ပရီးမီးယားလိဂ္တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က မန္ယူအသင္းထံ ေျပာင္းခဲ့ျခင္းအတြက္ လူမႈကြန္ယက္ကေန လီဗာပူး ပရိတ္သတ္ေတြရဲ႕ ေန႕စဥ္ ျပင္းထန္တဲ့ ေ၀ဖန္ တုိက္ခုိက္မွဳေတြဟာ သူ႕ကို စိတ္ ရွဳပ္ေထြးမႈ မ်ားေစခဲ့တယ္လို႕ ၀န္ခံသြားခဲ့ပါတယ္။

ပြဲစဥ္ ၅ အတြက္ ပရီးမီးယားလိဂ္ တစ္ပတ္တာ အေကာင္းဆံုး အသင္းစာရင္းမွ မန္ယူအသင္း ဂိုးသမားျဖစ္သူ ဒီဂီယာနဲ႔ ဗဟိုခံစစ္မွဴး မက္ဂြဲရားတို႔ ပါဝင္ခဲ့ပါတတယ္။ မန္ယူဟာ လက္စတာကို ယွဥ္ျပိဳင္တဲ့ပြဲမွာ ၁-၀ ရလဒ္နဲ႔ အႏုိင္ရခဲ့ျခင္းျဖစ္ပါတယ္။

မန္ယူတိုက္စစ္သမား ရပ္ဖို႔က လက္စတာနဲ႔ပြဲမွာ သူကန္သြင္းတဲ့ ပင္နယ္တီဟာ ဂိုးသမားကိုၾကည့္ျပီးမွ ကန္ခဲ့တာပါလို႔ ဆိုပါတယ္။ လက္စတာဂိုးသမားဟာ ဒိုင္ပင္ ၾကိဳပစ္တတ္ျပီး ပစ္အားေကာင္းတာေၾကာင့္ သူ႔ရဲ႕ ကိုယ္ေနဟန္ထားကို ၾကည့္ျပီး ကန္သြင္းတာက အေရးပါခဲ့တယ္လို႔ ရပ္ဖို႔က ေျပာပါတယ္။

မန္ခ်က္စတာ ယူႏုိက္တက္ဟာ ၾကာသပေတး ေန႔မွာ ယူရိုပါလိဂ္ အုပ္စု အဖြင့္ပြဲအျဖစ္ အက္စတာနာအသင္းကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ၿပဳိင္ရမွာ ျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ ၀က္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲကစားရမွာပဲ ျဖစ္ပါတယ္။

မန္ယူ ဂႏၶဝင္ ကစားသမားေဟာင္း ျဖစ္သူ ဂယ္ရီ နဗီက အသင္းေဟာင္း မန္ယူအသင္းဘက္က မန္ေနဂ်ာရာထူးအတြက္ ကမ္းလွမ္းလာခဲ့ပါက ျငင္းဆန္ ထြက္ေျပးမိမွာပါပဲလုိ႔ ထုတ္ေဖာ္ ေျပာၾကားသြားပါတယ္။

မန္ယူအသင္းဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ကစားေနရမယ့္ အသင္းမ်ိဴး မဟုတ္ပဲ ဥေရာပအဆင့္ျမင့္ဆံုး ျပိဳင္ပဲြၾကီးမွာ ခ်န္ပီယံဆုအတြက္ ႏွစ္တုိင္း စိန္ေခၚေနသင့္တဲ့ အသင္းျဖစ္ေၾကာင္း ညာအစြန္လူ ဒါေလာ့က ထုတ္ေျပာခဲ့ပါတယ္။

မန္ယူကြင္းလယ္က ဝါရင့္ကစားသမားက မာတစ္ကေတာ့ အသင္းတစ္သင္းအတြက္ ပြဲထြက္ကစားခြင့္ ရရွိေနျခင္းမွာ လူငယ္ေတြ၊ ဝါရင့္ေတြရယ္လုိ႔ မရွိပဲ ပြဲထြက္ကစားခြင့္ ရရွိျခင္းဟာ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္လို႔ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

မန္ယူအသင္းပရိသတ္ေတြၾကားမွာ ေပါ့ဘာနဲ႔ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ တိုနီခရုစ္တုိ႔ကို အလိုက္ေပး လဲလွယ္မႈကိစၥ သေဘာတူညီလားလို႔ မဲေပးမႈေတြ လုပ္ၾကရာမွာ မ်ားစြာေသာ ပရိသတ္ေတြဘက္က မွ်တတဲ့ လဲလွယ္မႈ မဟုတ္ေၾကာင္း သေဘာထား ထုတ္ေဖာ္ေနၾကပါတယ္။

မန္ယူအသင္း ကြင္းလယ္လူ မာတစ္ကို ေခၚယူဖို႔ ၾကိဳးစားလိုတဲ့ ကလပ္အသင္း အနည္းဆံုး ေလးသင္းထိရွိျပီး စီးရီးေအလိဂ္မွ ကလပ္အသင္းေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။

မန္ယူအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ႏုိင္တဲ့ ကစားသမား ၆ ဦးထိ ဒဏ္ရာျပသနာ ရင္ဆိုင္ေနရျခင္းကို မန္ေနဂ်ာဆုိးရွားက အေတာ္ေလး စိတ္ပ်က္ေနပါတယ္။ ဒီအေျခအေနဟာ လပိုင္းေလာက္ထိ အနည္းဆံုး ၾကာျမင့္မွာျဖစ္ျပီး ကာလရွည္ ဒဏ္ရာရသူေတြလည္း ပါဝင္ေနတာပါ။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မန်ယူအသင်းထံ ပြောင်းခဲ့ခြင်းအတွက် လူမှုကွန်ယက်ကနေ လီဗာပူး ပရိတ်သတ်တွေရဲ့ နေ့စဉ် ပြင်းထန်တဲ့ ဝေဖန် တိုက်ခိုက်မှုတွေဟာ သူ့ကို စိတ် ရှုပ်ထွေးမှု များစေခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ပွဲစဉ် ၅ အတွက် ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး အသင်းစာရင်းမှ မန်ယူအသင်း ဂိုးသမားဖြစ်သူ ဒီဂီယာနဲ့ ဗဟိုခံစစ်မှူး မက်ဂွဲရားတို့ ပါဝင်ခဲ့ပါတတယ်။ မန်ယူဟာ လက်စတာကို ယှဉ်ပြိုင်တဲ့ပွဲမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

မန်ယူတိုက်စစ်သမား ရပ်ဖို့က လက်စတာနဲ့ပွဲမှာ သူကန်သွင်းတဲ့ ပင်နယ်တီဟာ ဂိုးသမားကိုကြည့်ပြီးမှ ကန်ခဲ့တာပါလို့ ဆိုပါတယ်။ လက်စတာဂိုးသမားဟာ ဒိုင်ပင် ကြိုပစ်တတ်ပြီး ပစ်အားကောင်းတာကြောင့် သူ့ရဲ့ ကိုယ်နေဟန်ထားကို ကြည့်ပြီး ကန်သွင်းတာက အရေးပါခဲ့တယ်လို့ ရပ်ဖို့က ပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကြာသပတေး နေ့မှာ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲအဖြစ် အက်စတာနာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကစားရမှာပဲ ဖြစ်ပါတယ်။

မန်ယူ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီက အသင်းဟောင်း မန်ယူအသင်းဘက်က မန်နေဂျာရာထူးအတွက် ကမ်းလှမ်းလာခဲ့ပါက ငြင်းဆန် ထွက်ပြေးမိမှာပါပဲလို့ ထုတ်ဖော် ပြောကြားသွားပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ကစားနေရမယ့် အသင်းမျိူး မဟုတ်ပဲ ဥရောပအဆင့်မြင့်ဆုံး ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုအတွက် နှစ်တိုင်း စိန်ခေါ်နေသင့်တဲ့ အသင်းဖြစ်ကြောင်း ညာအစွန်လူ ဒါလော့က ထုတ်ပြောခဲ့ပါတယ်။

မန်ယူကွင်းလယ်က ဝါရင့်ကစားသမားက မာတစ်ကတော့ အသင်းတစ်သင်းအတွက် ပွဲထွက်ကစားခွင့် ရရှိနေခြင်းမှာ လူငယ်တွေ၊ ဝါရင့်တွေရယ်လို့ မရှိပဲ ပွဲထွက်ကစားခွင့် ရရှိခြင်းဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်လို့ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

မန်ယူအသင်းပရိသတ်တွေကြားမှာ ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရုစ်တို့ကို အလိုက်ပေး လဲလှယ်မှုကိစ္စ သဘောတူညီလားလို့ မဲပေးမှုတွေ လုပ်ကြရာမှာ များစွာသော ပရိသတ်တွေဘက်က မျှတတဲ့ လဲလှယ်မှု မဟုတ်ကြောင်း သဘောထား ထုတ်ဖော်နေကြပါတယ်။

မန်ယူအသင်း ကွင်းလယ်လူ မာတစ်ကို ခေါ်ယူဖို့ ကြိုးစားလိုတဲ့ ကလပ်အသင်း အနည်းဆုံး လေးသင်းထိရှိပြီး စီးရီးအေလိဂ်မှ ကလပ်အသင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်တဲ့ ကစားသမား ၆ ဦးထိ ဒဏ်ရာပြသနာ ရင်ဆိုင်နေရခြင်းကို မန်နေဂျာဆိုးရှားက အတော်လေး စိတ်ပျက်နေပါတယ်။ ဒီအခြေအနေဟာ လပိုင်းလောက်ထိ အနည်းဆုံး ကြာမြင့်မှာဖြစ်ပြီး ကာလရှည် ဒဏ်ရာရသူတွေလည်း ပါဝင်နေတာပါ။