ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ အမှတ်ပေးဇယား ပထမနေရာမှာ ဆက်လက် အသာစီးယူကာ အမှတ်ကွာခြားချက် ထိန်းထားနိုင်ဖို့ အက်စတွန်ဗီလာအသင်းကို နောက်ဆုံးမိနစ်အထိ အရှုံးမပေးဘဲ ယှဉ်ပြိုင်သွားခဲ့ရာ ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ မာနေး သွင်းတဲ့ အနိုင်ဂိုးနဲ့ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ဗီလာပါ့ခ်မှာ လီဗာပူးသားတွေ တောက်ပခဲ့ပြီး လိုအပ်တဲ့ ရလဒ်ကိုတော့ ပွဲပြီးခါနီးမှ ယူကာ ၂-၁ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှ လီဗာပူးအသင်းသားတွေ စွမ်းဆောင်ရည်များကို ဖော်ပြပေးလိုပါတယ်။

အက်လစ်ဆန် ဘက်ကာ – ၆

စောစောစီးစီးတည်းက ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပြီး ဗီလာကို ပေးလိုက်ရတဲ့ ဂိုးအတွက် ပိုကောင်းကောင်း တုန့်ပြန်နိုင်ခဲ့သင့်တာပါ။ အဲဒီနောက်တော့ သိပ်လုပ်စရာ များများ မရှိခဲ့ဘူး။

ထရန့် အလက်ဇန်းဒါးအာနိုး – ၈

လီဗာပူးအတွက် ပွဲတစ်ရာ ပြည့် ကစားသွားတဲ့ လီဗာပူးသားလေးက ပထမပိုင်း မပြီးခင်မှာ အသင်း အကောင်းဆုံး ကစားသမား ဖြစ်ပြီး အထူး သဖြင့် တိုက်စစ် လိုက်ပါမှုပိုင်းတွေမှာ ထူးချွန်ခဲ့ပါတယ်။ ဒါ့အပြင် မာနေးသွင်းသွားတဲ့ အနိုင်ဂိုးအတွက် ထောင့်ကန်ဘောကနေ ကွက်တိ တင်ပေးခဲ့တာပါ။

ဒီဂျန် လိုဗရန် – ၇

ဝက်စ်လေရဲ့ စောစောစီး အင်တိုက်အားတိုက် ထိုးဖောက်မှုတွေကို လိုက်ကာကွယ်ဖို့ ခက်ခဲခဲ့ပြီး နေရယူမှု အလွဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ကူညီမှုတွေ ပြုလုပ်ပြီး ပိုကောင်းလာခဲ့ပါတယ်။

ဗန်ဒိုက် – ၆

ပထမပိုင်းမှာ လွဲချော်မှုတချို့ ရှိခဲ့ပြီး အန္တရာယ်ဇုံထဲမှာ အမှားကျူးလွန်မှုလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆာလက်အတွက် ပေးပို့ဖန်တီးမှုကောင်း တစ်ခု ပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာလည်း အရေးပါတဲ့ ဘောလုံးဖြတ်လုမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲက ဟော်လန်သားရဲ့ အကောင်းဆုံး ပွဲတော့ မဟုတ်ပါဘူး။ အဝါကတ်လည်း ပြသခံခဲ့ရပါတယ်။

အန်ဒီရော်ဘတ်ဆန် – ၇

နေရာယူမှု ထပ်နေတာတွေတော့ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုကောင်းလာခဲ့ပြီး လီဗာပူးကလည်း ပိုဖိအားပေးနိုင်ခဲ့တယ်။ ဒါ့အပြင် အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းပေးခဲ့ပါတယ်။

အဒမ် လယ်လာနာ – ၆

ခံစစ်ပိုင်း များစွာ အားထုတ်ဖို့ တောင်းဆိုခြင်း ခံထားခဲ့ရပြီး အဖွင့် မိနစ်များမှာ အသားကျဖို့ အချိန်ယူခဲ့ရပါတယ်။ ပထမပိုင်းပြီးတဲ့နောက် ပို ကောင်းမွန်လာပြီး အခွင့်ကောင်း တစ်ခုလည်း လွဲချော်ခဲ့ပါတယ်။

ဂျော်ဒန် ဟန်ဒါဆန် – ၆

ပထမပိုင်းမှာ တော်တော် ခြေစွမ်းညံ့ခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ ကစားပုံ တိုးတက်လာခဲ့ပါတယ်။ နေရာယူမှု အလွဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဂျီနီ ဝိုက်နယ်ဒန် – ၅

ပထမပိုင်းမှာ သိပ်မပါလိုက်သလိုပါပဲ။ ဘောလုံးနဲ့ အနည်းငယ်သာ ရွေ့လျားခဲ့ရတယ်။ ဒုတိယပိုင်းမှာ အနည်းငယ် ပိုကောင်းလာခဲ့ကာ လူစားလဲခံခဲ့ရပါတယ်။

မိုဟာမက် ဆာလက် – ၅

ဟီတန်က ကာကွယ်သွားနိုင်တာရယ် ကန်ချက်များသွားတာရယ်ကြောင့် ဆာလက် ဂိုးမရခဲ့ပါဘူး။ ပင်နယ်တီ ရသင့်တဲ့ အကြိမ် ရှိပေမယ့် မရခဲ့ပြန်ပါဘူး။ ဒုတိယပိုင်းမှာ ပိုမိုး ခြိမ်းခြောက် လာနိုင်ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေ ရှိနေပါတယ်။ သူက ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရုန်းကန်နေရတာများလား။

ရော်ဘတ်တို ဖာမီနို – ၆

ပထမပိုင်းမှာ လုံလောက်တဲ့ ပါဝင်မှုတွေ မတွေ့ခဲ့ရပါဘူး။ သူ့ရဲ့ သွင်းဂိုးကလည်း VAR ကြောင့်ပယ်ဖျက်ခံခဲ့ရပါတယ်။

ဆာဒီယို မာနေး – ၇

ခေါင်းတိုက်ချက် များသွားပြီးတဲ့နောက် ပင်နယ်တီ ရဖို့ ကြိုးစားခဲ့တာကြောင့် သတိပေးခြင်း ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း နောက်ထပ် ခေါင်းတိုက်ချက် ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးအတွက် ခြေစွမ်းအဆင့်အတန်းကောင်း ပြသနိုင်တဲ့ ပေးပို့မှုကောင်း ပြုလုပ်နိုင်ခဲ့သလို ဒရမ်မာ ဆန်တဲ့ အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့တယ်။

ချိန်ဘာလိန် – ၆ ( ၆၅ မိနစ်မှာ ဝိုက်နယ်ဒန်နေရာ လူစားဝင်)

ဝင်လာတဲ့ စက္ကန့်ပိုင်း အတွင်း ကန်ချက် နှစ်ကြိမ် လုံး တားဆီး ခံခဲ့ရပါတယ်။ ဝင်လာပြီး အသင်းတိုက်စစ်ကို အားဖြည့်နိုင်ခဲ့သူပါ။

အိုရီဂီ – ၆ ( ၆၅ မိနစ်မှာ ဆာလက်နေရာ လူစားဝင်)

ကန်ချက်တွေ ရှိခဲ့ပေမယ့် များခဲ့ပါတယ်။ ခြိမ်းခြောက်နိုင်မှုထက် အလားအလာကောင်း ရုံလောက်သာ ပါဝင်ခဲ့ပါတယ်။

ကိတ်တာ ( ၈၄ မိနစ်မှာ လယ်လာနာ နေရာ လူစားဝင်)

ဘောလုံးတွေ ရှေ့ပို့ဖို့သာ ကူညီခဲ့ရပါတယ်။

Zawgyi

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းကေတာ့ အမွတ္ေပးဇယား ပထမေနရာမွာ ဆက္လက္ အသာစီးယူကာ အမွတ္ကြာျခားခ်က္ ထိန္းထားနိုင္ဖို႔ အက္စတြန္ဗီလာအသင္းကို ေနာက္ဆံုးမိနစ္အထိ အရွံဳးမေပးဘဲ ယွဥ္ျပိဳင္သြားခဲ့ရာ ပြဲျပီးခါနီး နာက်င္အခ်ိန္ပို ေနာက္ဆံုးမိနစ္မွ မာေနး သြင္းတဲ့ အနိုင္ဂိုးနဲ႕ လိုအပ္တဲ့ အနုိင္သံုးမွတ္ကို ရယူနိုင္ခဲ့ပါတယ္။

ဗီလာပါ့ခ္မွာ လီဗာပူးသားေတြ ေတာက္ပခဲ့ျပီး လိုအပ္တဲ့ ရလဒ္ကိုေတာ့ ပြဲျပီးခါနီးမွ ယူကာ ၂-၁ နဲ႕ နိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီပြဲမွ လီဗာပူးအသင္းသားေတြ စြမ္းေဆာင္ရည္မ်ားကို ေဖာ္ျပေပးလိုပါတယ္။

အက္လစ္ဆန္ ဘက္ကာ – ၆

ေစာေစာစီးစီးတည္းက ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ရျပီး ဗီလာကို ေပးလိုက္ရတဲ့ ဂိုးအတြက္ ပိုေကာငး္ေကာင္း တုန္႔ျပန္နိုင္ခဲ့သင့္တာပါ။ အဲဒီေနာက္ေတာ့ သိပ္လုပ္စရာ မ်ားမ်ား မရွိခဲ့ဘူး။

ထရန္႔ အလက္ဇန္းဒါးအာနိုး – ၈

လီဗာပူးအတြက္ ပြဲတစ္ရာ ျပည့္ ကစားသြားတဲ့ လီဗာပူးသားေလးက ပထမပိုင္း မျပီးခင္မွာ အသင္း အေကာင္းဆံုး ကစားသမား ျဖစ္ျပီး အထူး သျဖင့္ တိုက္စစ္ လိုက္ပါမႈပိုင္းေတြမွာ ထူးခၽြန္ခဲ့ပါတယ္။ ဒါ့အျပင္ မာေနးသြင္းသြားတဲ့ အနုိင္ဂိုးအတြက္ ေထာင့္ကန္ေဘာကေန ကြက္တိ တင္ေပးခဲ့တာပါ။

ဒီဂ်န္ လိုဗရန္ – ၇

၀က္စ္ေလရဲ႕ ေစာေစာစီး အင္တိုက္အားတိုက္ ထိုးေဖာက္မႈေတြကို လိုက္ကာကြယ္ဖို႔ ခက္ခဲခဲ့ျပီး ေနရယူမႈ အလြဲေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အေရးပါတဲ့ ကူညီမႈေတြ ျပဳလုပ္ျပီး ပိုေကာင္းလာခဲ့ပါတယ္။

ဗန္ဒိုက္ – ၆

ပထမပိုင္းမွာ လြဲေခ်ာ္မႈတခ်ိဳ႔ ရွိခဲ့ျပီး အႏၱရာယ္ဇံုထဲမွာ အမွားက်ဴးလြန္မႈလည္း ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဆာလက္အတြက္ ေပးပို႔ဖန္တီးမႈေကာင္း တစ္ခု ျပဳလုပ္ခဲ့ျပီး အဲဒီေနာက္မွာလည္း အေရးပါတဲ့ ေဘာလံုးျဖတ္လုမႈ ျပဳလုပ္နုိင္ခဲ့ပါတယ္။ ဒီပြဲက ေဟာ္လန္သားရဲ႕ အေကာင္းဆံုး ပြဲေတာ့ မဟုတ္ပါဘူး။ အ၀ါကတ္လည္း ျပသခံခဲ့ရပါတယ္။

အန္ဒီေရာ္ဘတ္ဆန္ – ၇

ေနရာယူမႈ ထပ္ေနတာေတြေတာ့ ရွိခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ပိုေကာင္းလာခဲ့ျပီး လီဗာပူးကလည္း ပိုဖိအားေပးနုိင္ခဲ့တယ္။ ဒါ့အျပင္ အသင္း အတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းေပးခဲ့ပါတယ္။

အဒမ္ လယ္လာနာ – ၆

ခံစစ္ပိုင္း မ်ားစြာ အားထုတ္ဖို႔ ေတာင္းဆိုျခင္း ခံထားခဲ့ရျပီး အဖြင့္ မိနစ္မ်ားမွာ အသားက်ဖို႔ အခ်ိန္ယူခဲ့ရပါတယ္။ ပထမပိုင္းျပီးတဲ့ေနာက္ ပို ေကာင္းမြန္လာျပီး အခြင့္ေကာင္း တစ္ခုလည္း လြဲေခ်ာ္ခဲ့ပါတယ္။

ေဂ်ာ္ဒန္ ဟန္ဒါဆန္ – ၆

ပထမပိုငး္မွာ ေတာ္ေတာ္ ေျခစြမ္းညံ့ခဲ့ျပီး ပထမပိုင္းအျပီးမွာေတာ့ ကစားပံု တိုးတက္လာခဲ့ပါတယ္။ ေနရာယူမႈ အလြဲေတြ ျပဳလုပ္ခဲ့တာ ေတြ႔ရပါတယ္။

ဂ်ီနီ ၀ိုက္နယ္ဒန္ – ၅

ပထမပိုင္းမွာ သိပ္မပါလိုက္သလိုပါပဲ။ ေဘာလံုးနဲ႕ အနည္းငယ္သာ ေရြ႕လ်ားခဲ့ရတယ္။ ဒုတိယပိုင္းမွာ အနည္းငယ္ ပိုေကာင္းလာခဲ့ကာ လူစားလဲခံခဲ့ရပါတယ္။

မိုဟာမက္ ဆာလက္ – ၅

ဟီတန္က ကာကြယ္သြားနုိင္တာရယ္ ကန္ခ်က္မ်ားသြားတာရယ္ေၾကာင့္ ဆာလက္ ဂိုးမရခဲ့ပါဘူး။ ပင္နယ္တီ ရသင့္တဲ့ အၾကိမ္ ရွိေပမယ့္ မရခဲ့ျပန္ပါဘူး။ ဒုတိယပိုင္းမွာ ပိုမိုး ျခိမ္းေျခာက္ လာနုိင္ေပမယ့္ အဆံုးသတ္ လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ သူက ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရတာမ်ားလား။

ေရာ္ဘတ္တို ဖာမီနို – ၆

ပထမပိုင္းမွာ လံုေလာက္တဲ့ ပါ၀င္မႈေတြ မေတြ႔ခဲ့ရပါဘူး။ သူ႔ရဲ႕ သြင္းဂိုးကလည္း VAR ေၾကာင့္ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဆာဒီယို မာေနး – ၇

ေခါင္းတိုက္ခ်က္ မ်ားသြားျပီးတဲ့ေနာက္ ပင္နယ္တီ ရဖို႔ ၾကိဳးစားခဲ့တာေၾကာင့္ သတိေပးျခင္း ခံခဲ့ရပါတယ္။ ဒုတိယပိုင္းမွာလည္း ေနာက္ထပ္ ေခါင္းတိုက္ခ်က္ ဖမ္းမိခဲ့ပါတယ္။ ဒါေပမယ့္ ေခ်ပဂိုးအတြက္ ေျခစြမ္းအဆင့္အတန္းေကာငး္ ျပသနိုင္တဲ့ ေပးပို႔မႈေကာင္း ျပဳလုပ္နုိင္ခဲ့သလို ဒရမ္မာ ဆန္တဲ့ အနုိင္ဂိုးကိုလည္း သြင္းယူေပးခဲ့တယ္။

ခ်ိန္ဘာလိန္ – ၆ ( ၆၅ မိနစ္မွာ ၀ိုက္နယ္ဒန္ေနရာ လူစား၀င္)

၀င္လာတဲ့ စကၠန္႔ပိုင္း အတြင္း ကန္ခ်က္ နွစ္ၾကိမ္ လံုး တားဆီး ခံခဲ့ရပါတယ္။ ၀င္လာျပီး အသင္းတိုက္စစ္ကို အားျဖည့္နုိင္ခဲ့သူပါ။

အိုရီဂီ – ၆ ( ၆၅ မိနစ္မွာ ဆာလက္ေနရာ လူစား၀င္)

ကန္ခ်က္ေတြ ရွိခဲ့ေပမယ့္ မ်ားခဲ့ပါတယ္။ ျခိမ္းေျခာက္နုိင္မႈထက္ အလားအလာေကာင္း ရံုေလာက္သာ ပါ၀င္ခဲ့ပါတယ္။

ကိတ္တာ ( ၈၄ မိနစ္မွာ လယ္လာနာ ေနရာ လူစား၀င္)

ေဘာလံုးေတြ ေရွ႔ပို႔ဖို႔သာ ကူညီခဲ့ရပါတယ္။