စနေညက ရင်ခုန်စရာ ပရီးမီးယားလိဂ် ပွဲတွေထဲမှာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှ အနိုင်ဂိုး သွင်းသွားတဲ့ လီဗာပူး အပြင် ပွဲပြီးခါနီးမှာ ဆောက်သမ်တန်ကို အနိုင်ဂိုး သွင်းခဲ့တဲ့ မန်စီးတီးလည်း ပါဝင်ပါတယ်။ လီဗာပူးဟာ ဗီလာထံက အနိုင်သုံးမှတ် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား ပထမ နေရာမှာ ဆက်လက် ရပ်တည်ကာ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်တယ်။

ဆာဒီယို မာနေးက လီဗာပူး နိုင်ပွဲ အတွက် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အနိုင် ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ထိုပွဲမှာ မာနေးဟာ ပင်နယ်တီ ဧရိယာထဲ လှဲချခဲ့တာ အတွက် အဝါကတ် ပြသ သတိပေးခြင်း ခံခဲ့ရပါတယ်။

တဖက်ပွဲစဉ်က မန်စီးတီးရဲ့ ပွဲပြီး ရှင်းလင်းပွဲမှာ ဂွာဒီယိုလာက မာနေးရဲ့ အစွမ်းကို အသိအမှတ်ပြု ချီးကျူးရင်း ဟန်ဆောင်လှဲချတတ်ကြောင်းပါ ထည့်သွင်းပြောဆိုမှု ပြုလာခဲ့ပါတယ်။

” ( ပွဲပြီးခါနီးမှ အနိုင်ဂိုး သွင်းတာက) ဒီတလောနှစ်တွေ အတွင်း လီဗာပူး အများကြီ လုပ်ပြထားတာပါ။ မာနေးကလည်း စပါယ်ရှယ် အရည်အချင်း ရှိသူ ဖြစ်တယ်။ တခါတလေ သူက ဟန်ဆောင်လဲှချတယ်။ တခါတလေတော့ မယုံနိုင်လောက်စရာ ဂိုးတွေကို နောက်ဆုံး မိနစ်မှ သွင်းပြတဲ့ ထူးချွန်မှုလည်း ရှိတယ်။ သူက ပင်ကိုအရည်အချင်း ရှိသူပါ။ ”

” ဒါမျိုးက တစ်ကြိမ် နှစ်ကြိမ်ဆို ငါတို့က ကံကောင်းလိုက်တာ ကံသီလို စသဖြင့် ပြောနိုင်ပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီလောက် အတွင်း အကြိမ်ကြိမ် လုပ်ပြနိုင်ရင်တော့ ဒါက ထူးခြားတဲ့ အရည်အသွေး ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ့်အသင်းကို ပြန်ကြည့်တယ်။ ဘယ်အသင်းကို ရင်ဆိုင်နေရလဲ လည်း သိတယ်။ ကျနော်တော့ သူတို့ ၁၀ ပွဲနိုင်ပြီး ၁ ပွဲ သရေ ရထားတယ်ထင်တယ်။ နောက်တစ်ပတ်မှာ ကျနော်တို့ အန်းဖီးကို သွားပြီး သူတို့ကို ရင်ဆိုင် ကစားရမှာပါ။ ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီးဟာ အီတီဟက်မှာ ဆောက်သမ်တန်ကို ဧည့်ခံကစားစဉ် ပွဲချိန် ၁၃ မိနစ်တည်းက ဝပ် ပရောက်စီ ဂိုး ခွင့်ပြုခဲ့ရတာကြောင့် နောက်မှ လိုက် ကစားခဲ့ရကာ ဒုတိယပိုင်းမှ ချေပဂိုးနဲ့ အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်ထားတဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ နောက်တစ်ပတ်မှာ ထိပ်တိုက်တွေ့ ရင်ဆိုင်ကစားကြမှာ ဖြစ်ပြီး စီးတီးနည်းပြ ဂွာဒီယိုလာကတော့ စောစောစီးစီးတင် စကားစစ်ထိုးမှု စတင်ထားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi

စေနညက ရင္ခုန္စရာ ပရီးမီးယားလိဂ္ ပြဲေတြထဲမွာ ပြဲျပီးခါနီး နာက်င္ အခ်ိန္ပိုမွ အနိုင္ဂိုး သြင္းသြားတဲ့ လီဗာပူး အျပင္ ပြဲျပီးခါနီးမွာ ေဆာက္သမ္တန္ကို အနိုင္ဂိုး သြင္းခဲ့တဲ့ မန္စီးတီးလည္း ပါ၀င္ပါတယ္။ လီဗာပူးဟာ ဗီလာထံက အနိုင္သံုးမွတ္ ရယူနိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား ပထမ ေနရာမွာ ဆက္လက္ ရပ္တည္ကာ မန္စီးတီးကို ၆ မွတ္ ျဖတ္ထားနုိင္ဆဲ ျဖစ္တယ္။

ဆာဒီယို မာေနးက လီဗာပူး နုိင္ပြဲ အတြက္ ပြဲျပီးခါနီး နာက်င္အခ်ိန္ပိုမွာ အနိုင္ ဂိုး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ထိုပြဲမွာ မာေနးဟာ ပင္နယ္တီ ဧရိယာထဲ လွဲခ်ခဲ့တာ အတြက္ အ၀ါကတ္ ျပသ သတိေပးျခင္း ခံခဲ့ရပါတယ္။

တဖက္ပြဲစဥ္က မန္စီးတီးရဲ႕ ပြဲျပီး ရွင္းလင္းပြဲမွာ ဂြာဒီယိုလာက မာေနးရဲ႕ အစြမ္းကို အသိအမွတ္ျပဳ ခ်ီးက်ဴးရင္း ဟန္ေဆာင္လွဲခ်တတ္ေၾကာင္းပါ ထည့္သြင္းေျပာဆိုမႈ ျပဳလာခဲ့ပါတယ္။

” ( ပြဲျပီးခါနီးမွ အနုိင္ဂိုး သြင္းတာက) ဒီတေလာနွစ္ေတြ အတြင္း လီဗာပူး အမ်ားၾကီ လုပ္ျပထားတာပါ။ မာေနးကလည္း စပါယ္ရွယ္ အရည္အခ်င္း ရွိသူ ျဖစ္တယ္။ တခါတေလ သူက ဟန္ေဆာင္လဲွခ်တယ္။ တခါတေလေတာ့ မယံုနုိင္ေလာက္စရာ ဂိုးေတြကို ေနာက္ဆံုး မိနစ္မွ သြင္းျပတဲ့ ထူးခၽြန္မႈလည္း ရွိတယ္။ သူက ပင္ကိုအရည္အခ်င္း ရွိသူပါ။ ”

” ဒါမ်ိဳးက တစ္ၾကိမ္ နွစ္ၾကိမ္ဆို ငါတုိ႔က ကံေကာငး္လိုက္တာ ကံသီလို စသျဖင့္ ေျပာနုိင္ေပမယ့္ ျပီးခဲ့တဲ့ နွစ္ရာသီေလာက္ အတြင္း အၾကိမ္ၾကိမ္ လုပ္ျပနိုင္ရင္ေတာ့ ဒါက ထူးျခားတဲ့ အရည္အေသြး ျဖစ္ပါတယ္။ က်ေနာ္တို႔ ကိုယ့္အသင္းကို ျပန္ၾကည့္တယ္။ ဘယ္အသင္းကို ရင္ဆိုင္ေနရလဲ လည္း သိတယ္။ က်ေနာ္ေတာ့ သူတို႔ ၁၀ ပြဲနုိင္ျပီး ၁ ပြဲ သေရ ရထားတယ္ထင္တယ္။ ေနာက္တစ္ပတ္မွာ က်ေနာ္တို႔ အန္းဖီးကို သြားျပီး သူတို႔ကုိ ရင္ဆုိင္ ကစားရမွာပါ။ ” လို႔ ဂြာဒီယိုလာက ဆိုပါတယ္။

မန္စီးတီးဟာ အီတီဟက္မွာ ေဆာက္သမ္တန္ကို ဧည့္ခံကစားစဥ္ ပြဲခ်ိန္ ၁၃ မိနစ္တည္းက ၀ပ္ ပေရာက္စီ ဂိုး ခြင့္ျပဳခဲ့ရတာေၾကာင့္ ေနာက္မွ လိုက္ ကစားခဲ့ရကာ ဒုတိယပိုင္းမွ ေခ်ပဂိုးနဲ႕ အနိုင္ဂိုးမ်ား သြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ထိပ္ဆံုးက ဦးေဆာင္ထားတဲ့ လီဗာပူးနဲ႕ မန္စီးတီးတို႔ဟာ ေနာက္တစ္ပတ္မွာ ထိပ္တိုက္ေတြ႔ ရင္ဆုိင္ကစားၾကမွာ ျဖစ္ျပီး စီးတီးနည္းျပ ဂြာဒီယိုလာကေတာ့ ေစာေစာစီးစီးတင္ စကားစစ္ထိုးမႈ စတင္ထားခဲ့ျပီ ျဖစ္ပါတယ္။