ဗလန္စီယာနဲ႕ ပြဲမွာ ေျခက်င္း၀တ္ ထိခိုက္သြားခဲ့တဲ့ ခ်ယ္ဆီးလူငယ္ကစားသမား ေမဆန္ေမာင့္ရဲ႕ ဒဏ္ရာကို မနက္အေစာပိုင္းက scan ဖတ္ စစ္ေဆးရာမွာ ဆိုး၀ါးတဲ့ ထိခိုက္မႈ မရွိေၾကာင္း အတည္ျပဳခ်က္ထြက္လာပါတယ္။ ေျခက်င္း၀တ္ အေယာင္ေလ်ာ့သြားပါက ဒီအပတ္ထဲမွာပဲ ထပ္မံ စစ္ေဆးမႈ ျပဳလုုပ္ဦးမွာ ျဖစ္ပါတယ္။

ကာလရွည္ ဒဏ္ရာရွိေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိဟာ အေပါ့စား အေျပးေလ့က်င့္မႈမ်ား ျပဳလုပ္ေနတဲ့ ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ထားခဲ့ရာ ပရိသတ္မ်ား ေပ်ာ္ရႊင္ေနၾကပါတယ္။ ဒါေပမယ့္ အဂၤလန္သားဟာ ထရိန္နင္ အျပည့္ ျပန္ဆင္းနိုင္ဖို႔ သီတင္းပတ္ ၆ ပတ္မွ် ၾကာဦးမယ္လို႔ သိရပါတယ္။

ဗလန္စီယာကို ရွံဳးနိမ့္ခဲ့ေပမယ့္ ထိုပြဲက ခ်ယ္ဆီးအသင္းသား တစ္ေယာက္ရဲ႕ ေျခစြမ္းကို ပရိသတ္မ်ားက သေဘာက်ေနၾကျပီး ကူလီဘိုင္ေလ လို ေျခစြမ္းရွိသူလို႔ ခ်ီးက်ဴးေနၾကပါတယ္။ ထို ခံစစ္မွဴးကေတာ့ အကယ္ဒမီကစားသမားေလး တိုမိုရီ ျဖစ္ပါတယ္။

ဗလန္စီယာနဲ႕ ပြဲျပီး အင္တာဗ်ဴးမွာ ခ်ယ္ဆီး တိုက္စစ္သမား ၀ီလီယံက ၄င္းဟာ ဘာကေလထံမွ ပင္နယ္တီ ကန္ခြင့္ ေတာင္းခဲ့ေၾကာင္း ၀န္ခံလိုက္ျပီး ဘာကေလကလည္း ကိုယ္တိုင္ကန္ဖို႔ စိတ္ဆႏၵျပင္းျပေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ဒီအေနအထားကို ကိုယ္ခ်င္းစာေၾကာင္း ၀ီလီယံက ဆိုခဲ့ျပီး ပင္နယ္တီအေၾကာင့္ ေမ့ပစ္ကာ ေရွ႕ဆက္ၾကိဳးစားဖို႔ တိုက္တြန္းခဲ့ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္သမား ေရာ့စ္ ဘာကေလက ေလာေလာလတ္လတ္ ပင္နယ္တီ လြဲထားတဲ့ အမ်က္ေဒါသကို လာမယ့္ လီဗာပူးနဲ႕ ပြဲမွာ ေပါက္ကြဲဖို႔ ၾကံရြယ္ေနပါတယ္။ လီဗာပူးအသင္းက ျပည္တြင္း ပရီးမီးယားလိဂ္မွာ ရွံဳးပြဲ မရွိေသးေပမယ့္ ဒီၾကားရက္ ခ်န္ပီယံလိဂ္ပြဲမွာ နာပိုလီကို ရွံဳးပြဲေတြ႔ထားပါတယ္။

လမ္းပတ္ကေတာ့ တစ္ခါတစ္ေလမွာ စြမ္းေဆာင္ရည္ေကာင္းတိုင္း ရလဒ္ေကာင္းတစ္ခုကို ေအာင္ျမင္ႏုိင္မွာ မဟုတ္ေၾကာင္း ထုတ္ေျပာမႈနဲ႔အတူ လိဂ္ရဲ႕ အေကာင္းဆံုးအသင္းျဖစ္ေနတဲ့ လီဗာပူးကို အိမ္ကြင္းမွာ ရင္ဆိုင္ကစားဖို႔ အဆင္သင့္ျဖစ္ေနရမယ္လုိ႔ အသင္းသားေတြကို သတိေပး စကား ေျပာဆိုပါတယ္။

ခ်ယ္ဆီးနဲ႔ လီဗာပူးဟာ ရာသီ အေစာပိုင္းမွာ ဥေရာပ စူပါဖလား ဗိုလ္လုပြဲအျဖစ္ တူရကီေျမမွာ ထိပ္တိုက္ ရင္ဆိုင္ခဲ့ရျပီး မိနစ္ ၉၀ အတြင္း တဖက္ ၂ ဂိုးစီ သေရ ရလဒ္ ထြက္ေပၚခဲ့ကာ ပင္နယ္တီ အဆံုးအျဖတ္မွာ ခ်ယ္ဆီးက ၅ – ၄ ဆိုတဲ့ ရလဒ္နဲ႕ အေရးနိမ့္ ခဲ့တာျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ အသင္းဟာ နုိင္ပြဲေတြ စတင္ ရရွိထားတယ္ ဆိုေပမယ့္ အိမ္ကြင္းမွာ ပထမဆံုး နုိင္ပြဲ မရနုိင္ေသးဘဲ ျဖစ္ေနပါတယ္။ ဘာကေလကေတာ့ အေနွးနဲ႕ အျမန္ပဲ အိမ္ကြင္းနုိင္ပြဲ ရမယ္လို႔ ယံုၾကည္ထားတာပါ။ ခ်ယ္ဆီးက ဒီတပတ္ တနဂၤေႏြမွာ လီဗာပူးကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံကစားမွာ ျဖစ္ပါတယ္။

Myan News

UNICODE – ဗလန်စီယာနဲ့ ပွဲမှာ ခြေကျင်းဝတ် ထိခိုက်သွားခဲ့တဲ့ ချယ်ဆီး လူငယ်ကစားသမား မေဆန်မောင့်ရဲ့ ဒဏ်ရာကို မနက်အစောပိုင်းက scan ဖတ် စစ်ဆေးရာမှာ ဆိုးဝါးတဲ့ ထိခိုက်မှု မရှိကြောင်း အတည်ပြုချက်ထွက်လာပါတယ်။ ခြေကျင်းဝတ် အယောင်လျော့သွားပါက ဒီအပတ်ထဲမှာပဲ ထပ်မံ စစ်ဆေးမှု ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

ကာလရှည် ဒဏ်ရာရှိနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိဟာ အပေါ့စား အပြေးလေ့ကျင့်မှုများ ပြုလုပ်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ထားခဲ့ရာ ပရိသတ်များ ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် အင်္ဂလန်သားဟာ ထရိန်နင် အပြည့် ပြန်ဆင်းနိုင်ဖို့ သီတင်းပတ် ၆ ပတ်မျှ ကြာဦးမယ်လို့ သိရပါတယ်။

ဗလန်စီယာကို ရှုံးနိမ့်ခဲ့ပေမယ့် ထိုပွဲက ချယ်ဆီးအသင်းသား တစ်ယောက်ရဲ့ ခြေစွမ်းကို ပရိသတ်များက သဘောကျနေကြပြီး ကူလီဘိုင်လေ လို ခြေစွမ်းရှိသူလို့ ချီးကျူးနေကြပါတယ်။ ထို ခံစစ်မှူးကတော့ အကယ်ဒမီကစားသမားလေး တိုမိုရီ ဖြစ်ပါတယ်။

ဗလန်စီယာနဲ့ ပွဲပြီး အင်တာဗျူးမှာ ချယ်ဆီး တိုက်စစ်သမား ဝီလီယံက ၎င်းဟာ ဘာကလေထံမှ ပင်နယ်တီ ကန်ခွင့် တောင်းခဲ့ကြောင်း ဝန်ခံလိုက်ပြီး ဘာကလေကလည်း ကိုယ်တိုင်ကန်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီအနေအထားကို ကိုယ်ချင်းစာကြောင်း ဝီလီယံက ဆိုခဲ့ပြီး ပင်နယ်တီအကြောင့် မေ့ပစ်ကာ ရှေ့ဆက်ကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ရော့စ် ဘာကလေက လောလောလတ်လတ် ပင်နယ်တီ လွဲထားတဲ့ အမျက်ဒေါသကို လာမယ့် လီဗာပူးနဲ့ ပွဲမှာ ပေါက်ကွဲဖို့ ကြံရွယ်နေပါတယ်။ လီဗာပူးအသင်းက ပြည်တွင်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးပေမယ့် ဒီကြားရက် ချန်ပီယံလိဂ်ပွဲမှာ နာပိုလီကို ရှုံးပွဲတွေ့ထားပါတယ်။

လမ်းပတ်ကတော့ တစ်ခါတစ်လေမှာ စွမ်းဆောင်ရည်ကောင်းတိုင်း ရလဒ်ကောင်းတစ်ခုကို အောင်မြင်နိုင်မှာ မဟုတ်ကြောင်း ထုတ်ပြောမှုနဲ့အတူ လိဂ်ရဲ့ အကောင်းဆုံးအသင်းဖြစ်နေတဲ့ လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ အသင်းသားတွေကို သတိပေး စကား ပြောဆိုပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးဟာ ရာသီ အစောပိုင်းမှာ ဥရောပ စူပါဖလား ဗိုလ်လုပွဲအဖြစ် တူရကီမြေမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး မိနစ် ၉၀ အတွင်း တဖက် ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်မှာ ချယ်ဆီးက ၅ – ၄ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ နိုင်ပွဲတွေ စတင် ရရှိထားတယ် ဆိုပေမယ့် အိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲ မရနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဘာကလေကတော့ အနှေးနဲ့ အမြန်ပဲ အိမ်ကွင်းနိုင်ပွဲ ရမယ်လို့ ယုံကြည်ထားတာပါ။ ချယ်ဆီးက ဒီတပတ် တနင်္ဂနွေမှာ လီဗာပူးကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားမှာ ဖြစ်ပါတယ်။

Myan News