ဝတ်ဖို့နဲ့ပွဲအပြီး တွေ့ဆုံမှုမှာတော့ လမ်းပတ်က အသင်းအတွက် နိုင်ပွဲက အရေးကြီးခဲ့သလို တစ်ပွဲလုံးမှာ မကောင်းမြင်နိုင်တဲ့ အနေအထားကတော့ ဂျော်ဂျင်ဟို နောက်ကျ အဝါကဒ် ရရှိသွားခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနောက်ပိုင်းမှာ ခြေစွမ်း ဆက်တိုက် တက်လာခဲ့တာဖြစ်ပြီး အထူးသဖြင့် ရမှတ် ယူနိုင်မှုမှာ အတော်လေးကို တိုးတက်လာခဲ့တာပါ။ ဒီအတွက် ဂျော်ဂျင်ဟိုရဲ့ အရေးပါမှုကလည်း အဓိကကျလှတာဖြစ်တယ်။ အီတလီကွင်းလယ်ကစားသမားဟာ ဝတ်ဖို့နဲ့ပွဲမှာ ရခဲ့တဲ့ အဝါကဒ်ပြစ်ဒဏ်ကြောင့် လာမယ့် ပွဲ တစ်ပွဲကို လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ လူစာရင်းမှာ အခြားနေရာတွေကို အစားထိုးနိုင်ဖို့တွေ ရှိပေမယ့် ကွင်းလယ်မှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေလို့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်အတွဲကို ပွဲတိုင်း အသုံးပြုနေရတာပါ။ ဂျော်ဂျင်ဟိုကို လာမယ့်ပွဲမှာ လက်လွတ်ရမှာနဲ့ ပက်သက်ပြီး လမ်းပတ်ကတော့ ‘အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာတယ်’ လို့ ဝန်ခံသွားခဲ့တယ်။ သူမပါနိုင်တဲ့ အချိန်မှာ ကန်တီ ပြန်ကစားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ကစားနိုင်ခဲ့ရင်တော့ ချယ်ဆီးအတွက် အားတက်စရာသတင်း ဖြစ်လာပါမယ်။

လန်ဒန်ကလပ်ရဲ့ ပြိုင်ဘက် စပါးမန်နေဂျာဟောင်း ရပ်နက်ကတော့ “ လမ်းပတ်လုပ်လိုတာအတွက် ဂျော်ဂျင်ဟိုက အဓိကကျပါတယ်။ မနှစ်တုန်းက ‘Sarri-ball’ မှာ လူတိုင်းက ကန်တီကို ကွင်းလယ်ခံစစ်နေရာ ကစားဖို့ အလိုရှိခဲ့ပြီး သူက ပရိသတ်တွေ မျက်နှာလွဲခံရသူ ဖြစ်ခဲ့တယ်။ စတမ်းဖိုဒ့်ဘရစ်မှာ လူစားလဲခံရတော့ သူ့ကို ပရိသတ်တွေ လှောင်ပြောင်တာကိုတောင် ကျနော် မှတ်မိသေးတယ်။ ပရိသတ်တွေက သူ့ကို မကြိုက်ခဲ့ကြဘူး။

သူက အမြဲတမ်း ဘောလုံးရလိုသူလို့ ကျနော် ထင်ပါတယ်။ သူက ကန်တီလို တကွင်းလုံး မသွားနိုင်သလို အရှိန်လည်း မကောင်းပေမယ့် ဘောလုံးကို အမြဲတမ်း ရလိုပြီး ချယ်ဆီးအသင်းအတွက် အဓိကကျသူပါ။ လမ်းပတ်က ချယ်ဆီးကို ရောက်လာတော့ အသင်းကိုကြည့်ပြီး ဒီကောင်ကြီးကိုတော့ ကြိုက်တယ်လို့ တွေးမိခဲ့တာ ဖြစ်ပါလိမ့်မယ် “ လို့ မှတ်ချက်ပေးခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ဝတ္ဖို႔နဲ႔ပြဲအျပီး ေတြ႔ဆုံမႈမွာေတာ့ လမ္းပတ္က အသင္းအတြက္ ႏုိင္ပြဲက အေရးၾကီးခဲ့သလို တစ္ပြဲလံုးမွာ မေကာင္းျမင္ႏုိင္တဲ့ အေနအထားကေတာ့ ေဂ်ာ္ဂ်င္ဟို ေနာက္က် အဝါကဒ္ ရရွိသြားခဲ့တာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီေနာက္ပိုင္းမွာ ေျခစြမ္း ဆက္တိုက္ တက္လာခဲ့တာျဖစ္ျပီး အထူးသျဖင့္ ရမွတ္ ယူႏုိင္မႈမွာ အေတာ္ေလးကို တိုးတက္လာခဲ့တာပါ။ ဒီအတြက္ ေဂ်ာ္ဂ်င္ဟိုရဲ႕ အေရးပါမႈကလည္း အဓိကက်လွတာျဖစ္တယ္။ အီတလီကြင္းလယ္ကစားသမားဟာ ဝတ္ဖို႔နဲ႔ပြဲမွာ ရခဲ့တဲ့ အဝါကဒ္ျပစ္ဒဏ္ေၾကာင့္ လာမယ့္ ပြဲ တစ္ပြဲကို လြဲေခ်ာ္သြားေတာ့မွာလည္း ျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ လူစာရင္းမွာ အျခားေနရာေတြကို အစားထိုးႏုိင္ဖုိ႔ေတြ ရွိေပမယ့္ ကြင္းလယ္မွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနလို႔ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္အတြဲကို ပြဲတိုင္း အသံုးျပဳေနရတာပါ။ ေဂ်ာ္ဂ်င္ဟိုကို လာမယ့္ပြဲမွာ လက္လြတ္ရမွာနဲ႔ ပက္သက္ျပီး လမ္းပတ္ကေတာ့ ‘အသင္းအတြက္ ထိုးႏွက္ခ်က္ ျဖစ္လာတယ္’ လို႔ ဝန္ခံသြားခဲ့တယ္။ သူမပါႏုိင္တဲ့ အခ်ိန္မွာ ကန္တီ ျပန္ကစားႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ျပီး ကစားႏုိင္ခဲ့ရင္ေတာ့ ခ်ယ္ဆီးအတြက္ အားတက္စရာသတင္း ျဖစ္လာပါမယ္။

လန္ဒန္ကလပ္ရဲ႕ ျပိဳင္ဘက္ စပါးမန္ေနဂ်ာေဟာင္း ရပ္နက္ကေတာ့ “ လမ္းပတ္လုပ္လိုတာအတြက္ ေဂ်ာ္ဂ်င္ဟိုက အဓိကက်ပါတယ္။ မႏွစ္တုန္းက ‘Sarri-ball’ မွာ လူတိုင္းက ကန္တီကို ကြင္းလယ္ခံစစ္ေနရာ ကစားဖို႔ အလိုရွိခဲ့ျပီး သူက ပရိသတ္ေတြ မ်က္ႏွာလြဲခံရသူ ျဖစ္ခဲ့တယ္။ စတမ္းဖိုဒ့္ဘရစ္မွာ လူစားလဲခံရေတာ့ သူ႔ကို ပရိသတ္ေတြ ေလွာင္ေျပာင္တာကိုေတာင္ က်ေနာ္ မွတ္မိေသးတယ္။ ပရိသတ္ေတြက သူ႔ကို မၾကိဳက္ခဲ့ၾကဘူး။

သူက အျမဲတမ္း ေဘာလံုးရလိုသူလို႔ က်ေနာ္ ထင္ပါတယ္။ သူက ကန္တီလို တကြင္းလံုး မသြားႏုိင္သလို အရွိန္လည္း မေကာင္းေပမယ့္ ေဘာလံုးကို အျမဲတမ္း ရလိုျပီး ခ်ယ္ဆီးအသင္းအတြက္ အဓိကက်သူပါ။ လမ္းပတ္က ခ်ယ္ဆီးကို ေရာက္လာေတာ့ အသင္းကိုၾကည့္ျပီး ဒီေကာင္ၾကီးကိုေတာ့ ၾကိဳက္တယ္လို႔ ေတြးမိခဲ့တာ ျဖစ္ပါလိမ့္မယ္ “ လို႔ မွတ္ခ်က္ေပးခဲ့ေသးတာျဖစ္ပါတယ္။