ခ်ယ္ဆီး ၾကယ္ပြင့္တိုက္စစ္သမား အိုဒြိဳင္းဟာ ဒီတပတ္ ဗလင္စီယာနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ ျပန္ ပါ၀င္လာနုိင္ဖြယ္ ရွိတယ္လို႔ ခ်ယ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က အတည္ျပဳလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အားထားရတဲ့ ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းဟာ ျပီးခဲ့တဲ့ ဧျပီတည္းက ဘန္ေလနဲ႕ပြဲမွာ ေျခဖေနာင့္ ဒဏ္ရာ ရခဲ့တာ ျဖစ္ျပီး ျပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ ခ်ယ္ဆီး U23 အသင္းနဲ႕အတူ မိနစ္ ၆၀ မွ် ပါ၀င္ကစားခဲ့ပါတယ္။ အိုဒြိဳင္း ထရိန္နင္ ျပန္ဆင္းေနတာကလည္း သံုးပတ္ နီးပါးမွ် ရွိခဲ့ပါျပီ။

” က်ေနာ္ ဒီမနက္ သူ (အိုဒြိဳင္း)နဲ႕ စကားေျပာျဖစ္တယ္။ သူ ျပန္ပါ၀င္လာနုိ္ငဖို႔ သိပ္မလိုေတာ့ပါဘူး။ က်ေန္ာတို႔ ဂရုေတာ့ စိုက္ရမွာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ သူ ရခဲ့တာ ဒဏ္ရာၾကီးေလ။ က်ေနာ္တို႔ ေတာက္ေလ်ာက္ ေစာင့္ၾကည့္ေနျပီး ဒဏ္ရာရတဲ့ေနရာမွာ လံုး၀ ပံုမွန္ျပန္ျဖစ္တာ ေသခ်ာေအာင္ လုပ္ေနပါတယ္။ ဒဏ္ရာ အရွင္း မေပ်ာက္ရင္ ေနာက္ဆက္တြဲေတြ ရွိနိုင္တယ္ေလ။ ”

” ေသာၾကာေန႔ကေတာ့ သူ ပြဲ ၀င္ကစားထားတယ္.. ဒါေၾကာင့္ အသင့္ျဖစ္ဖို႔ သိပ္မလိုေတာ့ပါဘူး။ အသင္းနဲ႕ အတူ ထရိန္နင္ ဆင္းေနတာ လည္း ၂ပတ္ ၃ပတ္ေလာက္ ရွိေနျပီ။ ေနာက္ အပတ္ ၾကားရက္မွာ ကာရာေဘာင္းဖလားပြဲ ရွိတယ္ အဲဒီပြဲအတြက္ ဒဏ္ရာရထားတဲ့ ကစားသမားေတြထဲက ဘယ္သူ ျပန္ေကာင္း ျပန္ပါ၀င္နိုင္မလဲ စဥ္းစားမွာပါ။ ”

” အိုဒြိဳင္းကေတာ့ ဒီတပတ္ထဲမွာ အေျခအေနေကာင္းရင္ ေလ့က်င့္ေရးမွာ အဆင္ေျပရင္ အခုက စျပီး သူ ပါ၀င္ကစားနုိင္ဖို႔ ထည့္ စဥ္းစားပါျပီ။ ” လို႔ လမ္းပတ္က ဒီတပတ္ ၀ုဗ္ကို နုိင္တဲ့ ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

အကယ္ဒမီ ထြက္ေတြ ေျခစြာေနတဲ့ ခ်ယ္ဆီးအသင္းထဲမွာ ေနာက္ထပ္ တိုက္စစ္ၾကယ္ပြင့္ အိုဒြိဳင္းလဲ ပါ၀င္လာေတာ့မွာ ျဖစ္လို႔ လမ္းပတ္ရဲ႕ အသင္းကေတာ့ ရင္ခုန္စရာေတြ ျပည့္ေနပါျပီ။

Myan News

UNICODE – ချယ်ဆီး ကြယ်ပွင့်တိုက်စစ်သမား အိုဒွိုင်းဟာ ဒီတပတ် ဗလင်စီယာနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ပြန် ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ ချယ်ဆီးနည်းပြ ဖရန့် လမ်းပတ်က အတည်ပြုလိုက်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ဧပြီတည်းက ဘန်လေနဲ့ပွဲမှာ ခြေဖနောင့် ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ချယ်ဆီး U23 အသင်းနဲ့အတူ မိနစ် ၆၀ မျှ ပါဝင်ကစားခဲ့ပါတယ်။ အိုဒွိုင်း ထရိန်နင် ပြန်ဆင်းနေတာကလည်း သုံးပတ် နီးပါးမျှ ရှိခဲ့ပါပြီ။

” ကျနော် ဒီမနက် သူ (အိုဒွိုင်း)နဲ့ စကားပြောဖြစ်တယ်။ သူ ပြန်ပါဝင်လာနိုငဖို့ သိပ်မလိုတော့ပါဘူး။ ကျနေ်ာတို့ ဂရုတော့ စိုက်ရမှာပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူ ရခဲ့တာ ဒဏ်ရာကြီးလေ။ ကျနော်တို့ တောက်လျောက် စောင့်ကြည့်နေပြီး ဒဏ်ရာရတဲ့နေရာမှာ လုံး၀ ပုံမှန်ပြန်ဖြစ်တာ သေချာအောင် လုပ်နေပါတယ်။ ဒဏ်ရာ အရှင်း မပျောက်ရင် နောက်ဆက်တွဲတွေ ရှိနိုင်တယ်လေ။ ”

” သောကြာနေ့ကတော့ သူ ပွဲ ဝင်ကစားထားတယ်.. ဒါကြောင့် အသင့်ဖြစ်ဖို့ သိပ်မလိုတော့ပါဘူး။ အသင်းနဲ့ အတူ ထရိန်နင် ဆင်းနေတာ လည်း ၂ပတ် ၃ပတ်လောက် ရှိနေပြီ။ နောက် အပတ် ကြားရက်မှာ ကာရာဘောင်းဖလားပွဲ ရှိတယ် အဲဒီပွဲအတွက် ဒဏ်ရာရထားတဲ့ ကစားသမားတွေထဲက ဘယ်သူ ပြန်ကောင်း ပြန်ပါဝင်နိုင်မလဲ စဉ်းစားမှာပါ။ ”

” အိုဒွိုင်းကတော့ ဒီတပတ်ထဲမှာ အခြေအနေကောင်းရင် လေ့ကျင့်ရေးမှာ အဆင်ပြေရင် အခုက စပြီး သူ ပါဝင်ကစားနိုင်ဖို့ ထည့် စဉ်းစားပါပြီ။ ” လို့ လမ်းပတ်က ဒီတပတ် ဝုဗ်ကို နိုင်တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အကယ်ဒမီ ထွက်တွေ ခြေစွာနေတဲ့ ချယ်ဆီးအသင်းထဲမှာ နောက်ထပ် တိုက်စစ်ကြယ်ပွင့် အိုဒွိုင်းလဲ ပါဝင်လာတော့မှာ ဖြစ်လို့ လမ်းပတ်ရဲ့ အသင်းကတော့ ရင်ခုန်စရာတွေ ပြည့်နေပါပြီ။

Myan News