အာဆင္နယ္မန္ေနဂ်ာ အမ္မရီက ဒီရာသီ ပထမဆံုးေသာ ပြဲထြက္ကစားခြင့္အျဖစ္ ဝတ္ဖို႔နဲ႔ပြဲ တစ္ပြဲတည္းမွာ ပြဲထြက္လူစာရင္းေနရာက ပါဝင္ခဲ့ျပီး မိနစ္ ၇၀ နီးပါး ကစားခဲ့ရတဲ့ ကြင္းလယ္လူ အိုေဇးကို ယူရိုပါလိဂ္ပြဲမွာ အနားေပးကာ လူစာရင္း အေျပာင္းအလဲ ျပဳလုပ္မယ္လုိ႔ ထုတ္ေျပာခဲ့ ပါတယ္။

“အမ္မရီက “ က်ေနာ္တုိ႔ ပြဲေတြ အမ်ားၾကီး ကစားရဖို႔လိုျပီး ျခားနားတဲ့ ကစားသမားေတြနဲ႔ ပြဲထြက္လူစာရင္းကို အလွည့္အေျပာင္းေတြ ျပဳလုပ္ လိုပါတယ္။ အိုေဇးန႔ဲ ဆိုကေရးတစ္ဟာ ယူရိုပါလိဂ္ပြဲမွာ ပါဝင္မွာ မဟုတ္ပါဘူး။ သူတို႔ကို အနားေပးျပီး သီတင္းပတ္ အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲအတြက္ပဲ ေလ့က်င့္ေစမွာ ျဖစ္ပါတယ္။ ” လို႔ အမ္မရီက ဆိုပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ကေတာ့ အာဆင္နယ္တိုက္စစ္သမား ပီပီရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္ေနခဲ့ျပီး ၀က္ဖို႔ဒ္ကို အာဆင္နယ္ ၂-၂ နဲ႕ သေရက်တဲ့ ပြဲအျပီးမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ခ်ာလီနစ္ကိုးလပ္စ္က ထိုပြဲမွာ ေျခစြမ္း ဆိုးေနတာက ခံစစ္မွဴးူေတြတင္ မဟုတ္ဘဲ ပီပီလည္း ပါတယ္လို႔ ေထာက္ျပခဲ့တာပါ။

အာဆင္နယ္အသင္းဟာ ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ပြဲေတြထဲမွာ ဂ်န္႔အသင္းဘက္ ဟက္ထရစ္သြင္း္ခဲ့တဲ့ ရက္ဘူး ဆဲလ္ဘတ္အသင္းမွ တိုက္စစ္မွဴး Dominik Szoboszlai နဲ႕ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ကစားသမား Erling Braut Haaland တို႔ကို ေခၚယူဖို႔ မ်က္စိက်လာေၾကာင္း လန္ဒန္အေျခစိုက္ သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

ဆဲလ္ဘတ္အသင္း ၆-၂ နဲ႔ အႏုိင္ရမႈမွာ အဓိကက်တဲ့ တိုက္စစ္မွဴးျဖစ္ခဲ့သူ Haaland ကို ဥေရာပ မီဒီယာေတြက အသားေပး ေဖာ္ျပေနၾကေပမယ့္ Szoboszlai ဟာလည္း ေတာက္ပတဲ့ ကစားသမားအျဖစ္ ေျခစြမ္းျပႏုိင္ခဲ့သူပါ။ ၂၀၀၀ ခုႏွစ္ဖြား ကစားသမားေလးဟာ ဒီေႏြကမွ အသက္ ၁၈ ႏွစ္ ျပည့္ထားခဲ့သူလည္းျဖစ္တယ္။

ဖရန္႔ဖတ္နဲ႕ ယူရိုပါလိဂ္ ပြဲ အတြက္ အာဆင္နယ္အသင္းသားေတြ ဟာ ညကပဲ ခရီး ထြက္ခြာသြားခဲ့ျပီ ျဖစ္ရာ ေရာ့ဘ္ ဟိုးဒင္းပါ လိုက္ပါ သြားပါတယ္။ ထြက္ခြာသြားတဲ့ ၁၉ ေယာက္ လူစာရင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ဖရန္႔ဖတ္နည္းျပ အဒီဟက္တာက အာဆင္နယ္အသင္းရဲ႕ ဒုတိယပိုင္းေျခစြမ္းက်ဆင္းမႈကို သိပ္ ထည့္တြက္မထားဘဲ ၀က္ဖို႔ဒ္ကို သေရက်ခဲ့တဲ့ ပြဲအတြက္ အာဆင္နယ္ တုန္႔ျပန္လာမယ့္ ကစားပံုေကာင္းကို ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီဟာ အသင္းေခါင္းေဆာင္ ၅ ဦးစာရင္း ကို ဒီတပတ္ထဲမွာ ေၾကျငာဖို႔ စီစဥ္ထားခဲ့ေပမယ့္ ေရႊ႕ဆိုင္းလိုက္ျပီ ျဖစ္ျပီး ေနာ္တင္ဟမ္ေဖာရက္စ္အသင္းနဲ႔ ကစားမယ့္ ကာရာေဘာင္းဖလားပြဲစဥ္ျပီးမွာ ထုတ္ျပန္ေၾကျငာမွာလို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ ခံစစ္ကို အားျဖည့္ဖို႔အတြက္ အက္စတြန္ဗီလာ အသင္းက ခံစစ္မွဴး တုိင္ရုမ္း မင္းစ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။

Myan News

UNICODE – အာဆင်နယ်မန်နေဂျာ အမ်မရီက ဒီရာသီ ပထမဆုံးသော ပွဲထွက်ကစားခွင့်အဖြစ် ဝတ်ဖို့နဲ့ပွဲ တစ်ပွဲတည်းမှာ ပွဲထွက်လူစာရင်းနေရာက ပါဝင်ခဲ့ပြီး မိနစ် ၇၀ နီးပါး ကစားခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးကို ယူရိုပါလိဂ်ပွဲမှာ အနားပေးကာ လူစာရင်း အပြောင်းအလဲ ပြုလုပ်မယ်လို့ ထုတ်ပြောခဲ့ပါတယ်။

“အမ်မရီက “ ကျနော်တို့ ပွဲတွေ အများကြီး ကစားရဖို့လိုပြီး ခြားနားတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လူစာရင်းကို အလှည့်အပြောင်းတွေ ပြုလုပ်လိုပါတယ်။ အိုဇေးနဲ့ ဆိုကရေးတစ်ဟာ ယူရိုပါလိဂ်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ သူတို့ကို အနားပေးပြီး သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအတွက်ပဲ လေ့ကျင့်စေမှာ ဖြစ်ပါတယ်။ ” လို့ အမ်မရီက ဆိုပါတယ်။

ချာလီနစ်ကိုးလပ်စ်ကတော့ အာဆင်နယ်တိုက်စစ်သမား ပီပီရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေခဲ့ပြီး ဝက်ဖို့ဒ်ကို အာဆင်နယ် ၂-၂ နဲ့ သရေကျတဲ့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ချာလီနစ်ကိုးလပ်စ်က ထိုပွဲမှာ ခြေစွမ်း ဆိုးနေတာက ခံစစ်မှူးူတွေတင် မဟုတ်ဘဲ ပီပီလည်း ပါတယ်လို့ ထောက်ပြခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲတွေထဲမှာ ဂျန့်အသင်းဘက် ဟက်ထရစ်သွင်းခဲ့တဲ့ ရက်ဘူး ဆဲလ်ဘတ်အသင်းမှ တိုက်စစ်မှူး Dominik Szoboszlai နဲ့ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကစားသမား Erling Braut Haaland တို့ကို ခေါ်ယူဖို့ မျက်စိကျလာကြောင်း လန်ဒန်အခြေစိုက် သတင်းများမှာ ဖော်ပြလာပါတယ်။

ဆဲလ်ဘတ်အသင်း ၆-၂ နဲ့ အနိုင်ရမှုမှာ အဓိကကျတဲ့ တိုက်စစ်မှူးဖြစ်ခဲ့သူ Haaland ကို ဥရောပ မီဒီယာတွေက အသားပေး ဖော်ပြနေကြပေမယ့် Szoboszlai ဟာလည်း တောက်ပတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူပါ။ ၂၀၀၀ ခုနှစ်ဖွား ကစားသမားလေးဟာ ဒီနွေကမှ အသက် ၁၈ နှစ် ပြည့်ထားခဲ့သူလည်းဖြစ်တယ်။

ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ပွဲ အတွက် အာဆင်နယ်အသင်းသားတွေ ဟာ ညကပဲ ခရီး ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ ရော့ဘ် ဟိုးဒင်းပါ လိုက်ပါ သွားပါတယ်။ ထွက်ခွာသွားတဲ့ ၁၉ ယောက် လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဖရန့်ဖတ်နည်းပြ အဒီဟက်တာက အာဆင်နယ်အသင်းရဲ့ ဒုတိယပိုင်းခြေစွမ်းကျဆင်းမှုကို သိပ် ထည့်တွက်မထားဘဲ ဝက်ဖို့ဒ်ကို သရေကျခဲ့တဲ့ ပွဲအတွက် အာဆင်နယ် တုန့်ပြန်လာမယ့် ကစားပုံကောင်းကို မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ အသင်းခေါင်းဆောင် ၅ ဦးစာရင်း ကို ဒီတပတ်ထဲမှာ ကြေငြာဖို့ စီစဉ်ထားခဲ့ပေမယ့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားပွဲစဉ်ပြီးမှာ ထုတ်ပြန်ကြေငြာမှာလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ခံစစ်ကို အားဖြည့်ဖို့အတွက် အက်စတွန်ဗီလာ အသင်းက ခံစစ်မှူး တိုင်ရုမ်း မင်းစ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

Myan News