Date

September 17, 2019

နာပိုလီပွဲကြို အင်တာဗျူးမှာ အရေးကြီးဆုံး စကားနှစ်ခွန်းကို အလေးအနက် ထုတ်ပြောတဲ့ ကလော့ပ်

နာပိုလီပွဲကြို အင်တာဗျူးမှာ ဥရောပချန်ပီယံ လီဗာပူးအသင်း ပဲ့ကိုင်ရှင် ယာဂင်ကလော့ပ်ဟာ ပွဲနေ့ဆိုင်ရာ မေးခွန်းတွေနဲ့ အနာဂတ်အတွက် မေးခွန်းတွေအပြင် လီဗာပူးက အကောင်းဆုံး ကလပ်လားဆိုတဲ့ မေးခွန်းတွေကို အမေးခံခဲ့ရပါတယ်။ လီဗာပူးအသင်းနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ယာဂင်ကလော့ပ်ဟာ မာဆေးဆိုဒ်ဒေသရဲ့ ရာသီဥတုကို မနှစ်သက်ခြင်းကြောင့် စာချုပ်သစ်ကို ထပ်ချုပ်မှာ မဟုတ်ပဲ လီဗာပူးကနေ ထွက်ခွာသွားနိုင်ကြောင့် သူ့ရဲ့အေးဂျင့်က မနေ့ကပဲ ပြောဆိုပါတယ်။ ဂျာမနီကလာတဲ့ ကလော့ပ်က လီဗာပူးမှာ ရာသီဥတုပိုင်းကို အတော်လေး အခက်တွေ့တယ်လို့ သူက ပြောတာပါ။ ဒီအကြောင်းနဲ့… Continue Reading →

ကြိုးစားမှုရဲ့ ဆုလာဘ်အဖြစ် အမြင့်ဆုံးအဆင့်အတွက် အခွင့်အရေးရတော့မယ့် အေဘရာဟမ်

အင်္ဂလန်မန်နေဂျာဆောက်ဂိတ်ဟာ ချယ်ဆီးအသင်းနဲ့ တောက်ပလာတဲ့ အေဘရာဟမ်ကို အခွင့်အရေးကြီးတွေ ပေးနိုင်ဖို့အတွက် စတင်ကာ ကင်းထောက်တော့မှာဖြစ်ပြီး ဗလန်စီယာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အင်္ဂလန်သား တိုက်စစ်သမားကို စောင့်ကြည့်ဖို့ လက်ထောက်နည်းပြ စတိဗ်ဟိုလန်ကို စေလွှတ်မှာဖြစ်ပါတယ်။ အေဘရာဟမ်ဟာ ကုန်ခဲ့တဲ့ သုံးပွဲမှာ ၇ ဂိုး သွင်းယူထားခဲ့သူဖြစ်ပြီး ၂၀၂၀ ယူရို ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ နောက်လအတွင်း ယှဉ်ပြိုင်ရမယ့် ချက်နဲ့ ဘူဂေးရီးယား ပွဲတွေမှာ စီနီယာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ ရေပန်းစားလာတာပါ။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားဟာ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၁၇-၉-၂၀၁၉၊ အင်္ဂါနေ့)

ယူနိုက်တက် ပရိသတ်များက ပျက်ယွင်းနေတဲ့ အသင်း ကွင်းလယ်ကို ပုံစံပြောင်းနိုင်ဖို့ လက်စတာကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို အရ ခေါ်ယူပေးရန် ဆိုးရှားအား တောင်းဆိုမှုများ ပြုလုပ်နေပါတယ်။ ယူနိုက်တက်နဲ့ လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းမှုများကို ဂိုးသမား ဒေးဗစ် ဒီဂီယာက အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ကာ အသင်းနဲ့ ၂၀၂၃ ထိ ရှိစေမယ့် လေးနှစ် သက်တမ်းတိုး စာချုပ်သစ် လက်မှတ် ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂီယာကတော့ အိမ်နဲ့တူတဲ့ အခြားနေရာမရှိဆိုပြီး မန်ယူနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာပါ။ စာချုပ်သစ်အရ… Continue Reading →

နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲ၊ ကလပ်များ ကမ္ဘာဖလားပြိုင်ပွဲနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

နာပိုလီနဲ့ ချန်ပီယံလိဂ် အဝေးကွင်း အုပ်စုပွဲစဉ် ကစားဖို့ အီတလီသို့ လီဗာပူးအသင်းက ကစားသမား အယောက် ၂၀ နဲ့ ထွက်ခွာသွားရာ ပွဲကြို ထရိန်နင်မှာ မပါခဲ့တဲ့ ရော်ဘတ်ဆန်လည်း လိုက်ပါသွားတယ်။ ကစားသမား အယောက် ၂၀ ကတော့ – ဖာဘင်ညို၊ ဗန်ဒိုက်၊ ၀ိုက်နယ်ဒန်၊ လိုဗရန်၊ မေနာ၊ ဖာမီနို၊ မာနေး၊ ဆာလက်၊ ဂိုမက်ဇ်၊ အက်ဒရီယန်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ လယ်လာနာ၊ လိုနာဂန်၊ ရှာကွီရီ၊ ဘရူစတား၊ ရော်ဘတ်န်၊ မာတစ်၊… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!