္သီးဂိုးသြင္းရွင္ စာရင္းမွာ အဂြယ္ရိုနဲ႔ တန္းတူအျဖစ္ သြင္းဂိုး ၇ ဂိုးနဲ႕ ထိပ္ဆံုးကို ေရာက္ရွိလာခဲ့ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္ဟာ ဝုဗ္နဲ႔ပြဲမွာ ခံစစ္သံုးေယာက္တန္းကို အသံုးျပဳခဲ့ေပမယ့္ ၄-၂-၃-၁ ကစားကြက္ကိုပဲ အားသန္ေနျပီး ပရီးမီးယားလိဂ္မွာ လူၾကိဳက္မ်ားလာတဲ့ ၄-၃-၃ ကိုလည္း အသံုးျပဳမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

၀ုဗ္နဲ႕ ပြဲမွာ ေဂ်ာ္ဂ်င္ဟုိ သပ္သပ္ရပ္ရပ္ မ,တင္ေပးလိုက္တဲ့ေဘာလံုးကို ေအဗရာဟမ္က ေနာက္ခံလူေတြၾကားက ျဖတ္ေျပးၿပီး အပိုင္ကန္ သြင္းယူသြားခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ဟို ဂိုးေထာက္ပ့ံမႈ စတင္ ရရွိခဲ့ပါတယ္။ ဒီဂိုးက ေဂ်ာ္ဂ်င္ဟိုရဲ႕ ပရီးမီးယားလိဂ္ကစားသမားဘဝ ပထမဆံုး ဂိုးဖန္တီးမႈလည္း ျဖစ္လာခဲ့ပါတယ္။

ခံစစ္မွာ ေပးဂိုးမ်ားေနဆဲ ျပသနာကို ေရရွည္အတြက္ ေျဖရွင္ႏုိင္ဖုိ႔ ခ်ယ္ဆီးနည္းျပအဖြဲ႔ဝင္ေတြက အေျဖရွာေနေပမယ့္ ရူဒီဂါ ဒဏ္ရာက ျပန္သက္သာလာျခင္းကို အေကာင္းျမင္ေနပါတယ္။ ခ်ယ္ဆီးဟာ လာမယ့္အပတ္မွာေတာ့ အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးကို အိမ္ကြင္းမွာ ဧည့္ခံရမွာပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးလူငယ္ေတြ ေျခစြမ္းျပေနမႈကို ပရိသတ္ေတြ ႏွစ္သက္ေနၾကေပမယ့္ ဒီေကာင္ေလးေတြ အေကာင္းဆံုး ကစားႏုိင္မႈက ဝီလီယမ္လို ဝါရင့္ကစားသမားေတြ ကြင္းထဲမွာ အေကာင္းဆံုး ပံ့ပိုးေပးေနမႈေၾကာင့္ပါလို႔ မန္ေနဂ်ာလမ္းပတ္က ေျပာပါတယ္။

UNICODE

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အင်္ဂါနေ့ညမှာတော့ လာလီဂါကလပ် ဗလန်စီယာကို အိမ်ကွင်း စတန်းဖို့ဘရစ်မှာ ဧည့်ခံယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ စနေနေ့ညမှာ ဝုဗ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရာ အပြန်အလှန် ဂိုးသွင်းခဲ့ကြပြီး ချယ်ဆီးက အေဗရာဟမ်ရဲ့ ဟက်ထရစ် ဂိုးတွေ အပါအဝင် ၅-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ နိုင်ပွဲ အပေါ် နည်းပြ ဖရန့် လမ်းပတ်က – ” သိပ်ပျော်ရွှင်တာပေါ့။ ကျနေ်ာတို့ ရလဒ်ကောင်း မရခဲ့တဲ့ ပွဲတွေမှာတောင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်တာတွေ ရှိတ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဝုဗ်ကို ရင်ဆိုင်ရတဲ့အခါ နိုင်ပွဲကောင်း ရဖို့ သိပ်အရေးကြီးခဲ့တယ်။ ကျနေ်ာတို့ ဒီအတိုင်း ရှေ့ဆက်ဖို့ လိုပါတယ်။” လို့ ပွဲအပြီးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ဝုဗ်ဘက်ကို သုံးဂိုး ဟက်ထရစ်သွင်းယူပြီးနော်က အေဗရာဟမ်ဟာ ပရီးမီးယားလိဂ် ထိပ်သီးဂိုးသွင်းရှင် စာရင်းမှာ အဂွယ်ရိုနဲ့ တန်းတူအဖြစ် သွင်းဂိုး ၇ ဂိုးနဲ့ ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်ဟာ ဝုဗ်နဲ့ပွဲမှာ ခံစစ်သုံးယောက်တန်းကို အသုံးပြုခဲ့ပေမယ့် ၄-၂-၃-၁ ကစားကွက်ကိုပဲ အားသန်နေပြီး ပရီးမီးယားလိဂ်မှာ လူကြိုက်များလာတဲ့ ၄-၃-၃ ကိုလည်း အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဝုဗ်နဲ့ ပွဲမှာ ဂျော်ဂျင်ဟို သပ်သပ်ရပ်ရပ် မ,တင်ပေးလိုက်တဲ့ဘောလုံးကို အေဗရာဟမ်က နောက်ခံလူတွေကြားက ဖြတ်ပြေးပြီး အပိုင်ကန် သွင်းယူသွားခဲ့တာကြောင့် ဂျော်ဂျင်ဟို ဂိုးထောက်ပံ့မှု စတင် ရရှိခဲ့ပါတယ်။ ဒီဂိုးက ဂျော်ဂျင်ဟိုရဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝ ပထမဆုံး ဂိုးဖန်တီးမှုလည်း ဖြစ်လာခဲ့ပါတယ်။

ခံစစ်မှာ ပေးဂိုးများနေဆဲ ပြသနာကို ရေရှည်အတွက် ဖြေရှင်နိုင်ဖို့ ချယ်ဆီးနည်းပြအဖွဲ့ဝင်တွေက အဖြေရှာနေပေမယ့် ရူဒီဂါ ဒဏ်ရာက ပြန်သက်သာလာခြင်းကို အကောင်းမြင်နေပါတယ်။ ချယ်ဆီးဟာ လာမယ့်အပတ်မှာတော့ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။

ချယ်ဆီးလူငယ်တွေ ခြေစွမ်းပြနေမှုကို ပရိသတ်တွေ နှစ်သက်နေကြပေမယ့် ဒီကောင်လေးတွေ အကောင်းဆုံး ကစားနိုင်မှုက ဝီလီယမ်လို ဝါရင့်ကစားသမားတွေ ကွင်းထဲမှာ အကောင်းဆုံး ပံ့ပိုးပေးနေမှုကြောင့်ပါလို့ မန်နေဂျာလမ်းပတ်က ပြောပါတယ်။