အီဗရာက ကလပ္အသင္းဂႏၱဝင္ မန္ေနဂ်ာၾကီးျဖစ္သူ ဆာအဲလက္စ္ ဖာဂူဆန္ဟာ လက္ရွိ မန္ယူအသင္းရဲ႕ ညာအစြန္လူ ဘစ္ဆာကာကို ႏွစ္သက္လိမ့္မယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

မႏွစ္တုန္းက ပဲေလစ့္အသင္းနဲ႔ ေတာက္ပလာခဲ့ျပီး ေဘာလံုးယွဥ္လုမႈ ၁၂၉ ၾကိမ္တိုင္ ေအာင္ျမင္ခဲ့သူျဖစ္ျပီး သူထက္ ပိုမ်ားမ်ား လုပ္ႏုိင္တဲ့သူလည္း မရွိေတာ့တာျဖစ္ပါတယ္။ သူဟာ ဒီေႏြမွာေတာ့ မန္ယူအသင္းထံ ေပါင္ ၅၀ သန္းနဲ႔ ေျပာင္းလာခဲ့ျပီး ေဘာလံုးဝင္လုမႈ ၂၈ ၾကိမ္ထိ ျပဳလုပ္ထားကာ ပရီးမီးယားလိဂ္မွာ အမ်ားဆံုးပဲ ျဖစ္ပါတယ္။

အီဗရာက မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္ဟာ တစ္ဦးခ်င္းေတြမွာ တိုက္ခိုက္လိုစိတ္ရွိတဲ့ ကစားသမားေတြကိုပဲ ႏွစ္သက္ျပီး အဲ့သည္လို ကစားသမားေတြကပဲ မန္ယူအသင္းအတြက္ ကစားေပးဖို႔ ထိုက္တန္တယ္လို႔ ဆိုခဲ့ေၾကာင္း ေျပာပါတယ္။ ဘစ္ဆာကာရဲ႕ အရည္အခ်င္းဟာ ဂႏၱဝင္မန္ေနဂ်ာၾကီးေတာင္ ႏွစ္သက္လိမ့္မယ္လို႔ သူက အခုလို ေျပာခဲ့တယ္။

ျပင္သစ္သားၾကီးက ေျပာရာမွာ “ ဘစ္ဆာကာက တိုက္စစ္ကို လိုက္ပါလိုျပီး သန္မာတဲ့ ခံစစ္သမားပါ။ ဖာဂူဆန္က အျမဲေျပာပါတယ္။ တစ္ဦးခ်င္းေတြမွာ ေပ်ာ္ရႊင္စြာ မကစားႏုိင္ရင္ ယူႏုိက္တက္အတြက္ ကစားေပးတဲ့သူ မျဖစ္သင့္ဘူးလို႔ပါ။ ဘစ္ဆာကာက ယူႏုိက္တက္အတြက္ ကစားေပးျပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ ” လို႔ ဆိုခဲ့တယ္။

မန္ယူအသင္းဟာ ရလဒ္ေတြမွာ မေကာင္းေပမယ့္လည္း ဘစ္ဆာကာကေတာ့ ပရိသတ္ သေဘာက်တဲ့ ကစားသမားအျဖစ္ စတင္ကာ ေနရာရလာခဲ့တာပါ။ သူဟာ ျပီးခဲ့တဲ့ ႏုိင္ငံတကာသီတင္းပတ္မွာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ဒဏ္ရာေၾကာင့္ ျပန္ႏုတ္ထြက္ခဲ့ျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ လက္စတာနဲ႔ပြဲမွာ ပါဝင္ခဲ့ပါတယ္။

UNICODE

အီဗရာက ကလပ်အသင်းဂန္တဝင် မန်နေဂျာကြီးဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ဟာ လက်ရှိ မန်ယူအသင်းရဲ့ ညာအစွန်လူ ဘစ်ဆာကာကို နှစ်သက်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။

မနှစ်တုန်းက ပဲလေစ့်အသင်းနဲ့ တောက်ပလာခဲ့ပြီး ဘောလုံးယှဉ်လုမှု ၁၂၉ ကြိမ်တိုင် အောင်မြင်ခဲ့သူဖြစ်ပြီး သူထက် ပိုများများ လုပ်နိုင်တဲ့သူလည်း မရှိတော့တာဖြစ်ပါတယ်။ သူဟာ ဒီနွေမှာတော့ မန်ယူအသင်းထံ ပေါင် ၅၀ သန်းနဲ့ ပြောင်းလာခဲ့ပြီး ဘောလုံးဝင်လုမှု ၂၈ ကြိမ်ထိ ပြုလုပ်ထားကာ ပရီးမီးယားလိဂ်မှာ အများဆုံးပဲ ဖြစ်ပါတယ်။

အီဗရာက မန်နေဂျာဟောင်း ဆာအဲလက်စ်ဟာ တစ်ဦးချင်းတွေမှာ တိုက်ခိုက်လိုစိတ်ရှိတဲ့ ကစားသမားတွေကိုပဲ နှစ်သက်ပြီး အဲ့သည်လို ကစားသမားတွေကပဲ မန်ယူအသင်းအတွက် ကစားပေးဖို့ ထိုက်တန်တယ်လို့ ဆိုခဲ့ကြောင်း ပြောပါတယ်။ ဘစ်ဆာကာရဲ့ အရည်အချင်းဟာ ဂန္တဝင်မန်နေဂျာကြီးတောင် နှစ်သက်လိမ့်မယ်လို့ သူက အခုလို ပြောခဲ့တယ်။

ပြင်သစ်သားကြီးက ပြောရာမှာ “ ဘစ်ဆာကာက တိုက်စစ်ကို လိုက်ပါလိုပြီး သန်မာတဲ့ ခံစစ်သမားပါ။ ဖာဂူဆန်က အမြဲပြောပါတယ်။ တစ်ဦးချင်းတွေမှာ ပျော်ရွှင်စွာ မကစားနိုင်ရင် ယူနိုက်တက်အတွက် ကစားပေးတဲ့သူ မဖြစ်သင့်ဘူးလို့ပါ။ ဘစ်ဆာကာက ယူနိုက်တက်အတွက် ကစားပေးပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ” လို့ ဆိုခဲ့တယ်။

မန်ယူအသင်းဟာ ရလဒ်တွေမှာ မကောင်းပေမယ့်လည်း ဘစ်ဆာကာကတော့ ပရိသတ် သဘောကျတဲ့ ကစားသမားအဖြစ် စတင်ကာ နေရာရလာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာသီတင်းပတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာကြောင့် ပြန်နုတ်ထွက်ခဲ့ပြီး နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။