နယူးကာဆယ္ကို ဦးေဆာင္ဂိုး ေပးခဲ့ရေသာ္လညး္ ၃-၁ နဲ႕ အနိုင္ကန္နုိင္ခဲ့ရာမွာ အေရးပါတဲ့ ေနရာက ပါ၀င္ခဲ့တဲ့ တိုက္စစ္မွဴး ဖာမီနိုကို လီဗာပူး ဘယ္စြန္ ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္က ခ်ီးေျမွာက္စကား ဆိုခဲ့ျပီး ကလပ္အသင္းဟာ ဖာမီနိုကို လိုကို လိုအပ္တာပါလို႔ ေျပာၾကားခဲ့ပါတယ္။

ဥေရာပ ထိပ္သီးလိဂ္ ၅ ခုမွာ ဒီရာသီ ရာနႈန္းျပည့္ နိုင္ပြဲရထားတဲ့ အသင္းက လီဗာပူးနဲ႕ အင္တာမီလန္ နွစ္သင္းသာ ရွိေတာ့ပါတယ္။ အခုခ်ိန္ထိ လီဗာပူးက ငါးပြဲ ကစားထားျပီး အင္တာက သံုးပြဲ ကစားထားတာပါ။

အိုရီဂီ ဒဏ္ရာ ရအျပီး နာရီပိုင္း အၾကာမွာပဲ လီဗာပူးအသင္းဟာ လူငယ္တိုက္စစ္မွဴး ရာဟင္းဘရူးစတားကို လီဗာပူး U23 အသင္းကေန ျပန္ေခၚလိုက္ေၾကာင္း သိရပါတယ္။

ကလပ္အသင္းမွာလို ေျခစြမ္းေကာင္းမ်ား မျပသဘူးလို႔ ေရာ္ဘတ္ဆန္ အေပၚ စေကာ့တလန္ ပရိသတ္ေတြက ေ၀ဖန္ေနတာနဲ႕ ပတ္သတ္ျပီး ယာဂင္ကေလာ့ပ္က စိတ္ရွည္ေပးၾကဖို႔နဲ႕ ယံုၾကည္မႈ ဆက္လက္ ထားရွိေပးရန္ ေတာင္းဆိုလိုက္ပါတယ္။

လီဗာပူးအသင္းဟာ မႏွစ္ကရာသီမွာ ၾကီး ၆ ၾကီး ျပင္ပကလပ္ေတြကို ယွဥ္ျပိဳင္ရာမွာ ရႏုိင္တဲ့ ရမွတ္ထဲက ၆ မွတ္ ဆံုးရံွဴးႏုိင္တဲ့ သေရပြဲ သံုးပြဲ ရွိခဲ့ျပီး အဆိုပါ အမွားကို ဒီရာသီမွာ ထပ္လုပ္မွာ မဟုတ္ဘူးလို႔ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က သတိေပးလိုက္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ေဖာင္လာက ကလပ္အသင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအား သံုးရာသီဆက္တုိက္ တက္ေရာက္ႏုိင္ေအာင္ စြမ္းေဆာင္ဖို႔ တိုက္တြန္းလိုက္ပါတယ္။ လက္ရွိ ခ်န္ပီယံ လီဗာပူးဟာ ဒီအပတ္မွာ နာပိုလီနဲ႔ ဥေရာပခရီးကို စတင္ရမွာျဖစ္ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက သူဟာ လီဗာပူးအေၾကာင္း ေကာင္းေကာင္းသိျမင္ထားသလို ျပဳမႈေနေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ စီမံေနမႈကို ဘာတစ္ခုမွ ေရရာစြာ မရွိေသးပဲ ပိုတိုးတက္လာတဲ့ အသင္းကို ျမင္ေနရတာပါလို႔ အဂၤလန္မီဒီယာေတြက ေရးသားခဲ့ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ဗီဒစ္က ဗန္ဒိုက္ကို ကြင္းထဲမွာ ျမင္လိုက္တာနဲ႔ ျပိဳင္ဘက္တိုက္စစ္သမားေတြက ေက်ာ္ျဖတ္ရခက္တဲ့ လူေကာင္ၾကီးအျဖစ္ ျမင္ေယာင္ၾကခ်ိန္မွာ အသင္းေဖာ္ေတြက ခံစစ္အတြက္ လံုျခံဳစိတ္ခ်မႈကို ေပးမယ္သူလို႔ စိတ္ေအးလက္ေအး ရွိေစတဲ့ ကမၻာထိပ္တန္းခံစစ္မွဴးပါလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

UNICODE

နယူးကာဆယ်ကို ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း ၃-၁ နဲ့ အနိုင်ကန်နိုင်ခဲ့ရာမှာ အရေးပါတဲ့ နေရာက ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုကို လီဗာပူး ဘယ်စွန် ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ချီးမြှောက်စကား ဆိုခဲ့ပြီး ကလပ်အသင်းဟာ ဖာမီနိုကို လိုကို လိုအပ်တာပါလို့ ပြောကြားခဲ့ပါတယ်။

ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အသင်းက လီဗာပူးနဲ့ အင်တာမီလန် နှစ်သင်းသာ ရှိတော့ပါတယ်။ အခုချိန်ထိ လီဗာပူးက ငါးပွဲ ကစားထားပြီး အင်တာက သုံးပွဲ ကစားထားတာပါ။

အိုရီဂီ ဒဏ်ရာ ရအပြီး နာရီပိုင်း အကြာမှာပဲ လီဗာပူးအသင်းဟာ လူငယ်တိုက်စစ်မှူး ရာဟင်းဘရူးစတားကို လီဗာပူး U23 အသင်းကနေ ပြန်ခေါ်လိုက်ကြောင်း သိရပါတယ်။

ကလပ်အသင်းမှာလို ခြေစွမ်းကောင်းများ မပြသဘူးလို့ ရော်ဘတ်ဆန် အပေါ် စကော့တလန် ပရိသတ်တွေက ဝေဖန်နေတာနဲ့ ပတ်သတ်ပြီး ယာဂင်ကလော့ပ်က စိတ်ရှည်ပေးကြဖို့နဲ့ ယုံကြည်မှု ဆက်လက် ထားရှိပေးရန် တောင်းဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကရာသီမှာ ကြီး ၆ ကြီး ပြင်ပကလပ်တွေကို ယှဉ်ပြိုင်ရာမှာ ရနိုင်တဲ့ ရမှတ်ထဲက ၆ မှတ် ဆုံးရံှူးနိုင်တဲ့ သရေပွဲ သုံးပွဲ ရှိခဲ့ပြီး အဆိုပါ အမှားကို ဒီရာသီမှာ ထပ်လုပ်မှာ မဟုတ်ဘူးလို့ ဘယ်အစွန်လူ ရော်ဘတ်ဆန်က သတိပေးလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ဖောင်လာက ကလပ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအား သုံးရာသီဆက်တိုက် တက်ရောက်နိုင်အောင် စွမ်းဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ချန်ပီယံ လီဗာပူးဟာ ဒီအပတ်မှာ နာပိုလီနဲ့ ဥရောပခရီးကို စတင်ရမှာဖြစ်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူဟာ လီဗာပူးအကြောင်း ကောင်းကောင်းသိမြင်ထားသလို ပြုမှုနေပေမယ့် ယာဂင်ကလော့ပ်ရဲ့ စီမံနေမှုကို ဘာတစ်ခုမှ ရေရာစွာ မရှိသေးပဲ ပိုတိုးတက်လာတဲ့ အသင်းကို မြင်နေရတာပါလို့ အင်္ဂလန်မီဒီယာတွေက ရေးသားခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗီဒစ်က ဗန်ဒိုက်ကို ကွင်းထဲမှာ မြင်လိုက်တာနဲ့ ပြိုင်ဘက်တိုက်စစ်သမားတွေက ကျော်ဖြတ်ရခက်တဲ့ လူကောင်ကြီးအဖြစ် မြင်ယောင်ကြချိန်မှာ အသင်းဖော်တွေက ခံစစ်အတွက် လုံခြုံစိတ်ချမှုကို ပေးမယ်သူလို့ စိတ်အေးလက်အေး ရှိစေတဲ့ ကမ္ဘာထိပ်တန်းခံစစ်မှူးပါလို့ ချီးကျူးခဲ့ပါတယ်။