Author

Admin

မန်ယူအသင်း အရှုပ်ထုပ်ကိုမှ ဒီနွေမှာ ခေါ်ယူဖို့ ကြံရွယ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ရာအတွက် ပရီးမီးယားလိဂ် ကြယ်ပွင့်အချို့ကို ကြိုးစားလိုမှုတွေ ပြသလာပါတယ်။ နယူးကာဆယ်အသင်းမှ ဆွီဒင်သား တိုက်စစ်မှူး အိုင်ဆက်ဟာ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပါတယ်။ ၎င်းကိုရဖို့ရာ ဂျေးဆုကို အလိုက်ပေးခြင်းနဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်ဖို့ အာဆင်နယ်ဘက်က ပြင်ဆင်ထားပါတယ်။ ကလပ်ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းဖို့ နယူးကာဆယ်ဘက်က ရည်ရွယ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ အဓိက ကစားသမားအချို့ကို ရောင်းချပေးရဖွယ် ရှိနေပါတယ်။ ဂျေးဆုအပါအဝင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အိုင်ဆက်ကို အာဆင်နယ်အသင်း ခေါ်ယူလိုနေကာ… Continue Reading →

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်မှု လအနည်းငယ် ကြာနိုင်

အမျိုးသားတွေ ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ခံထားရမှုတွေ ပြန်လည် ဖြေလျော့ရေးဟာ လအနည်းသာ ကြာမြင့်နိုင်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ ပြောကြားလာပါတယ်။ အမျိုးသားအလုပ်သမားတွေအတွက် အလုပ်ခေါ်စာ Demand Letter တင်တာတွေ ယာယီရပ်ထားဖို့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အေဂျင်စီတွေကို နှုတ်နဲ့အသိပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ သတိပေးချက်က ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ချက်ဟာ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေကို နိုင်ငံကူးလက်မှတ် PJ နဲ့ သွားရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေအတွက် စိုးရိမ်စရာ ရေမှတ်ဖြစ်လာပါတယ်။ လက်ရှိမှာ အကျိုးဆောင်လိုင်စင်ရယူထားတဲ့… Continue Reading →

ယနေ့ ရွှေဈေး (မေလ ၄ ရက်၊ စနေနေ့)

ယနေ့ ရွှေဈေး (မေလ ၄ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ… Continue Reading →

လီဗာပူး အရှုံးကစမယ့် ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ခန့်မှန်း ရလဒ်များ

ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။ Arsenal v Bournemouth သူတို့ရဲ့ ဖလားစိန်ခေါ်မှုအတွက် အရေးပါတာကြောင့် အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ အာဆင်နယ်က ခြေချော်လို့ မရပါဘူး။ သူတို့ ခြေချော်မှာလည်း မဟုတ်ပါဘူး။ ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဘုန်းမောက် Manchester City v Wolves ချန်ပီယံလိဂ်မှာ မရှိတော့တာက မန်စီးတီးကို ပရီးမီးယားလိဂ်ပွဲ… Continue Reading →

ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ ထွက်လာပါပြီ။

ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဝါရင့် သုံးသပ်သူကြီး ပေါမာဆန် ခန့်မှန်းရလဒ်များ ထွက်လာပါပြီ။ Arsenal vs Bournemouth ဒီပွဲမှာ အိမ်ရှင်တွေ အနိုင်ကလွဲပြီး တခြား မမြင်ပါဘူး။ မီခေးလ် အာတီတာ အနေနဲ့ အခုကနေ ရာသီကုန်ထိ သူ့ရဲ့ ပွဲထွက် ၁၁ ယောက်ကို သိပ်ပြီး အပြောင်းအလဲ လုပ်တော့မယ် မထင်ဘူး။ သူတို့ ရှိတဲ့ အင်အားတွေကို စုပြီး title race မှာ ဘယ်အထိ ရောက်မလဲ အားကုန် ထုတ်ကြရမှာပါ။ ပေါမာဆန်… Continue Reading →

မေလ (၃) ရက်၊ သောကြာနေ့ နောက်ဆုံးရ ရွှေဈေး၊ စက်သုံးဆီနဲ့ နိုင်ငံခြား ငွေလဲနှုန်းများ

ယနေ့ မေလ (၃) ရက်၊ သောကြာနေ့ နေ့ခင်း ၁၂ နာရီအချိန် ပြည်တွင်းရွှေဈေး၊ နိုင်ငံခြား ငွေလဲနှုန်းနဲ့ စက်သုံးဆီစျေးနှုန်းများကို ဖော်ပြသွားမှာဖြစ်ပါတယ်။  ပြည်တွင်းရွှေဈေး ဒီကနေ့ ပြင်ပရွှေပေါက်စျေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Buy Sell ၁၆ ပဲရည် ၄၇၁၀၀၀၀ ၄၇၅၀၀၀၀ ၁၅ ပဲရည် ၄၅၁၀၀၀၀ ၄၅၅၀၀၀၀ မှတ်ချက်။ ။ လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်တဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။ ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သလို… Continue Reading →

ယနေ့ ရွှေဈေး (မေလ ၃ ရက်၊ သောကြာနေ့)

ယနေ့ ရွှေဈေး (မေလ ၃ ရက်၊ သောကြာနေ့ နံနက် ၁၀ နာရီ) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ… Continue Reading →

လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေမှုကြောင့် အလုပ်ဖြစ်နေတဲ့ အရံလျှပ်စစ် စျေးကွက်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်း လျှပ်စစ်မီးများ ဆိုးဆိုးရွားရွားပျက်နေသည့်အတွက် လျှပ်စစ်မီးနှင့် တွဲသုံးရသည့် အသုံးအဆောင်ပစ္စည်းများ ဈေးကွက်အတွင်း အရောင်းသွက်နေပြီး၊ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။ ‘’မီးပျက်တာကတော့ တော်တော်ကိုဆိုးဆိုးဝါးဝါး ပြတ်နေတာ။ ကျွန်တော်တို့မှာ မီးကိုအချိန်မှန်ဆိုတာမရှိတော့ဘူး၊ လာရက်လည်းမလာဘူး။ လာလိုက် ၁၀မိနစ်နေရင် ပြန်ပျက်သွားတယ်။ ဒါကရန်ကုန်တမြို့လုံး ဖြစ်နေတာ’’ဟု မြို့နေလူထုထံမှ သိရသည်။ ဒီ့အပြင် လျှပ်စစ်မီးပျက်သည့်အတွက် လျှပ်စစ်မီးနှင့်တွဲဖက်သုံးရသည့်လျှပ်စစ်ပစ္စည်းများလည်း ဈေးကွက်ထဲ ပစ္စည်းပြတ်သည်အထိ ရောင်းနေရပြီး၊ ဈေးကလည်းအဆမတန် တက်နေကြောင်းလည်း သိရသည်။ ‘’ကျွန်တော်တို့ဆိုင်မှာ အခုချထားတဲ့ AC/DC Rechargeable အားသွင်းပန်ကာ၊… Continue Reading →

လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေရခြင်းအတွက် လျှပ်စစ်ဝန်ကြီးဌာနပေးတဲ့ ဖြေရှင်းချက်

နိုင်ငံတဝန်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေရခြင်းဟာ လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ခြင်းကြောင့်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လာပါတယ်။ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံမှ ထွက်ရှိသည့် ဓာတ်အားများ ပို့လွှတ်ဖို့ရာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေခြင်းတို့ကြောင့် ထုတ်လုပ်နိုင်သမျှ လျှပ်စစ်တွေကို ဖြန့်ဖြူးနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အထူးသဖြင့် လောပိတ ရေအားလျှပ်စစ် စက်ရုံတွေရှိရာ ဘီလူးချောင်း (၁)၊ (၂)၊ (၃) ရေအားလျှပ်စစ် စီမံကိန်းတွေက ထုတ်လွှတ်ပေးနိုင်တဲ့ ဓါတ်အားတွေဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!