ေႏြအေျပာင္းအေရႊ႔မ်ာ အင္အားျဖည့္မႈၾကီးေတြ လုပ္ခဲ့ေပမယ့္ ရလဒ္ေကာင္းေတြ ထင္သေလာက္ မရျခင္းေၾကာင့္ မန္ေနဂ်ာအမ္မရီ ေဝဖန္ခံေနရသလို ကလပ္အသင္းသား အခ်ိဳ႕ကလည္း ေဝဖန္မႈေတြ ရရွိေနပါတယ္။

ဂန္းနားပရိသတ္ေတြ စိတ္တိုင္းက်ျခင္းကို ပိုင္ဆုိင္ေနျခင္း မရွိတဲ့ မစ္လန္ေနးကေတာ့ ညာအစြန္ေနရာက သူ႔ရဲ႕ ပံုမွန္ေနရာ မဟုတ္ပဲ ကစားသမားမရွိျခင္းေၾကာင့္ သူျဖည့္ကစားေပးေနရတာပါလို႔ ဆိုတယ္။ သူက တိုက္စစ္အားသန္ ကစားသမားျဖစ္လို႔ ခံစစ္မွာ လိုအပ္ခ်က္မ်ားတယ္လို႔ ေဝဖန္ၾကမႈေတြကလည္း မွ်တျခင္း မရွိဘူးလို႔ ယံုၾကည္ပါေၾကာင္း အခုလို ေျပာခဲ့ပါတယ္။

“ က်ေနာ္က ခံစစ္သမား မဟုတ္ပါဘူး ဒီေတာ့ က်ေနာ္ရဲ႕ ခံစစ္ကာကြယ္မႈေတြက ညံ့ဖ်င္းေနပါတယ္။ ဒါေပမယ့္ ဒါကလည္း ဒီႏွစ္ေတြမွာ က်ေနာ္ သင္ယူေနရတဲ့ အရာပါပဲ။ တစ္ညတည္းေသာ ေျပာင္းလဲႏုိင္မွာ မဟုတ္ပါဘူး။ ငယ္စဥ္ကတည္းက ခံစစ္သမားဆိုရင္ေတာ့ က်ေနာ္ရဲ႕ ခံစစ္ကစားပံုက ညံ့ဖ်င္းပါတယ္။ က်ေနာ္အေပၚ ေဝဖန္မႈေတြ ဘယ္ကေန ေရာက္လာတယ္ေတာ့ မသိပါဘူး။ က်ေနာ္က မန္ေနဂ်ာန႔ဲ အသင္းအတြက္ ၾကိဳးစားေပးေနတာပါ။

ခံစစ္ဟာ က်ေနာ္ရဲ႕ ေနရာ မဟုတ္ပါဘူး။ က်ေနာ္က တိုက္စစ္အားသန္ ကစားသမားပါ။ အသင္းအတြက္ တိုက္စစ္အားသန္ ေနရာမွာ က်ေနာ္ ၾကိဳးစားေပးႏုိင္ပါတယ္။ ခံစစ္ကာကြယ္ဖို႔ က်ေနာ္ ေလ့လာသင္ယူေနတယ္။ ဒါေၾကာင့္ ဒီေနရာနဲ႔ ပက္သက္တဲ့ စြမ္းရည္ေတြနဲ႔ ဘယ္လို ကိုင္တြယ္ရမယ္ ဆိုတာေတြကို က်ေနာ္ ေလ့လာေနပါတယ္ ” လို႔ မစ္လန္ေနးက ေျပာပါတယ္။

မၾကာခင္မွာ ဘယ္လာရင္ ျပန္လာေတာ့မွာျဖစ္လုိ႔ အသက္ ၂၂ ႏွစ္အရြယ္ မစ္လန္ေနးဟာ ညာအစြန္ေနရာကို တာဝန္ယူရေတာ့မွာ မဟုတ္ပါဘူး။ သူကေတာ့ မန္ေနဂ်ာ အမ္မရီကို လူငယ္ကစားသမားဘဝမွာ သူအေကာင္းဆံုး ကစားလာခဲ့တဲ့ ကြင္းလယ္နဲ႔ ေတာင္ပံေနရာေတြကို ကစားႏုိင္သူဆိုတာ သက္ေသျပလိုပါေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

UNICODE

နွေအပြောင်းအရွှေ့မျာ အင်အားဖြည့်မှုကြီးတွေ လုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ထင်သလောက် မရခြင်းကြောင့် မန်နေဂျာအမ်မရီ ဝေဖန်ခံနေရသလို ကလပ်အသင်းသား အချို့ကလည်း ဝေဖန်မှုတွေ ရရှိနေပါတယ်။

ဂန်းနားပရိသတ်တွေ စိတ်တိုင်းကျခြင်းကို ပိုင်ဆိုင်နေခြင်း မရှိတဲ့ မစ်လန်နေးကတော့ ညာအစွန်နေရာက သူ့ရဲ့ ပုံမှန်နေရာ မဟုတ်ပဲ ကစားသမားမရှိခြင်းကြောင့် သူဖြည့်ကစားပေးနေရတာပါလို့ ဆိုတယ်။ သူက တိုက်စစ်အားသန် ကစားသမားဖြစ်လို့ ခံစစ်မှာ လိုအပ်ချက်များတယ်လို့ ဝေဖန်ကြမှုတွေကလည်း မျှတခြင်း မရှိဘူးလို့ ယုံကြည်ပါကြောင်း အခုလို ပြောခဲ့ပါတယ်။

“ ကျနော်က ခံစစ်သမား မဟုတ်ပါဘူး ဒီတော့ ကျနော်ရဲ့ ခံစစ်ကာကွယ်မှုတွေက ညံ့ဖျင်းနေပါတယ်။ ဒါပေမယ့် ဒါကလည်း ဒီနှစ်တွေမှာ ကျနော် သင်ယူနေရတဲ့ အရာပါပဲ။ တစ်ညတည်းသော ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ခံစစ်သမားဆိုရင်တော့ ကျနော်ရဲ့ ခံစစ်ကစားပုံက ညံ့ဖျင်းပါတယ်။ ကျနော်အပေါ် ဝေဖန်မှုတွေ ဘယ်ကနေ ရောက်လာတယ်တော့ မသိပါဘူး။ ကျနော်က မန်နေဂျာနဲ့ အသင်းအတွက် ကြိုးစားပေးနေတာပါ။

ခံစစ်ဟာ ကျနော်ရဲ့ နေရာ မဟုတ်ပါဘူး။ ကျနော်က တိုက်စစ်အားသန် ကစားသမားပါ။ အသင်းအတွက် တိုက်စစ်အားသန် နေရာမှာ ကျနော် ကြိုးစားပေးနိုင်ပါတယ်။ ခံစစ်ကာကွယ်ဖို့ ကျနော် လေ့လာသင်ယူနေတယ်။ ဒါကြောင့် ဒီနေရာနဲ့ ပက်သက်တဲ့ စွမ်းရည်တွေနဲ့ ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာတွေကို ကျနော် လေ့လာနေပါတယ် ” လို့ မစ်လန်နေးက ပြောပါတယ်။

မကြာခင်မှာ ဘယ်လာရင် ပြန်လာတော့မှာဖြစ်လို့ အသက် ၂၂ နှစ်အရွယ် မစ်လန်နေးဟာ ညာအစွန်နေရာကို တာဝန်ယူရတော့မှာ မဟုတ်ပါဘူး။ သူကတော့ မန်နေဂျာ အမ်မရီကို လူငယ်ကစားသမားဘဝမှာ သူအကောင်းဆုံး ကစားလာခဲ့တဲ့ ကွင်းလယ်နဲ့ တောင်ပံနေရာတွေကို ကစားနိုင်သူဆိုတာ သက်သေပြလိုပါကြောင်းလည်း ပြောဆိုခဲ့ပါတယ်။