မန္ယူ အသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းက မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ နည္းျပ ဆိုးရွားလက္ေအာက္မွာ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ရွိေနတယ္လို႔ ယံုၾကည္ေၾကာင္း အားေပးစကား ဆိုလိုက္ပါတယ္။

ယူနိုက္တက္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ဂ်ိမ္းစ္က FIFA 20 ရဲ႕ အျမန္ဆံုး ထိပ္သီး ကစားသမား ၂၀ ထဲ ပါ၀င္ေနျပီး ၄င္း အဆင့္က ၁၆ ျဖစ္တယ္လို႔ သိရပါတယ္။

ယူနိုက္တက္နဲ႕ ပြဲက ပင္နယ္တီျပစ္ဒဏ္ေဘာဟာ ထိခ်က္ အနည္းငယ္သာ ရွိခဲ့ေပမယ့္ ပါးနပ္တဲ့ ရက္ဖို႔ဒ္က ထိုအခြင့္အေရးကို ေစာင့္ေနခဲ့သလို ရုတ္ခ်ည္းလဲက်ခဲ့တယ္လို႔ လက္စတာနည္းျပ ေရာ္ဂ်ာက ဆိုလိုက္ကာ ထို ပင္နယ္တီဂိုးကပဲ ရမွတ္ သံုးမွတ္လံုး ျပိဳင္ဘက္ကို ေပးအပ္ခဲ့ရေၾကာင္း ျငီးျငဴခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမား တာဟစ္ေခ်ာင္က အသင္းအတြက္ ကစားခြင့္ရတဲ့ အခြင့္အေရးတိုင္းကို အမိအရ ဆုပ္ကိုင္ ၾကိဳးစားျပဖို႔ စိတ္အား ထက္သန္ေနျပီး ယူရိုပါလိဂ္ပြဲစဥ္မ်ားမွာ ကစားခြင့္ရကာ အသင္းအတြက္ သက္ေရာက္မႈရွိေအာင္ စြမ္းေဆာင္ျပနိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

စေနေန႔က လက္စတာကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တုိက္စစ္မွဴး ရက္ဖို႔ဒ္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ အႏုိင္ရခဲ့တဲ့ ပင္နယ္တီဟာ မန္ယူအတြက္ ဒီရာသီ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲအတြင္း ၄ ၾကိမ္ေျမာက္ ပင္နယ္တီျပစ္ဒဏ္ ရရွိျခင္းျဖစ္ပါတယ္။

မန္ယူမန္ေနဂ်ာ ဆုိးရွားက ဒီရာသီ ရရွိေနတဲ့ ပင္နယ္တီထက္ ပိုမ်ားတဲ့ ပင္နယ္တီေတြ ရသင့္ေၾကာင္း ထုတ္ေျပာခဲ့ျပီး ကလပ္အသင္း ဒီရာသီမွာ ပင္နယ္တီေတြ အမ်ားအျပားရေနတာက ကလပ္အသင္းရဲ႕ ကစားဟန္ေၾကာင့္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ ယန္းက အသင္းေကာင္းတစ္သင္းျဖစ္တဲ့ လက္စတာနဲ႔ပြဲမွာ ျပိဳင္ဘက္တိုက္စစ္သမားေတြကို အေကာင္းဆံုး တုန္႔ျပန္ရင္ဆိုင္သြားတဲ့ မက္ဂိြဳင္းရားရဲ႕ တည္ျငိမ္မႈေကာင္းေတြကို ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။

မန္ယူ ယူ-၂၃ နည္းျပ ေနးဝုဒ္က လူငယ္အသင္းမွာ အထင္ၾကီးဖြယ္ တိုးတက္လာေနတာကို အသက္ ၁၈ ႏွစ္အရြယ္ လူငယ္စတားေလး Largie Ramazani ကို ထုတ္ေဖာ္ခ်ီးက်ဴးခဲ့့ျပီး သြင္းဂိုးေတြအတြက္ အက်ိဳးျဖစ္သူလို႔ ဆိုခဲ့ပါတယ္။

UNICODE

မန်ယူ အသင်းခေါင်းဆောင် အက်ရှ်လေယန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးရှားလက်အောက်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ ယုံကြည်ကြောင်း အားပေးစကား ဆိုလိုက်ပါတယ်။

ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဒန်နီရယ်ဂျိမ်းစ်က FIFA 20 ရဲ့ အမြန်ဆုံး ထိပ်သီး ကစားသမား ၂၀ ထဲ ပါဝင်နေပြီး ၎င်း အဆင့်က ၁၆ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့ ပွဲက ပင်နယ်တီပြစ်ဒဏ်ဘောဟာ ထိချက် အနည်းငယ်သာ ရှိခဲ့ပေမယ့် ပါးနပ်တဲ့ ရက်ဖို့ဒ်က ထိုအခွင့်အရေးကို စောင့်နေခဲ့သလို ရုတ်ချည်းလဲကျခဲ့တယ်လို့ လက်စတာနည်းပြ ရော်ဂျာက ဆိုလိုက်ကာ ထို ပင်နယ်တီဂိုးကပဲ ရမှတ် သုံးမှတ်လုံး ပြိုင်ဘက်ကို ပေးအပ်ခဲ့ရကြောင်း ငြီးငြူခဲ့ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား တာဟစ်ချောင်က အသင်းအတွက် ကစားခွင့်ရတဲ့ အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင် ကြိုးစားပြဖို့ စိတ်အား ထက်သန်နေပြီး ယူရိုပါလိဂ်ပွဲစဉ်များမှာ ကစားခွင့်ရကာ အသင်းအတွက် သက်ရောက်မှုရှိအောင် စွမ်းဆောင်ပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

စနေနေ့က လက်စတာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် အနိုင်ရခဲ့တဲ့ ပင်နယ်တီဟာ မန်ယူအတွက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲအတွင်း ၄ ကြိမ်မြောက် ပင်နယ်တီပြစ်ဒဏ် ရရှိခြင်းဖြစ်ပါတယ်။

မန်ယူမန်နေဂျာ ဆိုးရှားက ဒီရာသီ ရရှိနေတဲ့ ပင်နယ်တီထက် ပိုများတဲ့ ပင်နယ်တီတွေ ရသင့်ကြောင်း ထုတ်ပြောခဲ့ပြီး ကလပ်အသင်း ဒီရာသီမှာ ပင်နယ်တီတွေ အများအပြားရနေတာက ကလပ်အသင်းရဲ့ ကစားဟန်ကြောင့်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင် ယန်းက အသင်းကောင်းတစ်သင်းဖြစ်တဲ့ လက်စတာနဲ့ပွဲမှာ ပြိုင်ဘက်တိုက်စစ်သမားတွေကို အကောင်းဆုံး တုန့်ပြန်ရင်ဆိုင်သွားတဲ့ မက်ဂွိုင်းရားရဲ့ တည်ငြိမ်မှုကောင်းတွေကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

မန်ယူ ယူ-၂၃ နည်းပြ နေးဝုဒ်က လူငယ်အသင်းမှာ အထင်ကြီးဖွယ် တိုးတက်လာနေတာကို အသက် ၁၈ နှစ်အရွယ် လူငယ်စတားလေး Largie Ramazani ကို ထုတ်ဖော်ချီးကျူးခဲ့ပြီး သွင်းဂိုးတွေအတွက် အကျိုးဖြစ်သူလို့ ဆိုခဲ့ပါတယ်။