မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၃ပွဲသာ အနိုင်ရခဲ့တာနဲ့အတူ နည်းပြ ဆိုးရှားက သူ့အနေနဲ့ မနေ့က ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ မတူညီတဲ့ ပွဲထွက်စာရင်းကို အသုံးပြုခဲ့သင့်လား မသိဘူးလို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာ ပါတီဇန်၊ နောဝစ်ချ် ၊ ချယ်ဆီးတို့ကို အဝေးကွင်းမှာ ဆက်တိုက် အနိူင်ယူခဲ့ပေမယ့် ဘူန်းမောက်နဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ အဒမ်စမစ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဂျို့စ်ကင်းက ရယူပြီး ဝမ်ဘစ်ဆာကာ ကို လှည့်ပတ်ကာ ဒီဂီယာကို ကျော်ပြီးတော့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သရဲနီတွေ ပြန်တက်ကြွလာပြီး ဂရင်းဝုဒ်၊ တော်မီနေးနဲ့ ဖရက်တို့က ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေက ဗိုက်တယ်လတီကွင်းမှာ ချေမှုန်းလို့မရနိူင်အောင် အင်အားကြီးကြောင်း သက်သေပြခဲ့တာပါ။ ဒီရလဒ်ကြောင့် ဘုန်းမောက်ဟာ အမှတ်ပေးဇယား မှာ ယူနိုက်တက်ကို သုံးမှတ်အသာနဲ့ ဦးဆောင်နေပြီး ယူနိုက်တက် အတွက်တော့ ၃၄နှစ်အတွင်း အဆိုးဝါးဆုံး ရာသီအစ ဖြစ်ခဲ့ပါတယ်။ နည်းပြဆိုးရှားကတော့ ဒီပွဲအတွက် လူထုတ်ပုံ မှားခဲ့တာ ဖြစ်နိူင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျနော်တို့ စိတ်ပျက်နေပါတယ်။ ဒီလိုနေရာမျိုး ရောက်တဲ့အခါ ပွဲကို ထိန်းချုပ်ဖို့ လိုတယ်။ ပထမ ၁၅မိနစ်မှာ ကောင်းကောင်း စတင်ခဲ့ပေမယ့် အဲ့နောက်မှာတော့ ကျနော်တို့တွေ အရည်အချင်း ကင်းမဲ့ခဲ့ပြီး ဂိုးမရနိူင်ခဲ့ဘူး။ ပထမဂိုးက အမြဲတမ်း အရေးကြီးတယ်။ ဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရတဲ့ အခါတိုင်း အဲ့ဒါက ဆိုးဝါးတဲ့ဂိုးဖြစ်တယ်။ ဒါပေမယ့် ပွဲကို အနိူင်ရစေတဲ့ ပယောဂလဲ ဖြစ်တယ်။ ကျနော့်အနေနဲ့ တခြား လူအနည်းငယ်ကို ပွဲထုတ်ခဲ့သင့်တာ ဖြစ်နိုင်တယ်။ ဘယ်သူသိနိူင်မှာလဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ ကြားရက်မှာ ကစားခဲ့ပြီးနောက် ပွဲပန်းမှုက ရှုံးပွဲအတွက် အရေးပါခဲ့လားဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ ဆိုးရှားက-

“ကျနော်တို့ ပွဲကို ကောင်းကောင်း စတင်ခဲ့တယ်။ ဒါကြောင့် ပွဲပန်းလို့ ရှုံးတာ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဟူးည ပြီးတော့ စနေအစောပိုင်း။ အဲ့အချိန်မှာ ကျနော်တို့ အရည်အချင်း ကင်းမဲ့ခဲ့တာပါ။ အဆင့်လေးအတွက် စိန်ခေါ်ချင်ရင် ဒီလိုပွဲမျိုးကို အနိုင်ရဖို့ လိုတယ်။ ကျနော်တို့ စိတ်ပျက်နေပေမယ့် ကြာသပတေးမှာ ပါတီဇန်နဲ့ ကစားဖို့ ရှိတယ်။ ဒါကို ဖြတ်ကျော်ပြီးရင် နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ဘရိုက်တန် နဲ့ ကစားမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ ၁၁ပြဲမွာ ၃ပြဲသာ အႏိုင္ရခဲ့တာနဲ႔အတူ နည္းျပ ဆိုးရွားက သူ႔အေနနဲ႔ မေန႔က ဘုန္းေမာက္ကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ မတူညီတဲ့ ပြဲထြက္စာရင္းကို အသုံးျပဳခဲ့သင့္လား မသိဘူးလို႔ ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္ ဟာ ပါတီဇန္၊ ေနာဝစ္ခ်္ ၊ ခ်ယ္ဆီးတို႔ကို အေဝးကြင္းမွာ ဆက္တိုက္ အႏိူင္ယူခဲ့ေပမယ့္ ဘူန္းေမာက္နဲ႔ပြဲမွာေတာ့ ႐ုန္းကန္ခဲ့ရပါတယ္။ အဒမ္စမစ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဂ်ိဳ႕စ္ကင္းက ရယူၿပီး ဝမ္ဘစ္ဆာကာ ကို လွည့္ပတ္ကာ ဒီဂီယာကို ေက်ာ္ၿပီးေတာ့ ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ သရဲနီေတြ ျပန္တက္ႂကြလာၿပီး ဂရင္းဝုဒ္၊ ေတာ္မီေနးနဲ႔ ဖရက္တို႔က ေခ်ပဂိုးရရွိဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ရဲ႕ ၿပိဳင္ဘက္ေတြက ဗိုက္တယ္လတီကြင္းမွာ ေခ်မႈန္းလို႔မရႏိူင္ေအာင္ အင္အားႀကီးေၾကာင္း သက္ေသျပခဲ့တာပါ။ ဒီရလဒ္ေၾကာင့္ ဘုန္းေမာက္ဟာ အမွတ္ေပးဇယား မွာ ယူႏိုက္တက္ကို သုံးမွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး ယူႏိုက္တက္ အတြက္ေတာ့ ၃၄ႏွစ္အတြင္း အဆိုးဝါးဆုံး ရာသီအစ ျဖစ္ခဲ့ပါတယ္။ နည္းျပဆိုးရွားကေတာ့ ဒီပြဲအတြက္ လူထုတ္ပုံ မွားခဲ့တာ ျဖစ္ႏိူင္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“က်ေနာ္တို႔ စိတ္ပ်က္ေနပါတယ္။ ဒီလိုေနရာမ်ိဳး ေရာက္တဲ့အခါ ပြဲကို ထိန္းခ်ဳပ္ဖို႔ လိုတယ္။ ပထမ ၁၅မိနစ္မွာ ေကာင္းေကာင္း စတင္ခဲ့ေပမယ့္ အဲ့ေနာက္မွာေတာ့ က်ေနာ္တို႔ေတြ အရည္အခ်င္း ကင္းမဲ့ခဲ့ၿပီး ဂိုးမရႏိူင္ခဲ့ဘူး။ ပထမဂိုးက အၿမဲတမ္း အေရးႀကီးတယ္။ ဂိုးတစ္ဂိုး ခြင့္ျပဳလိုက္ရတဲ့ အခါတိုင္း အဲ့ဒါက ဆိုးဝါးတဲ့ဂိုးျဖစ္တယ္။ ဒါေပမယ့္ ပြဲကို အႏိူင္ရေစတဲ့ ပ​ေယာဂလဲ ျဖစ္တယ္။ က်ေနာ့္အေနနဲ႔ တျခား လူအနည္းငယ္ကို ပြဲထုတ္ခဲ့သင့္တာ ျဖစ္ႏိုင္တယ္။ ဘယ္သူသိႏိူင္မွာလဲ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ၾကားရက္မွာ ကစားခဲ့ၿပီးေနာက္ ပြဲပန္းမႈက ရႈံးပြဲအတြက္ အေရးပါခဲ့လားဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့လဲ ဆိုးရွားက-

“က်ေနာ္တို႔ ပြဲကို ေကာင္းေကာင္း စတင္ခဲ့တယ္။ ဒါေၾကာင့္ ပြဲပန္းလို႔ ရႈံးတာ မျဖစ္ႏိုင္ပါဘူး။ ဗုဒၶဟူးည ၿပီးေတာ့ စေနအေစာပိုင္း။ အဲ့အခ်ိန္မွာ က်ေနာ္တို႔ အရည္အခ်င္း ကင္းမဲ့ခဲ့တာပါ။ အဆင့္ေလးအတြက္ စိန္ေခၚခ်င္ရင္ ဒီလိုပြဲမ်ိဳးကို အႏိုင္ရဖို႔ လိုတယ္။ က်ေနာ္တို႔ စိတ္ပ်က္ေနေပမယ့္ ၾကာသပေတးမွာ ပါတီဇန္နဲ႔ ကစားဖို႔ ရွိတယ္။ ဒါကို ျဖတ္ေက်ာ္ၿပီးရင္ ႏိုင္ငံတကာ ရက္သတၱပတ္ မတိုင္ခင္ ဘ႐ိုက္တန္ နဲ႔ ကစားမွာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။