လီဗာပူး ကြင္းလယ္ခံစစ္သမား ဖာဘင္ညိဳရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးမႈေတြ မ်ားျပားေနျပီး ဖာဘင္ညိဳဟာ မာေရွယာနိုနဲ႕ အလြန္ဆို ကြင္းလယ္နွစ္ဦး ေပါင္းစပ္ထားတဲ့ အရည္အခ်င္း ရွီသူပါလို႔ လီဗာပူးသတင္းေထာက္ Neil Jones က အမႊမ္းတင္ခဲ့ပါတယ္။

မႏွစ္က မိုနာကိုကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဘရာဇီးသား ကြင္းလယ္လူဟာ မႏွစ္ကရာသီဝက္အတြင္း လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ျပီး ဒီရာသီမွာလည္း ကြင္းလယ္ခံစစ္ကို အဓိက တာဝန္ယူတဲ့ အသင္းသားအျဖစ္ ေတာက္ပေနတာပဲ ျဖစ္ပါတယ္။

လီဗာပူးဟာ အေျပာင္းအေရႊ႔ ေစ်းကြက္မွာ အင္အားျဖည့္ဖို႔ လူငယ္အခ်ိဳ႕ကို ကင္းေထာက္လြတ္ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ လီဗာပူးအသင္း စိတ္ဝင္စားေနတဲ့ ေလဗာကူဆင္ လူငယ္ၾကယ္ပြင့္ ကိုင္းဟာဗက္ကိုေတာ့ အျခားေသာ ထိပ္တန္းအသင္း အမ်ားအျပားက စိတ္ဝင္စားေနပါတယ္။

ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္သမား ေရာ့စ္ ဘာကေလက ေလာေလာလတ္လတ္ ဗလန္စီယာနဲ႕ ရွံဳးပြဲက ပင္နယ္တီ လြဲထားတဲ့ အမ်က္ေဒါသကို လာမယ့္ လီဗာပူးနဲ႕ ပြဲမွာ ေပါက္ကြဲဖို႔ ၾကံရြယ္ေနပါတယ္။

“ဘယ္အသင္းမဆုိ တခ်ိန္မွာေတာ့ ရွံဳးပြဲ ေတြ႔မွာပဲ။ စူပါကပ္ဖိုင္နယ္တုန္းက က်ေနာ္တို႔ ဘယ္လိုကစားခဲ့လဲ ခင္ဗ်ားတို႔ ျမင္ပါတယ္။ အဲဒီ အေနအထားေရာက္ေအာင္ တနဂၤေႏြေန႔မွာလည္း က်ေန္ာတို႔ ျပန္ကစားျပနိုင္တယ္။ ဒီတၾကိမ္ေတာ့ လိုခ်င္တဲ့ ရလဒ္ထြက္မယ္ ေမွ်ာ္လင့္တယ္။ ” လို႔ ဘာကေလက ေျပာၾကားခဲ့ပါတယ္။

လီဗာပူးကေန ဘယ္လ္ဂ်ီယံကလပ္ ဘရုဂ်က္သို႔ ေႏြမွာ ေျပာင္းေရႊ႕သြားခဲ့တဲ့ ဂိုးသမား မင္ညိဳလတ္ဟာ ဒီရာသီျပီးရင္ လက္ရွိကလပ္ကေန ထြက္ခြာရဖို႔ ရွိေနပါတယ္။ မင္ညိဳလတ္က အသင္းသစ္မွာလည္း အမွားမ်ားေနတာေၾကာင့္ ဘရုဂ်က္ က ဆက္ေခၚထားလိုျခင္း မရွိ ျဖစ္လာပါတယ္။ ၄င္းကို အက္စတြန္ဗီလာအသင္းက ေခၚယူလိုေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

လီဗာပူး၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ နာပိုလီ ကြင္းလယ္ ကစားသမား ဖာဘီယန္႐ုဇ္ ကို ေခၚယူဖို႔အတြက္ လာမယ့္ ေဆာင္းရာသီမွာ အၿပိဳင္အဆိုင္ ႀကိဳးစားဖြယ္ ရွိေနပါတယ္။ ဖာဘီယန္႐ုဇ္က ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာမယ္လို႔ ထင္ေၾကးေပးခံထားရတဲ့ ကစားသမားျဖစ္ၿပီး ဥေရာပထိပ္တန္းကလပ္ေတြရဲ႕ စိတ္ဝင္စားမႈကို ခံေနရတာပါ။

မန္စီးတီး ၾကယ္ပြင့္ တိုက္စစ္မွဴး အဂြယ္ရိုက သူ ငယ္စဥ္ အာဂ်င္တီးနားမွာ ရွိစဥ္က လီဗာပူးအသင္းကို နွစ္သက္စြာ ေစာင့္ၾကည့္ရင္း ၾကီးျပင္းလာခဲ့ကာ မိုက္ကယ္ အို၀င္က အၾကိဳက္ဆံုး တိုက္စစ္မွဴး ျဖစ္ခဲ့တယ္လို႔ ဖြင့္ဟ ၀န္ခံခဲ့ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေမဆင္ေမာင့္ဟာ ဒီတစ္ပတ္မွာ ကစားမယ့္ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ ကစားႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ေမဆင္ေမာင့္ဟာ ဗလင္စီယာနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ေပမယ့္ ျပင္းထန္ျခင္း မရွိခဲ့ပါဘူး။

Myan News

UNICODE – လီဗာပူး ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ များပြားနေပြီး ဖာဘင်ညိုဟာ မာရှေယာနိုနဲ့ အလွန်ဆို ကွင်းလယ်နှစ်ဦး ပေါင်းစပ်ထားတဲ့ အရည်အချင်း ရှီသူပါလို့ လီဗာပူးသတင်းထောက် Neil Jones က အမွှမ်းတင်ခဲ့ပါတယ်။

မနှစ်က မိုနာကိုကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဘရာဇီးသား ကွင်းလယ်လူဟာ မနှစ်ကရာသီဝက်အတွင်း လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး ဒီရာသီမှာလည်း ကွင်းလယ်ခံစစ်ကို အဓိက တာဝန်ယူတဲ့ အသင်းသားအဖြစ် တောက်ပနေတာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အင်အားဖြည့်ဖို့ လူငယ်အချို့ကို ကင်းထောက်လွတ် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်း စိတ်ဝင်စားနေတဲ့ လေဗာကူဆင် လူငယ်ကြယ်ပွင့် ကိုင်းဟာဗက်ကိုတော့ အခြားသော ထိပ်တန်းအသင်း အများအပြားက စိတ်ဝင်စားနေပါတယ်။

ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ရော့စ် ဘာကလေက လောလောလတ်လတ် ဗလန်စီယာနဲ့ ရှုံးပွဲက ပင်နယ်တီ လွဲထားတဲ့ အမျက်ဒေါသကို လာမယ့် လီဗာပူးနဲ့ ပွဲမှာ ပေါက်ကွဲဖို့ ကြံရွယ်နေပါတယ်။

“ဘယ်အသင်းမဆို တချိန်မှာတော့ ရှုံးပွဲ တွေ့မှာပဲ။ စူပါကပ်ဖိုင်နယ်တုန်းက ကျနော်တို့ ဘယ်လိုကစားခဲ့လဲ ခင်ဗျားတို့ မြင်ပါတယ်။ အဲဒီ အနေအထားရောက်အောင် တနင်္ဂနွေနေ့မှာလည်း ကျနေ်ာတို့ ပြန်ကစားပြနိုင်တယ်။ ဒီတကြိမ်တော့ လိုချင်တဲ့ ရလဒ်ထွက်မယ် မျှော်လင့်တယ်။ ” လို့ ဘာကလေက ပြောကြားခဲ့ပါတယ်။

လီဗာပူးကနေ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်သို့ နွေမှာ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား မင်ညိုလတ်ဟာ ဒီရာသီပြီးရင် လက်ရှိကလပ်ကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။ မင်ညိုလတ်က အသင်းသစ်မှာလည်း အမှားများနေတာကြောင့် ဘရုဂျက် က ဆက်ခေါ်ထားလိုခြင်း မရှိ ဖြစ်လာပါတယ်။ ၎င်းကို အက်စတွန်ဗီလာအသင်းက ခေါ်ယူလိုနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ နာပိုလီ ကွင်းလယ် ကစားသမား ဖာဘီယန်ရုဇ်ကို ခေါ်ယူဖို့အတွက် လာမယ့် ဆောင်းရာသီမှာ အပြိုင်အဆိုင် ကြိုးစားဖွယ် ရှိနေပါတယ်။ ဖာဘီယန်ရုဇ်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရတဲ့ ကစားသမားဖြစ်ပြီး ဥရောပထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာပါ။

မန်စီးတီး ကြယ်ပွင့် တိုက်စစ်မှူး အဂွယ်ရိုက သူ ငယ်စဉ် အာဂျင်တီးနားမှာ ရှိစဉ်က လီဗာပူးအသင်းကို နှစ်သက်စွာ စောင့်ကြည့်ရင်း ကြီးပြင်းလာခဲ့ကာ မိုက်ကယ် အိုဝင်က အကြိုက်ဆုံး တိုက်စစ်မှူး ဖြစ်ခဲ့တယ်လို့ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား မေဆင်မောင့်ဟာ ဒီတစ်ပတ်မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မေဆင်မောင့်ဟာ ဗလင်စီယာနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် ပြင်းထန်ခြင်း မရှိခဲ့ပါဘူး။

Myan News