မန္ယူနည္းျပေဟာင္း ေမာ္ရင္ညိဳက လက္ရွိ မန္ခ်က္စတာယူနိုက္တက္ဟာ သူ ထားခဲ့တဲ့ ကစားသမားေတြအေပၚမွာသာ အားထား အသက္ဆက္ေနရဆဲ ျဖစ္တယ္လို႔ ေထာက္ျပေ၀ဖန္လိုက္ပါတယ္။

“ရက္ဖို႔ဒ္ကုိ နည္းျပ ဗန္ဟားလ္က စင္တင္ခဲ့ေပမယ့္ ဒီေကာင္ေလး ရင့္က်က္လာေအာင္၊ ယုံၾကည္မႈရွိလာေအာင္ က်ေနာ္ လုပ္ေပးခဲ့တာ။ တိုမီေနး၊ မာတစ္၊ ေပါ့ဂ္ဘာ စတဲ့ ကြင္းလယ္ ကစားသမားေတြကုိလည္း အတြဲအဖက္ တစ္ခုျဖစ္ေအာင္ က်ေနာ္ စတင္ပုံေဖာ္ခဲ့တယ္။ ခံစစ္မွာ လင္ဒီေလာ့ဖ္ကုိ ပရီးမီးယားလိဂ္နဲ႔ အံ၀င္ေအာင္ က်ေနာ္ အခ်ိန္ယူၿပီး လုပ္ေပးခဲ့တာပါ။ ဒီေတာ့ အခု မန္ယူဟာ က်ေနာ္ ထားခဲ့တဲ့ ကစားသမားေတြကုိ အားကုိးေနရဆဲျဖစ္တယ္ ” လုိ႔ ေမာ္ရင္ညိဳက ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အီတလီ စီးရီးေအ ကလပ္ ဘရက္စီယာအသင္းက ကြင္းလယ္ကစားသမား ဆန္ဒရို တိုနာလီကို ေစာင့္ၾကည့္ဖို႔ ကင္းေ္ထာက္မ်ား ေစလႊတ္္ခဲ့ေၾကာင္း အီတလီသတင္းမ်ားမွာ ေဖာ္ျပေနပါတယ္။ တိုနာလီကို ပီယာလို လက္သစ္လို႔ အမည္တပ္ျခင္း ခံထားရပါတယ္။

ယူရိုပါလိဂ္ပြဲၾကိဳမွာ ဆိုးရွားကို သတင္းသမားေတြက ဟာလန္းနဲ႔ အေျပာင္းအေရႊ႔ကိစၥကို ေမးျမန္းခဲ့ျပီး ေနာ္ေဝသား မန္ေနဂ်ာၾကီးက “ မေနညကပြဲကို ေစာင့္ၾကည့္ရတာက အရမ္းေကာင္းပါတယ္။ ဟာလန္းကို ၾကည့္ရတာလည္း အရမ္းေကာင္းပါတယ္။ ေနာ္ေဝက လူတိုင္းဟာ သူ႔ရဲ႕တိုးတက္မႈကို အရမ္း စိတ္လႈပ္ရွားေနၾကပါတယ္ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ေပါစခိုးက မန္ယူဟာ ေပါ့ဘာကို ဆံုးရံွဴးရလို႔လည္း ၾကီးၾကီးမားမား ထိခိုက္မႈရွိမွာ မဟုတ္ဘူးလုိ႔ သံုးသပ္လိုက္ပါတယ္။ ေပါ့ဘာရဲ႕ ေျခစြမ္းက ကလပ္အသင္းအေပၚ သက္ေရာက္မႈ ၾကီးမားေနတာမ်ိဳး မရွိလို႔ သူ႔ကို လက္လြတ္ရလည္း ကလပ္အသင္းက ေရွ႔ဆက္ႏုိင္ပါတယ္လုိ႔ ထုတ္ေျပာလိုက္ပါတယ္။

ဟာလန္းရဲ႕ဖခင္ျဖစ္သူက ကစားသမားဘဝ မဟာျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ရတဲ့ မန္ယူက သားျဖစ္သူကို ေခၚယူလိုမႈအေပၚ “ သူေျပာင္းႏုိင္ရင္ေတာ့ ေကာင္းပါလိမ့္မယ္။ အားေပးသူနဲ႔ အလုပ္ကို ခြဲျခားႏုိင္ဖို႔က အေရးၾကီးပါတယ္။ တကယ္ကို ကမ္းလွမ္းခံလာရရင္ေတာ့ ခံစားခ်က္ေတြ နည္နည္းရွိႏုိင္တာေပါ့။ ပရီးမီးယားလိဂ္က သူ႔အေပၚ ဆြဲေဆာင္မႈရွိတယ္ဆိုတာ သံသယျဖစ္စရာ မလိုပါဘူး ” လို႔ ေျပာခဲ့ပါတယ္။

မန္ယူတိုက္စစ္မွဴးရပ္ဖို႔က သူ႔ရဲ႕ ကလပ္အသင္း ကစားသမားဘဝကို စတင္ေစခဲ့တဲ့ ၂၀၁၆ ခုႏွစ္က ယူရိုပါလိဂ္ပြဲကို အမွတ္တရ အေနနဲ႔ အင္စတာဂရမ္ကေန ေရးသားခဲ့တယ္။ အဆိုပါ ပိုစ့္ကိုေတာ့ ကစားသမားေဟာင္း ဒီေပးက သူလည္း မွတ္မိတယ္လို႔ တုန္႔ျပန္သြားပါတယ္။

အီဗရာက ကလပ္အသင္းဂႏၱဝင္ မန္ေနဂ်ာၾကီးျဖစ္သူ ဆာအဲလက္စ္ ဖာဂူဆန္ဟာ လက္ရွိ မန္ယူအသင္းရဲ႕ ညာအစြန္လူ ဘစ္ဆာကာကို ႏွစ္သက္လိမ့္မယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုမႈ လုပ္ခဲ့ပါတယ္။ အီဗရာက မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္ဟာ တစ္ဦးခ်င္းေတြမွာ တိုက္ခိုက္လိုစိတ္ရွိတဲ့ ကစားသမားေတြကိုပဲ ႏွစ္သက္ျပီး အဲ့သည္လို ကစားသမားေတြကပဲ မန္ယူအသင္းအတြက္ ကစားေပးဖို႔ ထိုက္တန္တယ္လို႔ ဆိုခဲ့ေၾကာင္း ေျပာပါတယ္။

UNICODE

မန်ယူနည်းပြဟောင်း မော်ရင်ညိုက လက်ရှိ မန်ချက်စတာယူနိုက်တက်ဟာ သူ ထားခဲ့တဲ့ ကစားသမားတွေအပေါ်မှာသာ အားထား အသက်ဆက်နေရဆဲ ဖြစ်တယ်လို့ ထောက်ပြဝေဖန်လိုက်ပါတယ်။

“ရက်ဖို့ဒ်ကို နည်းပြ ဗန်ဟားလ်က စင်တင်ခဲ့ပေမယ့် ဒီကောင်လေး ရင့်ကျက်လာအောင်၊ ယုံကြည်မှုရှိလာအောင် ကျနော် လုပ်ပေးခဲ့တာ။ တိုမီနေး၊ မာတစ်၊ ပေါ့ဂ်ဘာ စတဲ့ ကွင်းလယ် ကစားသမားတွေကိုလည်း အတွဲအဖက် တစ်ခုဖြစ်အောင် ကျနော် စတင်ပုံဖော်ခဲ့တယ်။ ခံစစ်မှာ လင်ဒီလော့ဖ်ကို ပရီးမီးယားလိဂ်နဲ့ အံဝင်အောင် ကျနော် အချိန်ယူပြီး လုပ်ပေးခဲ့တာပါ။ ဒီတော့ အခု မန်ယူဟာ ကျနော် ထားခဲ့တဲ့ ကစားသမားတွေကို အားကိုးနေရဆဲဖြစ်တယ် ” လို့ မော်ရင်ညိုက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အီတလီ စီးရီးအေ ကလပ် ဘရက်စီယာအသင်းက ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီကို စောင့်ကြည့်ဖို့ ကင်းေ်ထာက်များ စေလွှတ်ခဲ့ကြောင်း အီတလီသတင်းများမှာ ဖော်ပြနေပါတယ်။ တိုနာလီကို ပီယာလို လက်သစ်လို့ အမည်တပ်ခြင်း ခံထားရပါတယ်။

ယူရိုပါလိဂ်ပွဲကြိုမှာ ဆိုးရှားကို သတင်းသမားတွေက ဟာလန်းနဲ့ အပြောင်းအရွှေ့ကိစ္စကို မေးမြန်းခဲ့ပြီး နော်ဝေသား မန်နေဂျာကြီးက “ မနေညကပွဲကို စောင့်ကြည့်ရတာက အရမ်းကောင်းပါတယ်။ ဟာလန်းကို ကြည့်ရတာလည်း အရမ်းကောင်းပါတယ်။ နော်ဝေက လူတိုင်းဟာ သူ့ရဲ့တိုးတက်မှုကို အရမ်း စိတ်လှုပ်ရှားနေကြပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ပေါစခိုးက မန်ယူဟာ ပေါ့ဘာကို ဆုံးရံှူးရလို့လည်း ကြီးကြီးမားမား ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။ ပေါ့ဘာရဲ့ ခြေစွမ်းက ကလပ်အသင်းအပေါ် သက်ရောက်မှု ကြီးမားနေတာမျိုး မရှိလို့ သူ့ကို လက်လွတ်ရလည်း ကလပ်အသင်းက ရှေ့ဆက်နိုင်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဟာလန်းရဲ့ဖခင်ဖြစ်သူက ကစားသမားဘဝ မဟာပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ မန်ယူက သားဖြစ်သူကို ခေါ်ယူလိုမှုအပေါ် “ သူပြောင်းနိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ အားပေးသူနဲ့ အလုပ်ကို ခွဲခြားနိုင်ဖို့က အရေးကြီးပါတယ်။ တကယ်ကို ကမ်းလှမ်းခံလာရရင်တော့ ခံစားချက်တွေ နည်နည်းရှိနိုင်တာပေါ့။ ပရီးမီးယားလိဂ်က သူ့အပေါ် ဆွဲဆောင်မှုရှိတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး ” လို့ ပြောခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးရပ်ဖို့က သူ့ရဲ့ ကလပ်အသင်း ကစားသမားဘဝကို စတင်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်က ယူရိုပါလိဂ်ပွဲကို အမှတ်တရ အနေနဲ့ အင်စတာဂရမ်ကနေ ရေးသားခဲ့တယ်။ အဆိုပါ ပိုစ့်ကိုတော့ ကစားသမားဟောင်း ဒီပေးက သူလည်း မှတ်မိတယ်လို့ တုန့်ပြန်သွားပါတယ်။

အီဗရာက ကလပ်အသင်းဂန္တဝင် မန်နေဂျာကြီးဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ဟာ လက်ရှိ မန်ယူအသင်းရဲ့ ညာအစွန်လူ ဘစ်ဆာကာကို နှစ်သက်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။ အီဗရာက မန်နေဂျာဟောင်း ဆာအဲလက်စ်ဟာ တစ်ဦးချင်းတွေမှာ တိုက်ခိုက်လိုစိတ်ရှိတဲ့ ကစားသမားတွေကိုပဲ နှစ်သက်ပြီး အဲ့သည်လို ကစားသမားတွေကပဲ မန်ယူအသင်းအတွက် ကစားပေးဖို့ ထိုက်တန်တယ်လို့ ဆိုခဲ့ကြောင်း ပြောပါတယ်။