၀က်ဖို့ဒ်ကို အဝေးကွင်းမှာ နိုင်လိုက်တာက ချယ်ဆီးအသင်းကို အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းသွားစေတဲ့ အပြင် သူတို့ရဲ့ အဝေးကွင်း ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်က သူ့ရဲ့ ပထမရာသီမှာတင် တိုးတက်မှုကောင်းများ ဖော်ဆောင်ပေးနိုင်နေပြီ ဖြစ်ကာ ကလပ်အသင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တင်ထားတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို လိုက်မှီလာပြီ ဖြစ်ပါတယ်။

အေဗရာဟမ်၊ ပူလီဆစ်တို့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်ကို ၂-၁ နဲ့ နိုင် အပြီးမှာ လမ်းပတ်က နည်းပြ ဘော်ဘီကမ့်ဘဲ ၁၉၈၉ မှာ တင်ထားခဲ့တဲ့ အဝေးကွင်း ၇ ပွဲ ဆက် နိုင်တဲ့ မှတ်တမ်းကို မှီသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဦးဆောင်ဂိုးများ သွင်းထားနိုင်ခဲ့ပေမယ့် Deulofeu အတွက် ပြစ်ဒဏ်ဘော ပင်နယ်တီ ပေးလိုက်ရကာ ချေပဂိုး ခွင့်ပြုခဲ့ရတာကြောင့် နောက်ဆုံး ၁၅ မိနစ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ လန်ဒန်အခြေစိုက်ကလပ်ကို အခုလို နိုင်လိုက်တာကြောင့် ပဲလေ့စ်နဲ့ မကန်ရသေးတဲ့ လက်စတာကို ကျော်တက်ခဲ့ကာ တတိယနေရာသို့ ရောက်လာခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အဆင့် ၅ နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးကြား ၆ မှတ် အထိ ကွာဟသွားပြီ ဖြစ်ကာ အမှတ်ပေးဇယား ထိပ် လေးသင်းက ကျန်အသင်းများနဲ့ အမှတ် ကွာခြားချက် ပိုများလာပြီ ဖြစ်ပါတယ်။

ချယ်ဆီးက လာမယ့် ၇ ရက်အတွင်း စတန်းဖို့ ဘရစ်ချ်မှာ နှစ်ပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိပါတယ်။ ပထမပွဲ အနေနဲ့ ချန်ပီယံလိဂ် ပွဲ အဖြစ် အေဂျက်ကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ အမ်စတာဒမ်မှာတော့ ချယ်ဆီးက အေဂျက်ကို ၁-၀ နဲ့ အနိုင်ယူထားခဲ့တာပါ။ ထိုပွဲ ပြီးတဲ့နောက်တော့ လိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ထိုပွဲမှာတော့ ဒီနှစ် အဝါကတ် ၅ ကတ် ရပြီး ဖြစ်လို့ တစ်ပွဲ ပယ် ခံရမယ့် ဂျော်ဂျင်ဟို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အိမ်ကွင်း နှစ်ပွဲ အပြီးမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကို အီတီဟတ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ချယ်ဆီးနဲ့ လမ်းပတ် အတွက် စိန်ခေါ်မှုကြီးတွေက စောင့်ကြိုနေပါတယ်။

Zawgyi

၀က္ဖို႔ဒ္ကို အေ၀းကြင္းမွာ နုိင္လိုက္တာက ခ်ယ္ဆီးအသင္းကို အမွတ္ေပးဇယား တတိယေနရာသို႔ တက္လွမ္းသြားေစတဲ့ အျပင္ သူတို႔ရဲ႕ အေ၀းကြင္း ပံုစံေကာင္းကို ဆက္လက္ထိန္းသိမ္းခဲ့ပါတယ္။ ခ်ယ္ဆီးနည္းျပ လမ္းပတ္က သူ႔ရဲ႕ ပထမရာသီမွာတင္ တိုးတက္မႈေကာင္းမ်ား ေဖာ္ေဆာင္ေပးနိုင္ေနျပီ ျဖစ္ကာ ကလပ္အသင္း လြန္ခဲ့တဲ့ နွစ္သံုးဆယ္က တင္္ထားတဲ့ မွတ္တမ္းေကာင္း တစ္ရပ္ကို လိုက္မီွလာျပီ ျဖစ္ပါတယ္။

ေအဗရာဟမ္၊ ပူလီဆစ္တို႔ သြင္းဂိုးေတြနဲ႕ ၀က္ဖို႔ဒ္ကို ၂-၁ နဲ႕ နုိင္ အျပီးမွာ လမ္းပတ္က နည္းျပ ေဘာ္ဘီကမ့္ဘဲ ၁၉၈၉ မွာ တင္ထားခဲ့တဲ့ အေ၀းကြင္း ၇ ပြဲ ဆက္ နိုင္တဲ့ မွတ္တမ္းကို မွီသြားခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဦးေဆာင္ဂိုးမ်ား သြင္းထားနုိင္ခဲ့ေပမယ့္ Deulofeu အတြက္ ျပစ္ဒဏ္ေဘာ ပင္နယ္တီ ေပးလိုက္ရကာ ေခ်ပဂိုး ခြင့္ျပဳခဲ့ရတာေၾကာင့္ ေနာက္ဆံုး ၁၅ မိနစ္မွာ ခက္ခက္ခဲခဲ ရင္ဆိုင္ခဲ့ရပါတယ္။ လန္ဒန္အေျခစိုက္ကလပ္ကို အခုလို နုိင္လိုက္တာေၾကာင့္ ပဲေလ့စ္နဲ႕ မကန္ရေသးတဲ့ လက္စတာကို ေက်ာ္တက္ခဲ့ကာ တတိယေနရာသို႔ ေရာက္လာခဲ့ပါတယ္။

ဒီနုိင္ပြဲေၾကာင့္ အဆင့္ ၅ ေနရာမွာ ရွိေနတဲ့ အာဆင္နယ္နဲ႕ ခ်ယ္ဆီးၾကား ၆ မွတ္ အထိ ကြာဟသြားျပီ ျဖစ္ကာ အမွတ္ေပးဇယား ထိပ္ ေလးသင္းက က်န္အသင္းမ်ားနဲ႕ အမွတ္ ကြာျခားခ်က္ ပိုမ်ားလာျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးက လာမယ့္ ၇ ရက္အတြင္း စတန္းဖို႔ ဘရစ္ခ်္မွာ နွစ္ပြဲ ယွဥ္ျပိဳင္ ကစားဖို႔ ရွိပါတယ္။ ပထမပြဲ အေနနဲ႕ ခ်န္ပီယံလိဂ္ ပြဲ အျဖစ္ ေအဂ်က္ကို ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပထမအေက်ာ့ အမ္စတာဒမ္မွာေတာ့ ခ်ယ္ဆီးက ေအဂ်က္ကို ၁-၀ နဲ႕ အနိုင္ယူထားခဲ့တာပါ။ ထိုပြဲ ျပီးတဲ့ေနာက္ေတာ့ လိဂ္မွာ ခရစၥတယ္ပဲေလ့စ္နဲ႕ ကစားရမွာ ျဖစ္ပါတယ္။ ထိုပြဲမွာေတာ့ ဒီနွစ္ အ၀ါကတ္ ၅ ကတ္ ရျပီး ျဖစ္လို႔ တစ္ပြဲ ပယ္ ခံရမယ့္ ေဂ်ာ္ဂ်င္ဟို ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။

အိမ္ကြင္း နွစ္ပြဲ အျပီးမွာ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးအသင္းကို အီတီဟတ္မွာ သြားေရာက္ ရင္ဆုိင္ရမွာ ျဖစ္ျပီး ခ်ယ္ဆီးနဲ႕ လမ္းပတ္ အတြက္ စိန္ေခၚမႈၾကီးေတြက ေစာင့္ၾကိဳေနပါတယ္။