မန္ယူအသင္းဟာ ဒီရာသီအတြက္ ယူရိုပါလိဂ္ အဖြင့္ပြဲအျဖစ္ အက္စတာနာအသင္းနဲ႔ စတင္ကာ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ဒီပြဲဟာ မန္ယူအတြက္ အရမ္းၾကီး ခက္ခဲမွာမဟုတ္တဲ့ ပြဲျဖစ္ေပမယ့္လည္း အုပ္စုအဆင့္ကေန ခပ္ေစာေစာ ရလဒ္ေကာင္းေတြရထားဖို႔ ၾကိဳးစားလာမွာျဖစ္တယ္။

ဒီကေန႔ပြဲမွာ မန္ယူအသင္းနဲ႔ ပက္သက္ျပီး အဓိက ေစာင့္ၾကည့္ရမွာက ပြဲကို အေလးအနက္ထား ခ်ဥ္းကပ္မလား၊ လူငယ္ေတြနဲ႔ ခ်ဥ္းကပ္မလားနဲ႔ အရန္ကစားသမားေတြကို ပြဲထုတ္ျပီးး ပရီးမီးယားလိဂ္နဲ႔ ကာရာေဘာင္းပြဲေတြအတြက္ အမာခံလူစာရင္းကို ဖိအားေပးႏုိင္မယ့္ သူမ်ိဳးေတြကို ရွာေဖြမလားဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။

အဓိက လူစာရင္း

မန္ယူက ဒီပြဲကို အဓိက လူစာရင္း ထုတ္သံုးလာခဲ့မယ္ဆိုရင္ အေၾကာင္းရင္းက ခ်ယ္ဆီးကို ၄-၀ နဲ႔ အႏုိင္ရျပီးေနာက္ပိုင္း စြမ္းေဆာင္ရည္ေကာင္းေတြ မျပသထားႏုိင္တဲ့ ကလပ္အသင္းအတြက္ ႏုိင္ပြဲေကာင္းနဲ႔အတူ စိတ္ဓါတ္ပိုင္း ျမင့္တင္ဖို႔ပဲ ျဖစ္လာပါမယ္။ မႏွစ္ကရာသီ ရာသီသိမ္းပိုင္းမွာ စိတ္ပ်က္စရာ အေနအထားေတြေၾကာင့္ ဒီရာသီမွာ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ပါဝင္ေနရေပမယ့္ မန္ယူဟာ ၂၀၁၆ ခုႏွစ္ကက ယူရိုပါလိဂ္ဖလား အႏုိင္ရမႈလိုမ်ိဳး လမ္းစဥ္ကို ဒီရာသီမွာ က်င့္သံုးႏုိင္ပါတယ္။

လူငယ္အသားေပးလူစာရင္း

ဒါကေတာ့ မ်ားစြာေသာ မန္ယူပရိသတ္ေတြ ျမင္ေတြ႔လိုတဲ့ လူစာရင္းမ်ိဳးျဖစ္ပါတယ္။ ပထမအသင္းကို ျဖစ္ႏုိင္သေလာက္ အနားေပးျပီး လူငယ္ကစားသမား အမ်ားအျပား ပြဲထုတ္ျခင္းဟာ မန္ယူရဲ႕ အရန္အင္အားအတြက္ အေထာက္အကူ ျဖစ္ႏုိင္ပါတယ္။ ဒီပြဲမွာ ရိုမဲရိုးကို ေသခ်ာေပါက္ ေနရာေပးမွာျဖစ္ျပီး ဂရင္းဝုဒ္နဲ႔ တြမ္ဇီဘီတို႔ကိုလည္း ေနရာေပးမယ္လို႔ သိထားရတယ္။ မန္ယူဟာ တိုက္စစ္သမား ရွားပါးသလို ကြင္းလယ္မွာလည္း အရန္စာရင္း ရွားပါးမႈေတြ ရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ အစြန္ေနရာမွာ ဒါေလာ့လို ကစားသမားကို ျပန္သံုးႏုိင္တာမ်ိဳးကို ျမင္လိုၾကပါလိမ့္မယ္။

အရန္လူစာရင္း အသားေပးျခင္း

စီနီယာအသင္းမွာေတာ့ မာတစ္၊ လင္ဂတ္၊ ဖရတ္၊ ဂ်ံဳး၊ ရိုဂ်ိဳတို႔ဟာ ပံုမွန္ပြဲထြက္ခြင့့္ေတြမရ ျဖစ္ေနၾကတာပါ။ ဒီလူစာရင္းဟာ ပြဲၾကပ္ကာလေတြမွာ ကလပ္အသင္းရဲ႕ အင္အားကို ျဖည့္ေပးႏုိင္မယ့္ ကစားသမားမ်ိဳးေတြျဖစ္ပါတယ္။ လူငယ္ကစားသမားေတြလည္း မဟုတ္ေတာ့တာေၾကာင့့္ သူတို႔ကို လူငယ္ေသြးသစ္အခ်ိဳ႕နဲ႔ တြဲျပီး ပြဲထုတ္တာမ်ိဳးကလည္း ကလပ္အသင္းအတြက္ အက်ိဳးျဖစ္ႏုိင္ပါတယ္။

UNICODE

မန်ယူအသင်းဟာ ဒီရာသီအတွက် ယူရိုပါလိဂ် အဖွင့်ပွဲအဖြစ် အက်စတာနာအသင်းနဲ့ စတင်ကာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲဟာ မန်ယူအတွက် အရမ်းကြီး ခက်ခဲမှာမဟုတ်တဲ့ ပွဲဖြစ်ပေမယ့်လည်း အုပ်စုအဆင့်ကနေ ခပ်စောစော ရလဒ်ကောင်းတွေရထားဖို့ ကြိုးစားလာမှာဖြစ်တယ်။

ဒီကနေ့ပွဲမှာ မန်ယူအသင်းနဲ့ ပက်သက်ပြီး အဓိက စောင့်ကြည့်ရမှာက ပွဲကို အလေးအနက်ထား ချဉ်းကပ်မလား၊ လူငယ်တွေနဲ့ ချဉ်းကပ်မလားနဲ့ အရန်ကစားသမားတွေကို ပွဲထုတ်ပြီးး ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းပွဲတွေအတွက် အမာခံလူစာရင်းကို ဖိအားပေးနိုင်မယ့် သူမျိုးတွေကို ရှာဖွေမလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

အဓိက လူစာရင်း

မန်ယူက ဒီပွဲကို အဓိက လူစာရင်း ထုတ်သုံးလာခဲ့မယ်ဆိုရင် အကြောင်းရင်းက ချယ်ဆီးကို ၄-၀ နဲ့ အနိုင်ရပြီးနောက်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေ မပြသထားနိုင်တဲ့ ကလပ်အသင်းအတွက် နိုင်ပွဲကောင်းနဲ့အတူ စိတ်ဓါတ်ပိုင်း မြင့်တင်ဖို့ပဲ ဖြစ်လာပါမယ်။ မနှစ်ကရာသီ ရာသီသိမ်းပိုင်းမှာ စိတ်ပျက်စရာ အနေအထားတွေကြောင့် ဒီရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင်နေရပေမယ့် မန်ယူဟာ ၂၀၁၆ ခုနှစ်ကက ယူရိုပါလိဂ်ဖလား အနိုင်ရမှုလိုမျိုး လမ်းစဉ်ကို ဒီရာသီမှာ ကျင့်သုံးနိုင်ပါတယ်။

လူငယ်အသားပေးလူစာရင်း

ဒါကတော့ များစွာသော မန်ယူပရိသတ်တွေ မြင်တွေ့လိုတဲ့ လူစာရင်းမျိုးဖြစ်ပါတယ်။ ပထမအသင်းကို ဖြစ်နိုင်သလောက် အနားပေးပြီး လူငယ်ကစားသမား အများအပြား ပွဲထုတ်ခြင်းဟာ မန်ယူရဲ့ အရန်အင်အားအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒီပွဲမှာ ရိုမဲရိုးကို သေချာပေါက် နေရာပေးမှာဖြစ်ပြီး ဂရင်းဝုဒ်နဲ့ တွမ်ဇီဘီတို့ကိုလည်း နေရာပေးမယ်လို့ သိထားရတယ်။ မန်ယူဟာ တိုက်စစ်သမား ရှားပါးသလို ကွင်းလယ်မှာလည်း အရန်စာရင်း ရှားပါးမှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် အစွန်နေရာမှာ ဒါလော့လို ကစားသမားကို ပြန်သုံးနိုင်တာမျိုးကို မြင်လိုကြပါလိမ့်မယ်။

အရန်လူစာရင်း အသားပေးခြင်း

စီနီယာအသင်းမှာတော့ မာတစ်၊ လင်ဂတ်၊ ဖရတ်၊ ဂျုံး၊ ရိုဂျိုတို့ဟာ ပုံမှန်ပွဲထွက်ခွင့်တွေမရ ဖြစ်နေကြတာပါ။ ဒီလူစာရင်းဟာ ပွဲကြပ်ကာလတွေမှာ ကလပ်အသင်းရဲ့ အင်အားကို ဖြည့်ပေးနိုင်မယ့် ကစားသမားမျိုးတွေဖြစ်ပါတယ်။ လူငယ်ကစားသမားတွေလည်း မဟုတ်တော့တာကြောင့် သူတို့ကို လူငယ်သွေးသစ်အချို့နဲ့ တွဲပြီး ပွဲထုတ်တာမျိုးကလည်း ကလပ်အသင်းအတွက် အကျိုးဖြစ်နိုင်ပါတယ်။