လီဗာပူးက အက်စတွန်ဗီလာကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီး မန်နေဂျာယာဂင်ကလော့ပ်က ဖာမင်နိုရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်က အသင်းကို မျက်နှာသာမပေးခဲ့တာပါလို့ သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။

ယာဂင်ကလော့ပ်က ပွဲလည်း ပြီးခဲ့ပြီဖြစ်လို့ အဆိုပါ ဆုံးဖြတ်ချက်ကို ရှည်လျားစေတာမျိုးတွေ ထပ်မလုပ်လိုတော့ပေမယ့် မန်နေဂျာတစ်ယောက်ရဲ့ ဘဝဟာ ကစားပွဲတွေမှာ မူတည်နေတာပါလို့ ထောက်ပြ သတိပေးခဲ့တယ်။ ဒိုင်လူကြီးက မှားယွင်းတဲ့ ဆုံးဖြတ်ချက် လုပ်ခဲ့တာဖြစ်နိုင်ပေမယ့် ကလပ်အသင်း မန်နေဂျာကတော့ ရလဒ်ကို တာဝန်ယူရပြီး ရာထူးကနေ ထုတ်ပယ်ခံရတဲ့ထိ ဖြစ်သွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် ယာဂင်ကလော့ပ်ကပဲ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က စစ်သည်တော်တွေလို မဟုတ်ပဲ သာမာန်ကစားသမားတွေလို ကစားခဲ့ကြတာက အားနည်းချက်ဖြစ်ခဲ့တာကိုလည်း ပြောပါသေးတယ်။

” ပထမပိုင်း ကစားပုံကိုတော့ ကျနော် မကြိုက်ပါဘူး။ ကျနော်တို့က စစ်သည်တော်တွေလို မဟုတ်ဘူး။ ကစားသမားတွေလိုပဲ ကစားခဲ့ကြတယ်။ ကျနော်တို့ ၂-၁ နဲ့ အနိုင်ရခဲ့တယ် ဒီတော့ အရမ်းကြီး ပြောဆိုတာတွေလည်း လုပ်မနေတော့ပါဘူး။ ဒါပေမယ့် အလေးအနက်ထားရမယ့် အခိုက်အတန့်တွေနဲ့ ပက်သက်လို့တော့ စကားပြောပါမယ်။ ဒီနေရာမှာ ထိုင်နေတာက အားလုံး ရယ်မောရအောင် စကားလာပြောဖို့ မဟုတ်ပါဘူး။

ဒါက ရယ်စရာ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောတာပါ။ ဘောလုံးပွဲတွေကြောင့် မန်နေဂျာက ရာထူးကနေ ထုတ်ခံရနိုင်ပါတယ်။ ဒါကို ပိုကြီးအောင် ကျနော် မလုပ်ချင်တော့ပါဘူး။ ကျနော်က ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြတာပဲဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်က တမင်လုပ်တယ်လို့ မပြောလိုပါဘူး။

ဖာမင်နိုရဲ့ဂိုးကို ဝေဖန်စိစစ်သူက ကျနော်ကို ပြပါတယ်။ တစ်ခါတစ်လေမှာ မျက်နှာသာပေးခံရပြီး တစ်ခါတစ်လေမှာ မပေးခံရဘူး။ ဒါပေမယ့် စနစ်အသစ်က ပွဲကို အကူအညီပေးပြီး ရှုပ်ထွေးတာမျိုးတော့ မဖြစ်လိုဘူး။ ” လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးက အက္စတြန္ဗီလာကို ေနာက္က်သြင္းဂိုးနဲ႔ အႏုိင္ရတဲ့ပြဲအျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဖာမင္ႏိုရဲ႕ သြင္းဂိုးကို ခြင့္မျပဳခဲ့တဲ့ VAR ရဲ႕ ဆံုးျဖတ္ခ်က္က အသင္းကို မ်က္ႏွာသာမေပးခဲ့တာပါလို႔ သူ႔ရဲ႕အျမင္ကို ေျပာဆိုပါတယ္။

ယာဂင္ကေလာ့ပ္က ပြဲလည္း ျပီးခဲ့ျပီျဖစ္လို႔ အဆိုပါ ဆံုးျဖတ္ခ်က္ကို ရွည္လ်ားေစတာမ်ိဳးေတြ ထပ္မလုပ္လိုေတာ့ေပမယ့္ မန္ေနဂ်ာတစ္ေယာက္ရဲ႕ ဘဝဟာ ကစားပြဲေတြမွာ မူတည္ေနတာပါလို႔ ေထာက္ျပ သတိေပးခဲ့တယ္။ ဒိုင္လူၾကီးက မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ လုပ္ခဲ့တာျဖစ္ႏုိင္ေပမယ့္ ကလပ္အသင္း မန္ေနဂ်ာကေတာ့ ရလဒ္ကို တာဝန္ယူရျပီး ရာထူးကေန ထုတ္ပယ္ခံရတဲ့ထိ ျဖစ္သြားႏုိင္တယ္လို႔လည္း သူက ဆိုပါတယ္။

ဒါေပမယ့္ ယာဂင္ကေလာ့ပ္ကပဲ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္က စစ္သည္ေတာ္ေတြလို မဟုတ္ပဲ သာမာန္ကစားသမားေတြလို ကစားခဲ့့ၾကတာက အားနည္းခ်က္ျဖစ္ခဲ့တာကိုလည္း ေျပာပါေသးတယ္။

” ပထမပိုင္း ကစားပံုကိုေတာ့ က်ေနာ္ မၾကိဳက္ပါဘူး။ က်ေနာ္တုိ႔က စစ္သည္ေတာ္ေတြလို မဟုတ္ဘူး။ ကစားသမားေတြလိုပဲ ကစားခဲ့ၾကတယ္။ က်ေနာ္တုိ႔ ၂-၁ နဲ႔ အႏုိင္ရခဲ့တယ္ ဒီေတာ့ အရမ္းၾကီး ေျပာဆိုတာေတြလည္း လုပ္မေနေတာ့ပါဘူး။ ဒါေပမယ့္ အေလးအနက္ထားရမယ့္ အခိုက္အတန္႔ေတြနဲ႔ ပက္သက္လို႔ေတာ့ စကားေျပာပါမယ္။ ဒီေနရာမွာ ထိုင္ေနတာက အားလံုး ရယ္ေမာရေအာင္ စကားလာေျပာဖို႔ မဟုတ္ပါဘူး။

ဒါက ရယ္စရာ မဟုတ္ပါဘူး။ ရိုးရိုးသားသားေျပာတာပါ။ ေဘာလံုးပြဲေတြေၾကာင့္ မန္ေနဂ်ာက ရာထူးကေန ထုတ္ခံရႏုိင္ပါတယ္။ ဒါကို ပိုၾကီးေအာင္ က်ေနာ္ မလုပ္ခ်င္ေတာ့ပါဘူး။ က်ေနာ္က ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေျပာျပတာပဲျဖစ္ျပီး ဘယ္သူတစ္ဦးတစ္ေယာက္က တမင္လုပ္တယ္လို႔ မေျပာလိုပါဘူး။

ဖာမင္ႏိုရဲ႕ဂိုးကို ေဝဖန္စိစစ္သူက က်ေနာ္ကို ျပပါတယ္။ တစ္ခါတစ္ေလမွာ မ်က္ႏွာသာေပးခံရျပီး တစ္ခါတစ္ေလမွာ မေပးခံရဘူး။ ဒါေပမယ့္ စနစ္အသစ္က ပြဲကို အကူအညီေပးျပီး ရႈပ္ေထြးတာမ်ိဳးေတာ့ မျဖစ္လိုဘူး။ ” လို႔ ကေလာ့ပ္က ပြဲအျပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။