ဘန္ေလနဲ႕ ပြဲအျပီးမွာ အသင္းေဖာ္ ဆာလက္နဲ႕ ပတ္သတ္ျပီး မေပ်ာ္ရႊင္ခဲ့ေပမယ့္ ဆာဒီယို မာေနးက သူတို႔ ခ်င္း ေျပလည္မႈ ရခဲ့ျပီ ျဖစ္တယ္ လို႔ ၀န္ခံ ေျပာၾကားလိုက္ပါတယ္။ မာေနးဟာ ဘန္ေလနဲ႕ပြဲမွာ ဆာလက္က သူ႔ထံ ေဘာလံုး ေပးပို႔မႈ မျပဳလုပ္ခဲ့တာေၾကာင့္ လူစားလဲျပီး ကြင္းထဲ က ထြက္ခြာခဲ့ခ်ိန္မွာ အၾကီးအက်ယ္ ေပါက္ကြဲခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီတပတ္ နယူးကာဆယ္နဲ႕ ပြဲမွာေတာ့ ဆာလက္က တစ္ဂိုး၊ မာေနးကလည္း နွစ္ဂိုး သြင္းယူတဲ့အျပင္ အခ်င္းခ်င္း ေျပလည္ေနျပီလို႔ မာေနးက ဆိုခဲ့တာပါ။ မာေနး၊ ဆာလက္၊ ဖာမီနိုတို႔ တိုက္စစ္သံုးဦးဟာ နယူးကာဆယ္ဘက္ ဂိုးသြင္းျပီးခ်ိန္မွာ အခ်င္းခ်င္း ေပ်ာ္ရႊင္စြာ ေပြ႕ဖက္ ေအာင္ပြဲခံေနတာ ကိုလည္း ေတြ႕ခဲ့ရပါတယ္။

” ဒါမ်ိဳး ကိစၥေတြက ေဘာလံုးမွာ ျဖစ္တတ္ပါတယ္။ တခါတေလ မ်က္နွာခ်င္းဆိုင္ ေျပာဆိုလိုက္ဖို႔သာ လိုတာပါ။ က်ေနာ္ကလည္း တခါတေလ ေဘာလံု မေပးမိရင္ ဒါမ်ိဳး ျဖစ္တာပါပဲ။ ဒါေပမယ့္ က်ေန္ာတို႔ အခ်င္းခ်င္း ျငိမ္းခ်မ္းေရး ယူ ျပန္တည့္ေနျပီ အရင္လို သူငယ္ခ်င္းေကာင္းေတြ ျပန္ျဖစ္ေနပါျပီ။” လို႔ မာေနးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကလည္း – ” မာေနးက စိတ္ဆတ္တဲ့ ေကာင္ေလးပါ။ တခါတေလ သူ လိုခ်င္သလို ျဖစ္မလာဘူးဆို ေပါက္ကြဲတတ္တာေပါ့။ သူ ေဒါသထြက္ေနတာလည္း သိသာခဲ့တယ္။ သူက စိတ္ခံစားမႈေတြ ဖံုးကြယ္ထားတတ္တဲ့ သူလည္း မဟုတ္ဘူး က်ေနာ္လည္း ဒါကို စိတ္မရွိပါဘူး။” လို႔ မာေနးနဲ႕ ပတ္သတ္ျပီး မွတ္ခ်က္ျပဳခဲ့ပါတယ္။

” အခ်င္းခ်င္း မွားယြင္းလြန္က်ဴးတဲ့ စကားလံုးေတြလည္းမေျပာခဲ့ပါဘူး။ က်ေနာ္တို႔ဟာ သူငယ္ခ်င္းေတြပါ။ အ၀တ္လဲခန္းထဲမွာလည္း အခ်င္းခ်င္း စကားေျပာတယ္ ဆာလက္လည္း အဆင္ေျပပါတယ္။ အားလံုး အေျခအေနေကာင္းတယ္.. အခ်င္းခ်င္း လံုး၀ သေဘာက်တဲ့ ေဘာ္ဒါေတြပါပဲ။” လို႔ မာေနးက ဆာလက္နဲ႕ ဆက္ဆံေရးကို ဖြင့္ဟခဲ့ပါတယ္။

Myan News

UNICODE – ဘန်လေနဲ့ ပွဲအပြီးမှာ အသင်းဖော် ဆာလက်နဲ့ ပတ်သတ်ပြီး မပျော်ရွှင်ခဲ့ပေမယ့် ဆာဒီယို မာနေးက သူတို့ ချင်း ပြေလည်မှု ရခဲ့ပြီ ဖြစ်တယ် လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။ မာနေးဟာ ဘန်လေနဲ့ပွဲမှာ ဆာလက်က သူ့ထံ ဘောလုံး ပေးပို့မှု မပြုလုပ်ခဲ့တာကြောင့် လူစားလဲပြီး ကွင်းထဲ က ထွက်ခွာခဲ့ချိန်မှာ အကြီးအကျယ် ပေါက်ကွဲခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ဒီတပတ် နယူးကာဆယ်နဲ့ ပွဲမှာတော့ ဆာလက်က တစ်ဂိုး၊ မာနေးကလည်း နှစ်ဂိုး သွင်းယူတဲ့အပြင် အချင်းချင်း ပြေလည်နေပြီလို့ မာနေးက ဆိုခဲ့တာပါ။ မာနေး၊ ဆာလက်၊ ဖာမီနိုတို့ တိုက်စစ်သုံးဦးဟာ နယူးကာဆယ်ဘက် ဂိုးသွင်းပြီးချိန်မှာ အချင်းချင်း ပျော်ရွှင်စွာ ပွေ့ဖက် အောင်ပွဲခံနေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။

” ဒါမျိုး ကိစ္စတွေက ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ တခါတလေ မျက်နှာချင်းဆိုင် ပြောဆိုလိုက်ဖို့သာ လိုတာပါ။ ကျနော်ကလည်း တခါတလေ ဘောလုံ မပေးမိရင် ဒါမျိုး ဖြစ်တာပါပဲ။ ဒါပေမယ့် ကျနေ်ာတို့ အချင်းချင်း ငြိမ်းချမ်းရေး ယူ ပြန်တည့်နေပြီ အရင်လို သူငယ်ချင်းကောင်းတွေ ပြန်ဖြစ်နေပါပြီ။” လို့ မာနေးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း – ” မာနေးက စိတ်ဆတ်တဲ့ ကောင်လေးပါ။ တခါတလေ သူ လိုချင်သလို ဖြစ်မလာဘူးဆို ပေါက်ကွဲတတ်တာပေါ့။ သူ ဒေါသထွက်နေတာလည်း သိသာခဲ့တယ်။ သူက စိတ်ခံစားမှုတွေ ဖုံးကွယ်ထားတတ်တဲ့ သူလည်း မဟုတ်ဘူး ကျနော်လည်း ဒါကို စိတ်မရှိပါဘူး။” လို့ မာနေးနဲ့ ပတ်သတ်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။

” အချင်းချင်း မှားယွင်းလွန်ကျူးတဲ့ စကားလုံးတွေလည်းမပြောခဲ့ပါဘူး။ ကျနော်တို့ဟာ သူငယ်ချင်းတွေပါ။ အဝတ်လဲခန်းထဲမှာလည်း အချင်းချင်း စကားပြောတယ် ဆာလက်လည်း အဆင်ပြေပါတယ်။ အားလုံး အခြေအနေကောင်းတယ်.. အချင်းချင်း လုံး၀ သဘောကျတဲ့ ဘော်ဒါတွေပါပဲ။” လို့ မာနေးက ဆာလက်နဲ့ ဆက်ဆံရေးကို ဖွင့်ဟခဲ့ပါတယ်။

Myan News