မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ်က လက်ရှိ ယူနိုက်တက် တိုက်စစ်မှာ လုံလောက်တဲ့ အရည်အချင်းတွေ မရှိကြကြောင်း ယုံကြည်နေပါတယ်။ ဂစ်က ဘုန်းမောက်ကို ယူနိုက်တက် ၁-၀ နဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုမှုပြုလုပ်လာခဲ့တာပါ။

ပထမပိုင်း မပြီးခင်မှာ သွင်းသွားခဲ့တဲ့ ဂျို့ရှ် ကင်းရဲ့ တစ်လုံးတည်းသော ဂိုးက ဟိုဝီရဲ့ ဘုန်းမောက်အသင်းကို အနိုင်ရဖို့ လုံလောက်ခဲ့ပြီး ဆိုးရှားရဲ့ ယူနိုက်တက်ကိုတော့ အဆင့် ၁၀ ထိ ကျသွားစေခဲ့ကာ အဆင့် ၄ နေရာမှ လက်စတာနဲ့ ၇ မှတ်ထိ ကွာဟစေခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက်က ဂိုးပေါက်တည့်တဲ့ အကြိမ် ၄ ကြိမ်သာ ရှိပြီး ဘုန်းမောက် ဂိုးသမား ရမ်စ်ဒယ်ကို များစွာ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ယူနိုက်တက်ဟာ စနစ်တကျ စုဖွဲ့ထားတဲ့ ခံစစ်တံတိုင်းတွေကို ကျော်ဖြတ်ဖို့ ခက်ခဲနေကြောင်း ဂစ်က ထောက်ပြလိုက်ပြီး ဘုန်းမောက်နဲ့ ပွဲကနေ သရေ တစ်မှတ်တော့ ရသွားသင့်တယ်လို့တောင် မတွေးနိုင်ဘဲ ရှိနေပါတယ်။

” (သရေ တစ်မှတ်လည်း) မရသင့်ဘူးထင်တယ်။ သူတို့က တောင်ပံတွေကနေ ပိုကောင်းခဲ့ပြီး တကယ်လို့ ထိပ်သီးအသင်းသာ ဆိုရင် ၅ ကြိမ် ၆ ကြိမ်လောက် ကြိုးစားရင် ပစ်မှတ်တော့ ထိသင့် ဂိုးသင့်တယ်။ ကျနော်တော့ ဂိုးပေါက် တည့်တာ ဆိုလို့ မာရှယ်ရဲ့ ကန်ချက် ပျော့ပျော့ တစ်ချက်သာ တွေ့မိတယ်။ အဲဒါတွေက တကယ်တော့ အာရုံစူးစိုက်မှု လိုအပ်တာပဲ။ ”

” အဲဒီနောက်လည်း သူတို့က ဖန်တီးမှုတွေ များများ မလုပ်နိုင်ဘူး။ အခွင့်အရေး အနည်းငယ်တော့ ရခဲ့တာပေါ့လေ။ ဒါပေမယ့် ပြိုင်ဘက် ဧရိယာထဲမှာ အဆုံးသတ် ဂိုးသွင်းဖို့တော့ လုံလောက်တဲ့ အရည်အချင်း မရှိကြဘူး။ ဒါက ကျစ်လစ်တဲ့ ခံစစ်တွေနဲ့ ဆုံတိုင်း ချိုးဖျက်ဖို့ ယူနိုက်တက် ရုန်းကန်နေရတဲ့ အချက်ပဲ။ ”

” ဘယ်သူတွေက ဖန်တီးမှု လုပ်မယ့် ကစားသမားတွေကို အိတ်ထဲ ထည့်ထားတာလဲ။ ဘယ်သူတွေက နေရာလွတ်တွေ အတွက် ချဲပးမလဲ ဖြတ်တင်ဘောတွေ တောက်လျောက်တင်ပြီးတော့ စသဖြင့် လိုအပ်မှုတွေက အများကြီးပါ။ ” လို့ ဂစ်က ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ဂႏၱ၀င္ကစားသမားၾကီး ရိုင္ယန္ဂစ္က လက္ရွိ ယူနိုက္တက္ တိုက္စစ္မွာ လံုေလာက္တဲ့ အရည္အခ်င္းေတြ မရွိၾကေၾကာင္း ယံုၾကည္ေနပါတယ္။ ဂစ္က ဘုန္းေမာက္ကို ယူနိုက္တက္ ၁-၀ နဲ႕ ရွံဳးတဲ့ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆိုမႈျပဳလုပ္လာခဲ့တာပါ။

ပထမပိုင္း မျပီးခင္မွာ သြင္းသြားခဲ့တဲ့ ဂ်ိဳ႕ရွ္ ကင္းရဲ႕ တစ္လံုးတည္းေသာ ဂိုးက ဟို၀ီရဲ႕ ဘုန္းေမာက္အသင္းကို အနုိင္ရဖို႔ လံုေလာက္ခဲ့ျပီး ဆိုးရွားရဲ႕ ယူနိုက္တက္ကိုေတာ့ အဆင့္ ၁၀ ထိ က်သြားေစခဲ့ကာ အဆင့္ ၄ ေနရာမွ လက္စတာနဲ႕ ၇ မွတ္ထိ ကြာဟေစခဲ့ပါတယ္။ ထိုပဲြမွာ ယူနိုက္တက္က ဂိုးေပါက္တည့္တဲ့ အၾကိမ္ ၄ ၾကိမ္သာ ရွိျပီး ဘုန္းေမာက္ ဂိုးသမား ရမ္စ္ဒယ္ကို မ်ားစြာ ျခိမ္းေျခာက္နုိင္ျခင္း မရွိခဲ့ပါဘူး။

ယူနိုက္တက္ဟာ စနစ္တက် စုဖြဲ႕ထားတဲ့ ခံစစ္တံတိုင္းေတြကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲေနေၾကာင္း ဂစ္က ေထာက္ျပလိုက္ျပီး ဘုန္းေမာက္နဲ႕ ပြဲကေန သေရ တစ္မွတ္ေတာ့ ရသြားသင့္တယ္လို႔ေတာင္ မေတြးနုိင္ဘဲ ရွိေနပါတယ္။

” (သေရ တစ္မွတ္လည္း) မရသင့္ဘူးထင္တယ္။ သူတို႔က ေတာင္ပံေတြကေန ပိုေကာင္းခဲ့ျပီး တကယ္လို႔ ထိပ္သီးအသင္းသာ ဆိုရင္ ၅ ၾကိမ္ ၆ ၾကိမ္ေလာက္ ၾကိဳးစားရင္ ပစ္မွတ္ေတာ့ ထိသင့္ ဂိုးသင့္တယ္။ က်ေနာ္ေတာ့ ဂိုးေပါက္ တည့္တာ ဆိုလို႔ မာရွယ္ရဲ႕ ကန္ခ်က္ ေပ်ာ့ေပ်ာ့ တစ္ခ်က္သာ ေတြ႕မိတယ္။ အဲဒါေတြက တကယ္ေတာ့ အာရံုစူးစိုက္မႈ လိုအပ္တာပဲ။ ”

” အဲဒီေနာက္လည္း သူတို႔က ဖန္တီးမႈေတြ မ်ားမ်ား မလုပ္နုိင္ဘူး။ အခြင့္အေရး အနည္းငယ္ေတာ့ ရခဲ့တာေပါ့ေလ။ ဒါေပမယ့္ ျပိဳင္ဘက္ ဧရိယာထဲမွာ အဆံုးသတ္ ဂိုးသြင္းဖို႔ေတာ့ လံုေလာက္တဲ့ အရည္အခ်င္း မရွိၾကဘူး။ ဒါက က်စ္လစ္တဲ့ ခံစစ္ေတြနဲ႕ ဆံုတိုင္း ခ်ိဳးဖ်က္ဖို႔ ယူနိုက္တက္ ရုန္းကန္ေနရတဲ့ အခ်က္ပဲ။ ”

” ဘယ္သူေတြက ဖန္တီးမႈ လုပ္မယ့္ ကစားသမားေတြကို အိတ္ထဲ ထည့္ထားတာလဲ။ ဘယ္သူေတြက ေနရာလြတ္ေတြ အတြက္ ခ်ဲပးမလဲ ျဖတ္တင္ေဘာေတြ ေတာက္ေလ်ာက္တင္ျပီးေတာ့ စသျဖင့္ လိုအပ္မႈေတြက အမ်ားၾကီးပါ။ ” လို႔ ဂစ္က ေျပာဆိုခဲ့ပါတယ္။