အာဆင္နယ္ လူငယ္ကစားသမား မစ္လန္းေနးစ္ က အသင္းအတြက္ ကစားေနက် ေနရာ မဟုတ္ဘဲ ကစားေနရလို႔ နည္းျပ အမ္မရီထံ ေစာဒက တက္ထားပါတယ္။ ဒီရာသီမွာ ဘယ္လာရင္ ျပန္မေကာင္းေသးတာေၾကာင့္ ညာစြန္ခံစစ္မွဴး ေနရာကေန ၄င္းက ပါ၀င္ကစားေပးေနရတာပါ။

မစ္လန္းေနးစ္က ညာေၾကာကေန ဒီရာသီမွာ ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ထားေသာ္လည္း ၄င္း ခံစစ္ အရည္အခ်င္းအေပၚ မ်ားစြာ ေ၀ဖန္မႈေတြ ခံေနရတာပါ။ ဒါေပမယ့္ မစ္လန္းေနးစ္ကေတာ့ ခံစစ္က သူ႔ေနရာ မဟုတ္ဘဲ ကစားေနရတဲ့အျပင္ ငယ္တည္းက ကစားဖူးတဲ့ေနရာ မဟုတ္တာေၾကာင့္ ခက္ခဲေနရေၾကာင္း ထုတ္ေဖာ္ေျပာဆုိလာပါတယ္။

” က်ေနာ္က ခံစစ္မွဴး တစ္ေယာက္ မဟုတ္ဘူး။ ဒါေပမယ့္ က်ေနာ္ ခံစစ္ ကစားတာ ညံ့လို႔ဆိုတဲ့ ျပစ္တင္မႈေတြ ခံေနရတယ္။ ဒါေပမယ့္ ဒီေနရာ အတြက္ ကစားဖို႔ က်ေနာ္ ေလ့့လာေနရတာ ဒီတေလာနွစ္ေတြမွေလ။ ဒါက တေန႔တညတည္းနဲ႕ ရုတ္ခ်ည္း တတ္လာမွာ မဟုတ္ဘူး။ ”
” က်ေနာ္က ငယ္တည္းက ခံစစ္ေနရာ ကစားလာတယ္.. ဒါေတာင္ ခံစစ္ကစားတာ ညံ့ဖ်င္းေနတုန္းဆိုရင္ ဒီလို ေ၀ဖန္မႈေတြ ခံေနရတာကို နားလည္လက္ခံနုိင္ပါတယ္။ ဒါေပမယ့္ အခုက က်ေနာ့္ေနရာ မဟုတ္ဘဲ အသင္းနဲ႕ မန္ေနဂ်ာ အတြက္ အေကာင္းဆုံး ၾကိဳးစား ကစားေပးေနရတဲ့ အေနအထားပါ။”

” အသင္းမွာ က်ေနာ္ ဘယ္နား ကစားခ်င္လဲ ေရြးခ်ယ္ခြင့္လည္း ရွိတာ မဟုတ္ဘူး။ က်ေနာ္က တိုက္စစ္ အားသန္တဲ့ ကစားသမားပါ။ ဒါေၾကာင့္ လုပ္နုိင္သမွ် အေကာင္းဆံုး အသင္းအတြက္ လုပ္ေပးေနတယ္။ ခံစစ္ပိုင္းကိုက သင္ယူေနဆဲပဲ ျဖစ္တယ္။ တကယ္က က်ေနာ္ ကြင္းလယ္ ကစားသမားပါ။ ကြင္းလယ္ ဗဟိုကျဖစ္ျဖစ္ ေတာင္ပံ ထြက္ျပီးပဲ ျဖစ္ျဖစ္ က်ေနာ္ ေကာင္းေကာင္း ကစားနိုင္ပါတယ္။” လို႔ ၄င္းက ေျပာၾကားခဲ့ပါတယ္။

အနာဂတ္မွာေတာ့ အမ္မရီက သူ ကၽြမ္းက်င္တဲ့ ေနရာေတြမွာ ေပးကစားမယ္လိုိ႔ မစ္လန္းေနးစ္က ေမွ်ာ္လင့္ေနပါတယ္။ အခ်ိန္ အတိုင္း အတာ တစ္ခုရရင္ ကစားသမားေတြ အားသန္တဲ့ေနရာကို မန္ေနဂ်ာက ေနရာခ်ေပးနိုင္မယ္ ေမွ်ာ္လင့္ေၾကာင္း ၄င္းက ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – အာဆင်နယ် လူငယ်ကစားသမား မစ်လန်းနေးစ် က အသင်းအတွက် ကစားနေကျ နေရာ မဟုတ်ဘဲ ကစားနေရလို့ နည်းပြ အမ်မရီထံ စောဒက တက်ထားပါတယ်။ ဒီရာသီမှာ ဘယ်လာရင် ပြန်မကောင်းသေးတာကြောင့် ညာစွန်ခံစစ်မှူး နေရာကနေ ၎င်းက ပါဝင်ကစားပေးနေရတာပါ။

မစ်လန်းနေးစ်က ညာကြောကနေ ဒီရာသီမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားသော်လည်း ၎င်း ခံစစ် အရည်အချင်းအပေါ် များစွာ ဝေဖန်မှုတွေ ခံနေရတာပါ။ ဒါပေမယ့် မစ်လန်းနေးစ်ကတော့ ခံစစ်က သူ့နေရာ မဟုတ်ဘဲ ကစားနေရတဲ့အပြင် ငယ်တည်းက ကစားဖူးတဲ့နေရာ မဟုတ်တာကြောင့် ခက်ခဲနေရကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

” ကျနော်က ခံစစ်မှူး တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကျနော် ခံစစ် ကစားတာ ညံ့လို့ဆိုတဲ့ ပြစ်တင်မှုတွေ ခံနေရတယ်။ ဒါပေမယ့် ဒီနေရာ အတွက် ကစားဖို့ ကျနော် လေ့လာနေရတာ ဒီတလောနှစ်တွေမှလေ။ ဒါက တနေ့တညတည်းနဲ့ ရုတ်ချည်း တတ်လာမှာ မဟုတ်ဘူး။ ”
” ကျနော်က ငယ်တည်းက ခံစစ်နေရာ ကစားလာတယ်.. ဒါတောင် ခံစစ်ကစားတာ ညံ့ဖျင်းနေတုန်းဆိုရင် ဒီလို ဝေဖန်မှုတွေ ခံနေရတာကို နားလည်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အခုက ကျနော့်နေရာ မဟုတ်ဘဲ အသင်းနဲ့ မန်နေဂျာ အတွက် အကောင်းဆုံး ကြိုးစား ကစားပေးနေရတဲ့ အနေအထားပါ။”

” အသင်းမှာ ကျနော် ဘယ်နား ကစားချင်လဲ ရွေးချယ်ခွင့်လည်း ရှိတာ မဟုတ်ဘူး။ ကျနော်က တိုက်စစ် အားသန်တဲ့ ကစားသမားပါ။ ဒါကြောင့် လုပ်နိုင်သမျှ အကောင်းဆုံး အသင်းအတွက် လုပ်ပေးနေတယ်။ ခံစစ်ပိုင်းကိုက သင်ယူနေဆဲပဲ ဖြစ်တယ်။ တကယ်က ကျနော် ကွင်းလယ် ကစားသမားပါ။ ကွင်းလယ် ဗဟိုကဖြစ်ဖြစ် တောင်ပံ ထွက်ပြီးပဲ ဖြစ်ဖြစ် ကျနော် ကောင်းကောင်း ကစားနိုင်ပါတယ်။” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာတော့ အမ်မရီက သူ ကျွမ်းကျင်တဲ့ နေရာတွေမှာ ပေးကစားမယ်လို့ မစ်လန်းနေးစ်က မျှော်လင့်နေပါတယ်။ အချိန် အတိုင်း အတာ တစ်ခုရရင် ကစားသမားတွေ အားသန်တဲ့နေရာကို မန်နေဂျာက နေရာချပေးနိုင်မယ် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Myan News