ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ မန္စီးတီးအသင္းက အေဝးကြင္းအျဖစ္ ယူကရိန္းကလပ္ ရွက္တာဒိုးနက္နဲ႔ ယွဥ္ျပိဳင္ရာမွာ မာရက္စ္ တိုက္စစ္ ေျခစြမ္းျပမႈေၾကာင့္ မာရက္စ္၊ ေဂၚဒိုဂန္၊ ဂ်ီဆုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၃ – ၀ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရခ့ဲပါတယ္။

ရွက္တာနဲ႔ပြဲမွာ မန္စီးတီး ခံစစ္ကို ေအာ္တာမန္ဒီနဲ႔ ဖာနန္ဒင္ဟိုတို႔က ဦးေဆာင္ခဲ့ပါတယ္။ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားကေတာ့ မာရက္စ္ျဖစ္ျပီး ကိုယ္တိုင္ ၁ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

စပါးက ဂရိကလပ္ အုိလံပီယာကိုစ့္အသင္းနဲ႔ ၂ ဂိုးစီသေရက်ခဲ့သလို အေစာပိုင္း ယွဥ္ျပိဳင္တဲ့ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔က နာပိုလီနဲ႔ ဗလန္စီယာတို႔ကို အေရးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စုတြင္း အဖြင့္ပြဲစဥ္ေတြမွာ တစ္သင္းတည္းေသာ အႏုိင္ရ အဂၤလန္အသင္းအျဖစ္ မန္စီးတီးကပဲ အႏုိင္ရလဒ္ကို ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာဂြာဒီယိုလာက ခံစစ္အတြက္ ေအာ္တာမန္ဒီကို ဖာနန္ဒင္ဟိုနဲ႔ တြဲဖက္ သံုးခဲ့ေပမယ့္ ဒါဟာ ေရတိုအတြက္ ေျဖရွင္းနည္းျဖစ္ျပီး ဗဟိုခံစစ္အတြက္ လူငယ္ကစားသမားတစ္ဦးကို ေနရာေပးလာဖြယ္ရွိတယ္။

မန္စီးတီး ၾကယ္ပြင့္ တိုက္စစ္မွဴး အဂြယ္ရိုက သူ ငယ္စဥ္ အာဂ်င္တီးနားမွာ ရွိစဥ္က လီဗာပူးအသင္းကို နွစ္သက္စြာ ေစာင့္ၾကည့္ရင္း ၾကီးျပင္းလာခဲ့ကာ မိုက္ကယ္ အို၀င္က အၾကိဳက္ဆံုး တိုက္စစ္မွဴး ျဖစ္ခဲ့တယ္လို႔ ဖြင့္ဟ ၀န္ခံခဲ့ပါတယ္။

ဗဟိုခံစစ္မွာ ဒဏ္ရာျပသနာေတြ ရွိေနတဲ့ၾကားက အေဝးကြင္းမွာ ရွက္တာဒိုးနက္ကို ဂိုးျပတ္ အႏုိင္ရတဲ့အေပၚ ကြင္းလယ္လူ ေဂၚဒိုဂန္က ေက်နပ္ေနျပီး ၅ ဂိုးေလာက္ေတာင္ ဂိုးျပတ္သြားခဲ့သင့္တယ္လို႔ ဆိုခဲ့ပါတယ္။

ဆာလက္ကို အေကာင္းဆံုးရင္ဆိုင္ ျပသြားတဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလဟာ ဗဟိုခံစစ္သမား လိုအပ္မႈေတြ ရွိေနတဲ့ မန္စီးတီး အတြက္ ေခၚယူသင့္တဲ့ စံျပ ကစားသမားမ်ိဳး ျဖစ္တယ္လို႔ ခရစၥဆက္တန္က တိုက္တြန္းသြားပါတယ္။

မန္စီးတီးဟာ လာမယ့္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္ဖို႔ဒ္ အသင္းကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ျပီး ၾကားရက္မွာလည္း ကာရာေဘာင္း ဖလား ပြဲစဥ္ အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္တယ္။

Myan News

UNICODE – ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းက အဝေးကွင်းအဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ယှဉ်ပြိုင်ရာမှာ မာရက်စ် တိုက်စစ် ခြေစွမ်းပြမှုကြောင့် မာရက်စ်၊ ဂေါ်ဒိုဂန်၊ ဂျီဆုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ – ၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရှက်တာနဲ့ပွဲမှာ မန်စီးတီး ခံစစ်ကို အော်တာမန်ဒီနဲ့ ဖာနန်ဒင်ဟိုတို့က ဦးဆောင်ခဲ့ပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားကတော့ မာရက်စ်ဖြစ်ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

စပါးက ဂရိကလပ် အိုလံပီယာကိုစ့်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့သလို အစောပိုင်း ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ချယ်ဆီးတို့က နာပိုလီနဲ့ ဗလန်စီယာတို့ကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုတွင်း အဖွင့်ပွဲစဉ်တွေမှာ တစ်သင်းတည်းသော အနိုင်ရ အင်္ဂလန်အသင်းအဖြစ် မန်စီးတီးကပဲ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်နေဂျာဂွာဒီယိုလာက ခံစစ်အတွက် အော်တာမန်ဒီကို ဖာနန်ဒင်ဟိုနဲ့ တွဲဖက် သုံးခဲ့ပေမယ့် ဒါဟာ ရေတိုအတွက် ဖြေရှင်းနည်းဖြစ်ပြီး ဗဟိုခံစစ်အတွက် လူငယ်ကစားသမားတစ်ဦးကို နေရာပေးလာဖွယ်ရှိတယ်။

မန်စီးတီး ကြယ်ပွင့် တိုက်စစ်မှူး အဂွယ်ရိုက သူ ငယ်စဉ် အာဂျင်တီးနားမှာ ရှိစဉ်က လီဗာပူးအသင်းကို နှစ်သက်စွာ စောင့်ကြည့်ရင်း ကြီးပြင်းလာခဲ့ကာ မိုက်ကယ် အိုဝင်က အကြိုက်ဆုံး တိုက်စစ်မှူး ဖြစ်ခဲ့တယ်လို့ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

ဗဟိုခံစစ်မှာ ဒဏ်ရာပြသနာတွေ ရှိနေတဲ့ကြားက အဝေးကွင်းမှာ ရှက်တာဒိုးနက်ကို ဂိုးပြတ် အနိုင်ရတဲ့အပေါ် ကွင်းလယ်လူ ဂေါ်ဒိုဂန်က ကျေနပ်နေပြီး ၅ ဂိုးလောက်တောင် ဂိုးပြတ်သွားခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။

ဆာလက်ကို အကောင်းဆုံးရင်ဆိုင် ပြသွားတဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေဟာ ဗဟိုခံစစ်သမား လိုအပ်မှုတွေ ရှိနေတဲ့ မန်စီးတီး အတွက် ခေါ်ယူသင့်တဲ့ စံပြ ကစားသမားမျိုး ဖြစ်တယ်လို့ ခရစ္စဆက်တန်က တိုက်တွန်းသွားပါတယ်။

မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဖို့ဒ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်မှာလည်း ကာရာဘောင်း ဖလား ပွဲစဉ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်တယ်။

Myan News