ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဝါရင့် သုံးသပ်သူကြီး ပေါမာဆန် ခန့်မှန်းရလဒ်များ ထွက်လာပါပြီ။

Arsenal vs Bournemouth

ဒီပွဲမှာ အိမ်ရှင်တွေ အနိုင်ကလွဲပြီး တခြား မမြင်ပါဘူး။ မီခေးလ် အာတီတာ အနေနဲ့ အခုကနေ ရာသီကုန်ထိ သူ့ရဲ့ ပွဲထွက် ၁၁ ယောက်ကို သိပ်ပြီး အပြောင်းအလဲ လုပ်တော့မယ် မထင်ဘူး။ သူတို့ ရှိတဲ့ အင်အားတွေကို စုပြီး title race မှာ ဘယ်အထိ ရောက်မလဲ အားကုန် ထုတ်ကြရမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဘုန်းမောက်

Manchester City vs Wolves

မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ဝုဗ်မှာက ဒဏ်ရာ ပြဿနာတွေ သိပ်များလွန်းနေပါတယ်။ စီးတီးတို့ကတော့ သူတို့ ကစားရမယ့် ပွဲတွေ အားလုံးကို အနိုင်ယူပြီး ပြည်တွင်းချန်ပီယံဖြစ်လာရေးပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ ဝုဗ်

Chelsea vs West Ham United

ဝက်စ်ဟမ်းက ဘာမှ မျှော်လင့်စရာ မရှိတော့ပေမယ့် တတ်နိုင်သလောက် အမြင့်ဆုံး အခြေအနေနဲ့ ရာသီသိမ်းလိုမှာပါ။ သူတို့က ဘာအတွက်မှ ကစားဖို့ မရှိတာကြောင့် ချယ်ဆီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၃-၁ ဝက်စ်ဟမ်း

Liverpool vs Tottenham Hotspur

ကလော့ပ်က အိမ်ကွင်းပွဲ ၂ ပွဲပဲ ကစားဖို့ ကျန်ရှိတာကြောင့် သူ့ကစားသမားတွေက အကောင်းဆုံး ကြိုးစားပေးလိုမှာပါ။ စပါးကလည်း ဂိုးတွေ သွင်းနိုင်တော့ ပွဲကောင်းဖြစ်ပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၄-၂ စပါး

Crystal Palace vs Manchester United

Eze နဲ့ Olise ကြံ့ခိုင်မှု ပြည့်နေရင် ပဲလေစ့်က ယူနိုက်တက်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒီတလော သရဲနီတို့ရဲ့ ပွဲတွေကို ကြည့်မိသူတိုင်း ကျနော် ပြောတာကို လက်ခံကြမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၂-၁ ယူနိုက်တက်

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ရလဒ်ခန့်မှန်းများ

Luton Town 2-1 Everton
Brentford 1-0 Fulham
Burnley 2-1 Newcastle United
Sheffield 1-2 Nottingham Forest
Brighton 1-2 Aston Villa