ခ်ယ္ဆီးအကယ္ဒမီထြက္ လူငယ္ေတြ ျဖစ္တဲ့ ေအဗရာဟမ္၊ ေမဆန္ေမာင့္၊ တိုမိုရီတို႔ဟာ အသင္း အေျပာင္းအေရႊ႕ ပိတ္ပင္ခံရျခင္းကေန အက်ိဳးရွိခဲ့ၾကသူေတြ ျဖစ္ျပီး မဟုတ္ရင္ စီနီယာအသင္းၾကီးနဲ႕အတူ အခြင့္အေရးေပးျခင္း ခံရမွာ မဟုတ္ေၾကာင္း ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္း တိုနီ ကပ္စကာရီနုိက မွတ္ခ်က္ျပဳလိုက္ပါတယ္။

၀ုဗ္နဲ႕ပြဲမွာ ဟက္ထရစ္ ဂိုးသြင္းခဲ့ေပမယ့္ ေအဗရာဟမ္ အေပၚ ေလွ်ာ့ေပးမွာ မဟုတ္ဘဲ ပိုျပီး ခက္ခဲျပင္းထန္တဲ့ တြန္းအားေတြ ေပးသြားဦးမွာ ျဖစ္တယ္လို႔ ခ်ယ္ဆီးနည္းျပ လမ္းပတ္က ေျပာၾကားလိုက္ပါတယ္။

ကာလရွည္ ဒဏ္ရာေၾကာင့္ နားေနခဲ့တဲ့ ခ်ယ္ဆီး လူငယ္တိုက္စစ္သမား အိုဒြိဳင္းဟာ လာမယ့္အပတ္အတြင္းမွာေတာ့ အသင္းအတြက္ ျပန္ကစား ေပးႏိုင္ဖို႕မ်ားေၾကာင္း လမ္းပတ္က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အိုဒြိဳင္းဟာ ေသာၾကာေန႕ကပဲ ခ်ယ္ဆီး U23 အသင္းနဲ႕ အတူ တစ္နာရီမွ် ပါ၀င္ကစားခဲ့ပါတယ္။

ခ်ယ္ဆီး လူငယ္ကစားသမား တိုမိုရီက ခံစစ္သမား ျဖစ္ေပမယ့္ ဂိုးသြင္းယူနိုင္တဲ့အေပၚ အလြန္ ၀မ္းေျမာက္ေနျပီး ခ်ယ္ဆီးအသင္း နုိင္ပြဲေတြနဲ႕ အတူ clean sheet ေတြလည္း ရရွိလာမယ္ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဘရာဇီးသား တိုက္စစ္သမား ၀ီလ်ံကိုလည္း ေနာက္ထပ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ အလိုရွိေနပါတယ္။ ၀ီလ်ံကလည္း လက္တေလာ အင္တာဗ်ဴးမွာတင္ အသင္းနဲ႕စာခ်ဳပ္ သက္တမ္း တစ္နွစ္သာ က်န္ရွိေၾကာင္းနဲ႕ လက္ရွိကလပ္မွာပဲ ဆက္ေနလိုေၾကာင္း ဖြင့္ဟ ေျပာဆိုထားတာပါ။

ခ်ယ္ဆီး လူငယ္ကစားသမားေတြရဲ႕ အစြမ္းျပမႈမ်ားနဲ႕ ပတ္သတ္ျပီး နည္းျပ လမ္းပတ္က ” အသင္းက လူငယ္ေတြရဲ႕ တိုးတက္မႈနဲ႕ တိုးပြား လာေနတဲ့ ယံုၾကည္မႈေတြက အားရစရာ ေကာင္းပါတယ္။ ဒါေပမယ့္ လံုး၀ ထိပ္တန္းေရာက္ေနတာေတာ့ မဟုတ္ေသးဘူး။ ဒါေပမယ့္ ဒီလို လူငယ္ေတြ အသင္းလိုက္ ကစားပံုေကာင္းေကာင္း အခ်ိတ္ဆက္မိမိ ကစားနိုင္တာကို က်ေနာ္ ေပ်ာ္ရႊင္ရပါတယ္။” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အဂၤါေန႔ည ၁ နာရီခြဲ အခ်ိန္မွာ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပဲ အျဖစ္ ဗလင္စီယာအသင္းကို အိမ္ကြင္း စတမ္းဖို႕ဘရစ္ခ်္ မွာ ဧည့္ခံကစားသြားရမွာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ပြဲၾကိဳ ခ်ယ္ဆီးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ခံစစ္မွဴး ရူဒီဂါ မပါဝင္လာပါဘူး။ ဒဏ္ရာျပန္ရျခင္းလို႔ သတင္းထြက္ေနသလို ေနာက္အပတ္ေတြမွာ ပရီးမီးယားလိဂ္ျပိဳင္ပြဲေတြ အင္တိုက္အားတိုက္ ကစားႏုိင္ဖို႔ ၾကံ႕ခိုင္မႈ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြ လုပ္ေနျခင္းလို႔လည္း အသံထြက္ေနပါတယ္။

ခ်န္ပီယံလိဂ္ ပြဲနဲ႕ ပတ္သတ္ျပီး လမ္းပတ္က – ” ခ်ယ္ဆီးအသင္းသားေတြလည္း ခ်န္ပီယံလိဂ္ မကစားရတာ တစ္နွစ္အၾကာမွာ အခုလို ျပန္ကစားခြင့္ရေတာ့ စိတ္အားထက္သန္ေနမယ္ ထင္ပါတယ္။ က်ေနာ္လည္း မန္ေနဂ်ာ ဘ၀ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ အတြက္ ရင္ခုန္ေမွ်ာ္လင့္ ေနပါျပီ။” လို႔ ဆိုခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီးအကယ်ဒမီထွက် လူငယ်တွေ ဖြစ်တဲ့ အေဗရာဟမ်၊ မေဆန်မောင့်၊ တိုမိုရီတို့ဟာ အသင်း အပြောင်းအရွှေ့ ပိတ်ပင်ခံရခြင်းကနေ အကျိုးရှိခဲ့ကြသူတွေ ဖြစ်ပြီး မဟုတ်ရင် စီနီယာအသင်းကြီးနဲ့အတူ အခွင့်အရေးပေးခြင်း ခံရမှာ မဟုတ်ကြောင်း ချယ်ဆီး တိုက်စစ်မှူးဟောင်း တိုနီ ကပ်စကာရီနိုက မှတ်ချက်ပြုလိုက်ပါတယ်။

ဝုဗ်နဲ့ပွဲမှာ ဟက်ထရစ် ဂိုးသွင်းခဲ့ပေမယ့် အေဗရာဟမ် အပေါ် လျှော့ပေးမှာ မဟုတ်ဘဲ ပိုပြီး ခက်ခဲပြင်းထန်တဲ့ တွန်းအားတွေ ပေးသွားဦးမှာ ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ပြောကြားလိုက်ပါတယ်။

ကာလရှည် ဒဏ်ရာကြောင့် နားနေခဲ့တဲ့ ချယ်ဆီး လူငယ်တိုက်စစ်သမား အိုဒွိုင်းဟာ လာမယ့်အပတ်အတွင်းမှာတော့ အသင်းအတွက် ပြန်ကစား ပေးနိုင်ဖို့များကြောင်း လမ်းပတ်က အတည်ပြု ပြောကြားခဲ့ပါတယ်။ အိုဒွိုင်းဟာ သောကြာနေ့ကပဲ ချယ်ဆီး U23 အသင်းနဲ့ အတူ တစ်နာရီမျှ ပါဝင်ကစားခဲ့ပါတယ်။

ချယ်ဆီး လူငယ်ကစားသမား တိုမိုရီက ခံစစ်သမား ဖြစ်ပေမယ့် ဂိုးသွင်းယူနိုင်တဲ့အပေါ် အလွန် ဝမ်းမြောက်နေပြီး ချယ်ဆီးအသင်း နိုင်ပွဲတွေနဲ့ အတူ clean sheet တွေလည်း ရရှိလာမယ် ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဘရာဇီးသား တိုက်စစ်သမား ဝီလျံကိုလည်း နောက်ထပ် စာချုပ်သစ် ချုပ်ဆိုသွားဖို့ အလိုရှိနေပါတယ်။ ဝီလျံကလည်း လက်တလော အင်တာဗျူးမှာတင် အသင်းနဲ့စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိကြောင်းနဲ့ လက်ရှိကလပ်မှာပဲ ဆက်နေလိုကြောင်း ဖွင့်ဟ ပြောဆိုထားတာပါ။

ချယ်ဆီး လူငယ်ကစားသမားတွေရဲ့ အစွမ်းပြမှုများနဲ့ ပတ်သတ်ပြီး နည်းပြ လမ်းပတ်က ” အသင်းက လူငယ်တွေရဲ့ တိုးတက်မှုနဲ့ တိုးပွား လာနေတဲ့ ယုံကြည်မှုတွေက အားရစရာ ကောင်းပါတယ်။ ဒါပေမယ့် လုံး၀ ထိပ်တန်းရောက်နေတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီလို လူငယ်တွေ အသင်းလိုက် ကစားပုံကောင်းကောင်း အချိတ်ဆက်မိမိ ကစားနိုင်တာကို ကျနော် ပျော်ရွှင်ရပါတယ်။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အင်္ဂါနေ့ည ၁ နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပဲ အဖြစ် ဗလင်စီယာအသင်းကို အိမ်ကွင်း စတမ်းဖို့ဘရစ်ချ် မှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲကြို ချယ်ဆီးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ခံစစ်မှူး ရူဒီဂါ မပါဝင်လာပါဘူး။ ဒဏ်ရာပြန်ရခြင်းလို့ သတင်းထွက်နေသလို နောက်အပတ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ အင်တိုက်အားတိုက် ကစားနိုင်ဖို့ ကြံ့ခိုင်မှု ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်နေခြင်းလို့လည်း အသံထွက်နေပါတယ်။

ချန်ပီယံလိဂ် ပွဲနဲ့ ပတ်သတ်ပြီး လမ်းပတ်က – ” ချယ်ဆီးအသင်းသားတွေလည်း ချန်ပီယံလိဂ် မကစားရတာ တစ်နှစ်အကြာမှာ အခုလို ပြန်ကစားခွင့်ရတော့ စိတ်အားထက်သန်နေမယ် ထင်ပါတယ်။ ကျနော်လည်း မန်နေဂျာ ဘ၀ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် အတွက် ရင်ခုန်မျှော်လင့် နေပါပြီ။” လို့ ဆိုခဲ့ပါတယ်။

Myan News