လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ မန္စီးတီးက စေနေန႔ညက ပြဲမွာ ေနာ၀စ္ကို မထင္မွတ္ဘဲ ရွံဳးနိမ့္ကာ လီဗာပူးနဲ႕ ငါးမွတ္အထိ ျပတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဂြာဒီယိုလာက အခုမွ စက္တင္ဘာပဲ ရွိေသးတယ္လို႔ သတိေပးလိုက္ျပီး ေလာေလာဆယ္ လီဗာပူးက ခ်န္ပီယံပါ ဂုဏ္ျပဳပါတယ္ လို႔ ခပ္ရြတ္ရြတ္ ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ေနာ္ဝစ္နဲ႔ပြဲအျပီးမွာ လီဗာပူးနဲ႔ ၅ မွတ္ျပတ္ခဲ့တဲ့ေနာက္ ရာသီအစမွာတင္ လီဗာပူးကို ခ်န္ပီယံဘြဲ႔တပ္ေပးျပီး ဖိအားမ်ားေစလိုတာျဖစ္ပါတယ္။

နယူးကာဆယ္ကို နုိင္တဲ့ပြဲမွာ အခရာက်ခဲ့တဲ့ တိုက္စစ္မွဴး ဖာမီနိုရဲ႕ ေျခစြမး္ကို ခ်ီးက်ဴးမႈေတြ မ်ားျပားခဲ့ျပီး အသင္းေဖာ္ ဗန္ဒိုက္လည္း ဖာမီနိုကို ျပိဳင္ဘက္ အျဖစ္ မရင္ဆိုင္ရတာအတြက္ စိတ္သက္သာရာ ရမိေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

လီဗာပူးတိုက္စစ္မွဴး ဆာဒီယို မာေနးဟာ ၿပီးခဲ့တဲ့ ​ေဘာလံုးရာသီက စတင္​ကာ ပရီးမီးယားလိဂ္ သြင္​းဂိုး ၂၆ ဂိုး သြင္​းယူ ထားခဲ့ၿပီ ျဖစ္​ၿပီး လီဗာပူး ကစားသမားေတြထဲမွာ အမ်ားဆံုး သြင္းဂိုးရွင္ ျဖစ္ပါတယ္။

ဝက္​ဖို႔ဒ္​ရဲ႕ အသင္​း​ေခါင္​း​ေဆာင္​ ထရိြဳင္​ဒီ​ေနးက ဖာမီႏိုရဲ႕ ခ်ိတ္​ဆက္​ ကစားပံု၊ လုပ္​အား၊ ဖန္​တီးမႈနဲ႔ ကိုယ္​တိုင္​ ဂိုးသြင္​းယူင္​မႈ​ေတြ​ေၾကာင္​့ လီ​ဗာပူး တိုက္​စစ္​မႈး ဟာ ပရီးမီးယားလိဂ္ရဲ႕ အ​ေကာင္​းဆံုး နံပါတ္​ ၉ ျဖစ္​တယ္​လို႔ ခ်ီးက်ဴး လိုက္​ပါတယ္​။

လီဗာပူးအသင္းသားေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ ခ်ိန္ဘာလိန္တို႔က ကလပ္အသင္း တိုက္စစ္သမားႏွစ္ဦး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖစ္ေနၾကတဲ့ ဟာသဗီဒီယိုကို အင္စတာဂရမ္မွာ မန္းရွင္းေတြ ေပးခဲ့ၾကျပီး ရယ္ေမာခဲ့ၾကပါတယ္။

ဖာဘင္ညိဳရဲ႕ ဇနီးျဖစ္သူက လီဗာပူးကို အားေပးသူတစ္ေယာက္အျဖစ္ မာေဆးဆိုဒ္မွာ အစစအရာရာ အကုန္အဆင္ေျပတယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလိုက္ပါတယ္။ မာေဆးဆိုဒ္ဟာ ရာသီဥတုဆိုးရြားသလို ေတာင္အေမရိကသားေတြ ႏွစ္သက္ဖို႔ခက္တဲ့ အစားအေသာက္ေတြ ရွိေပမယ့္ လီဗာပူးအမာခံပရိသတ္ျဖစ္တဲ့ ဖာဘင္ညိဳ ဇနီးကေတာ့ အားလံုး အဆင္ျပလွေၾကာင္း အေကာင္းျမင္ေနပါတယ္။

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ သူ႔ရဲ႕ ဂိုးေပါက္ျခိမ္းေျခာက္မႈကို ျပိဳင္ဘက္ဂိုးသမား ကာကြယ္ႏုိင္ခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲအျပီးမွာ လူမႈကြန္ယက္ကေန ဂိုးရဖို အေတာ္ေလး နီးခဲ့ပါတယ္လို႔ ပိုစ့္တင္သြားပါတယ္။ ေရာ္ဘတ္ဆန္ဟာ လီဗာပူးကစားသမားဘဝမွာ ဂိုးေထာက္ပံ့မႈေတြ အၾကိမ္မ်ားစြာ လုပ္ႏုိင္ခဲ့ေပမယ့္ ကိုယ္တုိင္ကေတာ့ တစ္ဂိုးပဲ သြင္းယူခဲ့ဖူးရွာတာပါ။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ နာပိုလီနဲ႔ ယွဥ္ျပိဳင္ရတဲ့ပြဲမွာ လူငယ္တိုက္စစ္မွဴး ဘရူးစတားကိုပဲ အိုရီဂီအစား ေခၚေဆာင္သြားဖြယ္ ရွိေနပါတယ္။ အတည္ျပဳႏိုင္ျခင္း မရွိေသးေပမယ့္ လူငယ္ေလးကို စီနီယာအသင္းထံ ျပန္ေခၚထားခဲ့ပါတယ္။

UNICODE

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးက စနေနေ့ညက ပွဲမှာ နောဝစ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ လီဗာပူးနဲ့ ငါးမှတ်အထိ ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက အခုမှ စက်တင်ဘာပဲ ရှိသေးတယ်လို့ သတိပေးလိုက်ပြီး လောလောဆယ် လီဗာပူးက ချန်ပီယံပါ ဂုဏ်ပြုပါတယ် လို့ ခပ်ရွတ်ရွတ် ပြောကြားခဲ့ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက နော်ဝစ်နဲ့ပွဲအပြီးမှာ လီဗာပူးနဲ့ ၅ မှတ်ပြတ်ခဲ့တဲ့နောက် ရာသီအစမှာတင် လီဗာပူးကို ချန်ပီယံဘွဲ့တပ်ပေးပြီး ဖိအားများစေလိုတာဖြစ်ပါတယ်။

နယူးကာဆယ်ကို နိုင်တဲ့ပွဲမှာ အခရာကျခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ များပြားခဲ့ပြီး အသင်းဖော် ဗန်ဒိုက်လည်း ဖာမီနိုကို ပြိုင်ဘက် အဖြစ် မရင်ဆိုင်ရတာအတွက် စိတ်သက်သာရာ ရမိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စတင်ကာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၆ ဂိုး သွင်းယူ ထားခဲ့ပြီ ဖြစ်ပြီး လီဗာပူး ကစားသမားတွေထဲမှာ အများဆုံး သွင်းဂိုးရှင် ဖြစ်ပါတယ်။

ဝက်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင် ထရွိုင်ဒီနေးက ဖာမီနိုရဲ့ ချိတ်ဆက် ကစားပုံ၊ လုပ်အား၊ ဖန်တီးမှုနဲ့ ကိုယ်တိုင် ဂိုးသွင်းယူင်မှုတွေကြောင့် လီဗာပူး တိုက်စစ်မှုး ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နံပါတ် ၉ ဖြစ်တယ်လို့ ချီးကျူး လိုက်ပါတယ်။

လီဗာပူးအသင်းသားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ ချိန်ဘာလိန်တို့က ကလပ်အသင်း တိုက်စစ်သမားနှစ်ဦး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတဲ့ ဟာသဗီဒီယိုကို အင်စတာဂရမ်မှာ မန်းရှင်းတွေ ပေးခဲ့ကြပြီး ရယ်မောခဲ့ကြပါတယ်။

ဖာဘင်ညိုရဲ့ ဇနီးဖြစ်သူက လီဗာပူးကို အားပေးသူတစ်ယောက်အဖြစ် မာဆေးဆိုဒ်မှာ အစစအရာရာ အကုန်အဆင်ပြေတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါတယ်။ မာဆေးဆိုဒ်ဟာ ရာသီဥတုဆိုးရွားသလို တောင်အမေရိကသားတွေ နှစ်သက်ဖို့ခက်တဲ့ အစားအသောက်တွေ ရှိပေမယ့် လီဗာပူးအမာခံပရိသတ်ဖြစ်တဲ့ ဖာဘင်ညို ဇနီးကတော့ အားလုံး အဆင်ပြလှကြောင်း အကောင်းမြင်နေပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ သူ့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကို ပြိုင်ဘက်ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲအပြီးမှာ လူမှုကွန်ယက်ကနေ ဂိုးရဖို အတော်လေး နီးခဲ့ပါတယ်လို့ ပိုစ့်တင်သွားပါတယ်။ ရော်ဘတ်ဆန်ဟာ လီဗာပူးကစားသမားဘဝမှာ ဂိုးထောက်ပံ့မှုတွေ အကြိမ်များစွာ လုပ်နိုင်ခဲ့ပေမယ့် ကိုယ်တိုင်ကတော့ တစ်ဂိုးပဲ သွင်းယူခဲ့ဖူးရှာတာပါ။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် နာပိုလီနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ လူငယ်တိုက်စစ်မှူး ဘရူးစတားကိုပဲ အိုရီဂီအစား ခေါ်ဆောင်သွားဖွယ် ရှိနေပါတယ်။ အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် လူငယ်လေးကို စီနီယာအသင်းထံ ပြန်ခေါ်ထားခဲ့ပါတယ်။