လီဗာပူးအသင္းဟာ ဗန္ဒိုက္နဲ႕ တြဲ ကစားေစဖို႔ နာပိုလီအသင္းမွ ဗဟိုခံစစ္မွဴး ကူလီဘိုင္ေလကို ေခၚယူရန္ ၾကံရြယ္ေနတယ္လို႔ သိရပါတယ္။ လီဗာပူးက ဗန္ဒိုက္ကို စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေခၚျပီး အသင္းခံစစ္ေၾကာင္းကို သိသာစြာ ေျပာင္းလဲ ထားနိုင္ခဲ့တာပါ။

ပြဲစဥ္ ၅ အတြက္ ပရီးမီးယားလိဂ္ တစ္ပတ္တာ အေကာင္းဆံုး အသင္းစာရင္းမွ လီဗာပူးမွ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္နဲ႔ တုိက္စစ္မွဴး ဖာမင္ႏိုတို႔ ပါဝင္ခဲ့ပါတယ္။ သြင္းဂိုးေတြ ရယူေပးခဲ့တဲ့ မာေနးနဲ႔ ဆာလက္တုိ႔ကေတာ့ မပါဝင္ခဲ့ပါဘူး။

ဖီဖာ ကလပ္အသင္းမ်ား ကမၻာ့ဖလားမ်ား ပြဲစဥ္ဇယား အျပည့္အစံု ဒီေန႔မွာ ထြက္ေပၚလာရာ လီဗာပူးအသင္းဟာ ဒီဇင္ဘာ ၁၈ ရက္ေန႕မွာ ျပိဳင္ပြဲ ဒုတိယအဆင့္ ပြဲစဥ္ ၂ မွ အနိုင္ရတဲ့ အသင္းနဲ႕ ဆီမီးဖိုင္နယ္အျဖစ္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

စီးတီးကြင္းလယ္ ကစားသမား ဒီဘရိုင္းက မန္စီးတီးအသင္းဟာ အခ်ိန္တန္ရင္ လီဗာပူးအသင္းကို ျပန္ အမွီလိုက္နိုင္ပါတယ္လို႔ ေျပာၾကား လိုက္ပါတယ္။ မန္စီးတီးက ဒီတပတ္မွာ ေနာ၀စ္ခ်္ကို မထင္မွတ္ဘဲ ရွံဳးနိမ့္ခဲ့တာေၾကာင့္ လီဗာပူးအသင္းနဲ႕ ၅ မွတ္ ျပတ္သြားခဲ့ျပီ ျဖစ္ပါတယ္။

” ျပီးခဲ့တဲ့ ရာသီတုန္းကဆို က်ေနာ္တို႔ လီဗာပူးေနာက္ ၇ မွတ္ အကြာထိေတာင္ က်န္ခဲ့ပါတယ္။ ဒါမ်ိဳးက ျဖစ္တတ္တယ္။ က်ေန္ာတို႔လည္း ပြဲတိုင္း အနုိင္ကစားခ်င္တာပါ.. ဒါေပမယ့္ အဲလိုျဖစ္ဖို႔က ခက္ခဲလြန္းတယ္။” လို႔ ဒီဘရိုင္းက ဆိုပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲ စဥ္ အျဖစ္ နာပိုလီနဲ႕ အဂၤါေန႔ည ၁ နာရီ ခြဲမွာ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္လို႔ ပြဲၾကိဳ ေလ့က်င့္မႈမ်ားကို ယေန႔မနက္တည္းက မဲလ္၀ုဒ္မွာ စတင္ေနျပီ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က မန္ယူအသင္းထံ ေျပာင္းခဲ့ျခင္းအတြက္ လူမႈကြန္ယက္ကေန လီဗာပူး ပရိတ္သတ္ေတြရဲ႕ ေန႕စဥ္ ျပင္းထန္တဲ့ ေ၀ဖန္ တုိက္ခုိက္မွဳေတြဟာ သူ႕ကို စိတ္ ရွဳပ္ေထြးမႈ မ်ားေစခဲ့တယ္လို႕ ၀န္ခံသြားခဲ့ပါတယ္။

စက္တင္ဘာလ အေစာပိုင္းမွာပဲ အသက္ ၁၈ နွစ္ ျပည့္သြားတဲ့ လူငယ္ ကြင္းလယ္ကစားသမား ဂ်ိတ္ကိန္းကို လီဗာပူးအသင္းက ဒီေန႔မွာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။

Myan News

UNICODE – လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ တွဲ ကစားစေဖို့ နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူရန် ကြံရွယ်နေတယ်လို့ သိရပါတယ်။ လီဗာပူးက ဗန်ဒိုက်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ပြီး အသင်းခံစစ်ကြောင်းကို သိသာစွာ ပြောင်းလဲ ထားနိုင်ခဲ့တာပါ။

ပွဲစဉ် ၅ အတွက် ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး အသင်းစာရင်းမှ လီဗာပူးမှ ဘယ်အစွန်လူ ရော်ဘတ်ဆန်နဲ့ တိုက်စစ်မှူး ဖာမင်နိုတို့ ပါဝင်ခဲ့ပါတယ်။ သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ မာနေးနဲ့ ဆာလက်တို့ကတော့ မပါဝင်ခဲ့ပါဘူး။

ဖီဖာ ကလပ်အသင်းများ ကမ္ဘာ့ဖလားများ ပွဲစဉ်ဇယား အပြည့်အစုံ ဒီနေ့မှာ ထွက်ပေါ်လာရာ လီဗာပူးအသင်းဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ် ၂ မှ အနိုင်ရတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

စီးတီးကွင်းလယ် ကစားသမား ဒီဘရိုင်းက မန်စီးတီးအသင်းဟာ အချိန်တန်ရင် လီဗာပူးအသင်းကို ပြန် အမှီလိုက်နိုင်ပါတယ်လို့ ပြောကြား လိုက်ပါတယ်။ မန်စီးတီးက ဒီတပတ်မှာ နောဝစ်ချ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ ရာသီတုန်းကဆို ကျနော်တို့ လီဗာပူးနောက် ၇ မှတ် အကွာထိတောင် ကျန်ခဲ့ပါတယ်။ ဒါမျိုးက ဖြစ်တတ်တယ်။ ကျနေ်ာတို့လည်း ပွဲတိုင်း အနိုင်ကစားချင်တာပါ.. ဒါပေမယ့် အဲလိုဖြစ်ဖို့က ခက်ခဲလွန်းတယ်။” လို့ ဒီဘရိုင်းက ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ စဉ် အဖြစ် နာပိုလီနဲ့ အင်္ဂါနေ့ည ၁ နာရီ ခွဲမှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်လို့ ပွဲကြို လေ့ကျင့်မှုများကို ယနေ့မနက်တည်းက မဲလ်ဝုဒ်မှာ စတင်နေပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူအသင်းထံ ပြောင်းခဲ့ခြင်းအတွက် လူမှုကွန်ယက်ကနေ လီဗာပူး ပရိတ်သတ်တွေရဲ့ နေ့စဉ် ပြင်းထန်တဲ့ ဝေဖန် တိုက်ခိုက်မှုတွေဟာ သူ့ကို စိတ် ရှုပ်ထွေးမှု များစေခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

စက်တင်ဘာလ အစောပိုင်းမှာပဲ အသက် ၁၈ နှစ် ပြည့်သွားတဲ့ လူငယ် ကွင်းလယ်ကစားသမား ဂျိတ်ကိန်းကို လီဗာပူးအသင်းက ဒီနေ့မှာ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

Myan News