အာဆင္နယ္ဟာ အေဝးကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ဆိုးရြားတဲ့ ခံစစ္ကစားပံုေၾကာင့္ ပထမပိုင္း ဦးေဆာင္ဂိုးေတြကို လက္လြတ္ခဲ့ရျပီး ပြဲအျပီးမွာ ၂-၂ ဆိုတဲ့ ရလဒ္ပဲ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္ အထူးေျခစြမ္းျပႏုိင္ျခင္းေၾကာင့္ ပထမပိုင္းမွာ သြင္းဂိုး ၂ ဂိုးထိ ရရွိခဲ့တယ္။ ဒါေပမယ့္ ဒုတိယပိုင္း အာဆင္နယ္ရဲ႕ ကစားပံုက ေမးခြန္းထုတ္စရာျဖစ္ခဲ့ျပီး အေတာ္ေလး ညံ့ဖ်င္းခဲ့ကာ အေရးနိမ့္ႏုိင္ေလာက္တဲ့ အေျခအေနထိကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္က ေျပာရာမွာ ” က်ေနာ္တုိ႔ စိတ္ပ်က္ခဲ့ရပါတယ္။ ေကာင္းမြန္တဲ့ ပထမပိုင္းကို ပိုင္ခဲ့ေပမယ့္ က်ေနာ္တို႔ ဒုတိယပိုင္းကို ဆိုးဆိုးရြားရြား ကစားခဲ့တယ္။ ဒီအတြက္ တန္ေၾကးကို ျပန္ေပးခဲ့ရတာပဲျဖစ္ပါတယ္။ သူတို႔မွာ ဒီထက္ ပိုမရံွဴးႏုိင္ေတာ့ဘူးဆိုတဲ့ အေနအထားကို က်ေနာ္ သိခဲ့ပါတယ္။

က်ေနာ္တို႔ ကိုယ္ရဲ႕ပြဲကို အေကာင္းဆံုး မျပသႏုိင္ခဲ့ဘူး။ က်ေနာ္တုိ႔ အရမ္းကို ေၾကာက္ေနခဲ့ျပီး ဘယ္သူမွလည္း ေဘာလံုးကို မလိုခ်င္ခဲ့ပါဘူး။ ပရီးမီးယားလိဂ္မွာရွိတဲ့ ကလပ္အသင္းတိုင္းက သြင္းဂိုးေတြ ရယူျပီးတိုင္း တည္တည္ျငိမ္ျငိမ္ရွိေနဖို႔ လုံေလာက္ေအာင္ သန္မာၾကပါတယ္။ စိတ္ဓါတ္ပိုင္းဆုိင္ရာလည္း ၾကံ႕ခိုင္ၾကတယ္။ က်ေနာ္တုိ႔ကေတာ့ အဲ့သည္လုိ႔ မဟုတ္ခဲ့ဘူး။ ဒါက သိပ္ေကာင္းတဲ့ အခ်က္ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဇယားေအာက္ေျခမွာ ရုန္းကန္ေနရျပီး မန္ေနဂ်ာအေျပာင္းအလဲ လုပ္ထားတဲ့ ဝတ္ဖိုဒ့္ဟာ အာဆင္နယ္ကို ရင္ဆိုင္ကစားခ်ိန္မွာ ဂိုးေပါက္ျခိမ္းေျခာက္မႈ ၃၁ ၾကိမ္ထိ လုပ္ခဲ့ျပီး အာဆင္နယ္ဘက္က ၇ ၾကိမ္ပဲ လုပ္ႏုိင္ခဲ့ကာ အခြင့္အေရး ဖန္တီးမႈပိုင္းမွာလည္း ၂၃ ၾကိမ္ ၆ ၾကိမ္ထိ ကြာျခားသည္ထိ အာဆင္နယ္က ပံုစံဆိုးခဲ့တာပဲ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်ဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့် ပထမပိုင်း ဦးဆောင်ဂိုးတွေကို လက်လွတ်ခဲ့ရပြီး ပွဲအပြီးမှာ ၂-၂ ဆိုတဲ့ ရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန် အထူးခြေစွမ်းပြနိုင်ခြင်းကြောင့် ပထမပိုင်းမှာ သွင်းဂိုး ၂ ဂိုးထိ ရရှိခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်း အာဆင်နယ်ရဲ့ ကစားပုံက မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး အတော်လေး ညံ့ဖျင်းခဲ့ကာ အရေးနိမ့်နိုင်လောက်တဲ့ အခြေအနေထိကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်က ပြောရာမှာ ” ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ကောင်းမွန်တဲ့ ပထမပိုင်းကို ပိုင်ခဲ့ပေမယ့် ကျနော်တို့ ဒုတိယပိုင်းကို ဆိုးဆိုးရွားရွား ကစားခဲ့တယ်။ ဒီအတွက် တန်ကြေးကို ပြန်ပေးခဲ့ရတာပဲဖြစ်ပါတယ်။ သူတို့မှာ ဒီထက် ပိုမရံှူးနိုင်တော့ဘူးဆိုတဲ့ အနေအထားကို ကျနော် သိခဲ့ပါတယ်။

ကျနော်တို့ ကိုယ်ရဲ့ပွဲကို အကောင်းဆုံး မပြသနိုင်ခဲ့ဘူး။ ကျနော်တို့ အရမ်းကို ကြောက်နေခဲ့ပြီး ဘယ်သူမှလည်း ဘောလုံးကို မလိုချင်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်မှာရှိတဲ့ ကလပ်အသင်းတိုင်းက သွင်းဂိုးတွေ ရယူပြီးတိုင်း တည်တည်ငြိမ်ငြိမ်ရှိနေဖို့ လုံလောက်အောင် သန်မာကြပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ကြတယ်။ ကျနော်တို့ကတော့ အဲ့သည်လို့ မဟုတ်ခဲ့ဘူး။ ဒါက သိပ်ကောင်းတဲ့ အချက် မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဇယားအောက်ခြေမှာ ရုန်းကန်နေရပြီး မန်နေဂျာအပြောင်းအလဲ လုပ်ထားတဲ့ ဝတ်ဖိုဒ့်ဟာ အာဆင်နယ်ကို ရင်ဆိုင်ကစားချိန်မှာ ဂိုးပေါက်ခြိမ်းခြောက်မှု ၃၁ ကြိမ်ထိ လုပ်ခဲ့ပြီး အာဆင်နယ်ဘက်က ၇ ကြိမ်ပဲ လုပ်နိုင်ခဲ့ကာ အခွင့်အရေး ဖန်တီးမှုပိုင်းမှာလည်း ၂၃ ကြိမ် ၆ ကြိမ်ထိ ကွာခြားသည်ထိ အာဆင်နယ်က ပုံစံဆိုးခဲ့တာပဲ ဖြစ်ပါတယ်။