Date

November 3, 2019

၀က်ဖို့ဒ်ကို နိုင်တဲ့ပွဲမှာ ချယ်ဆီး နှစ် ၃၀ ကြာ တင်ထားတဲ့ စံချိန်ကို မှီသွားတဲ့ လမ်းပတ်

၀က်ဖို့ဒ်ကို အဝေးကွင်းမှာ နိုင်လိုက်တာက ချယ်ဆီးအသင်းကို အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းသွားစေတဲ့ အပြင် သူတို့ရဲ့ အဝေးကွင်း ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်က သူ့ရဲ့ ပထမရာသီမှာတင် တိုးတက်မှုကောင်းများ ဖော်ဆောင်ပေးနိုင်နေပြီ ဖြစ်ကာ ကလပ်အသင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တင်ထားတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို လိုက်မှီလာပြီ ဖြစ်ပါတယ်။ အေဗရာဟမ်၊ ပူလီဆစ်တို့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်ကို ၂-၁ နဲ့ နိုင် အပြီးမှာ လမ်းပတ်က နည်းပြ ဘော်ဘီကမ့်ဘဲ ၁၉၈၉ မှာ… Continue Reading →

VAR နဲ့ အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက်ကို ဒဲ့တိုး သတိပေးလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးက အက်စတွန်ဗီလာကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီး မန်နေဂျာယာဂင်ကလော့ပ်က ဖာမင်နိုရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်က အသင်းကို မျက်နှာသာမပေးခဲ့တာပါလို့ သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။ ယာဂင်ကလော့ပ်က ပွဲလည်း ပြီးခဲ့ပြီဖြစ်လို့ အဆိုပါ ဆုံးဖြတ်ချက်ကို ရှည်လျားစေတာမျိုးတွေ ထပ်မလုပ်လိုတော့ပေမယ့် မန်နေဂျာတစ်ယောက်ရဲ့ ဘဝဟာ ကစားပွဲတွေမှာ မူတည်နေတာပါလို့ ထောက်ပြ သတိပေးခဲ့တယ်။ ဒိုင်လူကြီးက မှားယွင်းတဲ့ ဆုံးဖြတ်ချက် လုပ်ခဲ့တာဖြစ်နိုင်ပေမယ့် ကလပ်အသင်း မန်နေဂျာကတော့ ရလဒ်ကို တာဝန်ယူရပြီး ရာထူးကနေ ထုတ်ပယ်ခံရတဲ့ထိ ဖြစ်သွားနိုင်တယ်လို့လည်း သူက… Continue Reading →

ဘုန်းမောက်ကို ရှုံးခဲ့တဲ့ပွဲမှာ လူထုတ်ပုံ မှားယွင်းခဲ့တာ ဖြစ်နိူင်တယ်လို့ ဆိုးရှား ဝန်ခံ

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့တာနဲ့အတူ နည်းပြ ဆိုးရှားက သူ့အနေနဲ့ မနေ့က ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ မတူညီတဲ့ ပွဲထွက်စာရင်းကို အသုံးပြုခဲ့သင့်လား မသိဘူးလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက် ဟာ ပါတီဇန်၊ နောဝစ်ချ် ၊ ချယ်ဆီးတို့ကို အဝေးကွင်းမှာ ဆက်တိုက် အနိူင်ယူခဲ့ပေမယ့် ဘူန်းမောက်နဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ အဒမ်စမစ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဂျို့စ်ကင်းက ရယူပြီး ဝမ်ဘစ်ဆာကာ ကို လှည့်ပတ်ကာ ဒီဂီယာကို ကျော်ပြီးတော့… Continue Reading →

ဗီလာပါ့ခ်က အောင်ပွဲခံညမှ လီဗာပူးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ အမှတ်ပေးဇယား ပထမနေရာမှာ ဆက်လက် အသာစီးယူကာ အမှတ်ကွာခြားချက် ထိန်းထားနိုင်ဖို့ အက်စတွန်ဗီလာအသင်းကို နောက်ဆုံးမိနစ်အထိ အရှုံးမပေးဘဲ ယှဉ်ပြိုင်သွားခဲ့ရာ ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ မာနေး သွင်းတဲ့ အနိုင်ဂိုးနဲ့ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ လီဗာပူးသားတွေ တောက်ပခဲ့ပြီး လိုအပ်တဲ့ ရလဒ်ကိုတော့ ပွဲပြီးခါနီးမှ ယူကာ ၂-၁ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှ လီဗာပူးအသင်းသားတွေ စွမ်းဆောင်ရည်များကို ဖော်ပြပေးလိုပါတယ်။ အက်လစ်ဆန် ဘက်ကာ – ၆… Continue Reading →

လီဗာပူးတို့ ကံကောင်းလို့ နိုင်တာဆိုတဲ့ အပြောကို မကြိုက်ဘူးဆိုတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဗီလာကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တာကို ကျေနပ်ပျော်ရွှင်မိတယ်ဆိုတာ ဝန်ခံပေမယ့် ပြိုင်ဘက်ကို ပိုကောင်းသလို ဖြစ်စေခဲ့တာ မိမိတို့ဘာသာပဲ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။ လီဗာပူးဟာ ပွဲကို အစကောင်းခဲ့ပေမယ့် သွင်းဂိုးအရင်ဆုံး ပေးလိုက်ရတာက အနိုင်ရဖို့ ခက်ခဲစေခဲ့တယ်။ နောက်ပြီး VAR ကြည့်မှုတွေကလည်း အသင်းအတွက် အကူအညီ မဖြစ်စေခဲ့ပြန်ပါဘူး။ ဒါပေမယ့်လို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရပြီး အရံှူးမပေးတဲ့ စိတ်ဓါတ်ကောင်းနဲ့ ပြန်လာပြခဲ့တာအတွက် ယာဂင်ကလော့ပ်က ကျေနပ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။ ယာဂင်ကလော့ပ်က ” ဘောလုံးမှာ ဖြစ်နိုင်တဲ့ အကောင်းဆုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!