ရှုံးပွဲမရှိ ဒီရာသီ ပရီးမီးယားလိဂ် ဦးဆောင်ထားတဲ့ လီဗာပူးအသင်းဟာ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုက ဂိုးနဲ့ အက်စ်တွန်ဗီလာ ကို အနိုင်ယူပြီး ၃မှတ် ရရှိခဲ့ပါတယ်။ ၇ရက်အတွင်း ၃ပွဲမြောက်အတွက် ကလော့ပ်ရဲ့ လူတွေဟာ သူတို့ရဲ့ recovery စွမ်းရည်ကို စစ်ဆေးခဲ့ကြပြီး နောက်တစ်ပတ် စီးတီးနဲ့ပွဲ မတိုင်ခင် ခက်ခက်ခဲခဲ နိုင်ပွဲ ရယူခဲ့ပါတယ်။

အိမ်ရှင်အသင်းအတွက်တော့ မယုံနိုင်စရာ ရလဒ် ရရှိလောက်အောင် ဖြစ်ခဲ့ပေမယ့် ရက်စက်တဲ့ အဆုံးသတ်နဲ့ ကြုံခဲ့ရတာပါ။ ဒင်းစမစ်ရဲ့ အသင်းဟာ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ရောဘတ်ဆန်နဲ့ မာနေးရဲ့ အချိန်ပိုဂိုးကြောင့် နောက်ထပ် ရှုံးပွဲ တွေ့ကြုံခဲ့ရတာပါ။ ဒီပွဲကနေ လေ့လာနိုင်တဲ့ အချက်ငါးချက်ကို ဖော်ပြပေးပါမယ်။

1. ဖာဘင်ဟိုနေရာကို အစားဝင်ခဲ့တဲ့ လယ်လာနာ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ဟာ ကာလရှည် အနာဂတ်နဲ့ပတ်သက်ပြီး မရေရာခဲ့တဲ့ လယ်လာနာ အတွက် ခက်ခဲခဲ့ပါတယ်။ ဒဏ်ရာပြဿနာ တွေကြောင့် ပုံမှန်နေရာ ရရှိဖို့ရုန်းကန်ခဲ့ရပေမယ့် အခုချိန်မှာ သူက ပြန်လာပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ ဖာဘင်ဟိုက အဝါကဒ် တစ်ကြိမ် ထပ်ထိရင် ပွဲပယ်ခံရမှာမို့ သူက ပွဲထွက်ခဲ့ရတာပါ။ လယ်လာနာဟာ ရာသီကြိုကအတိုင်း နံပါတ် ၆နေရာမှာ ကစားခဲ့ပါတယ်။

ဟန်ဒါဆန်နဲ့ ဝိုင်နယ်ဒန်နောက်မှာ ကစားခဲ့ပေမယ့် လယ်လာနာဟာ ဘောလုံးထိချက် ၁၀၂ ကြိမ်ထက်မနည်း ရခဲ့ပြီး သူ့ထက်များတာဆိုလို့ အာနိုး (၁၁၄) နဲ့ ဟန်ဒါဆန် (၁၀၄) တို့သာ ရှိပါတယ်။ ဒါ့အပြင် ပေးပို့မှု ၈၆ ကြိမ်မှာလဲ ၇၆ ကြိမ် မှန်ကန်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၆ မိနစ်အလိုမှာ နာဘီကီတာ နဲ့ လူစားလဲမခံရခင်အထိ ဖျက်ထုတ်မှု ငါးကြိမ်နဲ့ ကြားဖြတ်ယူမှု တစ်ကြိမ် လုပ်ခဲ့ပါတယ်။ လယ်လာနာ အနေနဲ့ ကွင်းလယ်နံပါတ် ၆ မှာ ခြားနားတဲ့ ရှုထောင့်တစ်ခုအဖြစ် မတူညီတဲ့ စွမ်းဆောင်ရည် ပြသခဲ့တာဖြစ်ပြီး နောက်တစ်ပတ်မှာ ဖာဘင်ဟိုက ပြန်ပါလာပါလိမ့်မယ်။

2. ချိုင်းက လူကျွံပါတယ်လို့ သက်မှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်

ခုတလော VAR မသုံးတဲ့ပွဲက နာမည်မကြီးပါဘူး။ ဧည့်သည် လီဗာပူး အသင်းဟာ ရောဘတ်တို ဖာမီနို ဂိုးသွင်းခဲ့တဲ့ အချိန်မှာ အငြင်းပွားစရာ ခံစားခဲ့ရပါတယ်။ စည်းကြပ်ဒိုင်က ဒီဂိုးကို လူကျွံဘော အဖြစ် ပယ်ဖျယ်ခဲ့ပြီး VAR ကြည့်ပြီးတော့လဲ ဆုံးဖြတ်ချက်ကို ပြန်မပြင်ခဲ့ပါဘူး။ ဖာမီနိုရဲ့ ချိုင်းဟာ အက်စ်တွန်ဗီလာ နောက်ဆုံးနောက်ခံလူကို မဖြစ်စလောက် ကျော်သွားတယ်လို့ ပရီးမီးယားလိဂ် က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

3. ဂရေးလစ် မပါတာက ပြဿနာဖြစ်စေခဲ့တာလား

ပြီးခဲ့တဲ့ အပတ်က ဂွာဒီယိုလာ ကိုယ်တိုင် တန်ဖိုးမဖြတ်နိုင်စရာပဲလို့ ချီးကျူးခဲ့ရတဲ့ ဂျက်ဂဂရေးလစ်ဟာ ဗီလာရဲ့ အရေးပါတဲ့ အခိုက်အတန့်တွေမှာ အခရာ ကျခဲ့သူပါ။ ပြစ်ဒဏ်ကျူးလွန်ခံရပြီး ပြိုင်ဘက်ရဲ့ဧရိယာထဲမှာ ဖရီးကစ် ရယူနိုင်တဲ့ သူ့စွမ်းရည်က ဒင်းစမစ်ရဲ့ ပလန်မှာ အခြေခံကျတဲ့ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ စီးတီးနဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် လီဗာပူးပွဲမှာ မပါဝင်နိုင်ပဲ အန်ဝါ အယ်ဂါဇီက ပွဲထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ဂျွန်မက်ဂျင်းရဲ့ ဖရီးကစ်ကနေ အီဂျစ်တောင်ပံကစားသမား Trezeguet က ပထမဆုံး ဂိုးကို သွင်းယူခဲ့ပါတယ်။

4. ဆာလက်ကို တိတ်ဆိတ်စေတဲ့ နောက်ထပ် အဝေးကွင်းပွဲ

ဆာလက်ဟာ ပရီးမီးယားလိဂ် အဖွင့် ၁၀ ပွဲမှာ ၅ ဂိုး ရရှိခဲ့ပေမယ့်လဲ လူတွေမျှော်လင့်ကြသလို သိပ်မြင့်မားတဲ့ အဆင့်အတန်း မရခဲ့ပါဘူး။ ခြေစွမ်းညံ့ဖျင်းတာကို ပြောချင်တာ မဟုတ်ပဲ အခုဆို သူ ဂိုးမသွင်းနိုင်တာ အဝေးကွင်း ငါးပွဲဆက် ရှိပါပြီ။ အဝေးကွင်းမှာ သူလုပ်နိုင်ခဲ့တာ ဆိုလို့ ဘန်လေကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲနဲ့ ချယ်ဆီးကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဖန်တီးမှု လုပ်ပေးခဲ့တာပါပဲ။ သူနောက်ဆုံး ဂိုးသွင်းခဲ့တဲ့ အဝေးကွင်း ပွဲက မေလမှာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ အဲ့ပွဲမှာ သူဟာ ဆိုးဝါးတဲ့ ခေါင်းဒဏ်ရာရရှိခဲ့တာကြောင့် ၇၃ မိနစ်ပဲ ကစားခဲ့ပါတယ်။

5. လီဗာပူးရဲ့ ပြန်လာနိုင်စွမ်း

လီဗာပူးဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် နောက်က လိုက်ကစားခဲ့ရပါတယ်။ နောက်ဆုံးဖြစ်ခဲ့တာက တော့တင်ဟမ်ကို ၂-၁ နဲ့ ပြန်လည်အနိုင်ယူခဲ့တာပါ။ အဲ့လို နောက်က လိုက်ကစားခဲ့ရတဲ့ သုံးပွဲကနေ သူတို့ဟာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ၇မှတ် ရရှိခဲ့ပါတယ်။ လက်စတာစီးတီးနဲ့အတူ အကောင်းဆုံး ပြန်လာနိုင်တဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။ ကလော့ပ်က ဦးဆောင်ဂိုး ပေးထားရပေမယ့်လဲ စိုးရိမ်တဲ့ပုံ မရှိခဲ့ပဲ အသင်းအပေါ် ယုံကြည်မှုရှိကြောင်း ပြသခဲ့ပါတယ်။ ယုံကြည်တဲ့အတိုင်းပဲ ပွဲပြီးဖို့ သုံးမိနစ်အလိုမှာ ရောဘတ်ဆန်က ချေပဂိုး သွင်းယူခဲ့ပြီး နာကျင်အချိန်ပို မှာ မာနေးက အနိုင်ဂိုးနဲ့အတူ အကောင်းဆုံး ပြန်လာနိုင်စေခဲ့ပါတယ်။

အခုဆို လီဗာပူးဟာ ရှူံးနေတဲ့ အနေအထားကနေ ၁၀မှတ်အထိ ပြန်ရယူနိုင်ခဲ့ပါပြီ။ မနှစ်က ပရီးမီးယားလိဂ်မှာ ဒီပမာဏရဲ့ တစ်ဝက် တောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို မယုံနိုင်စရာ စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့် သူတို့ဟာ နှစ်၃၀ အမှတ်ပေးဖလား အိပ်မက်ကို အဆုံးသတ် နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ရႈံးပြဲမရွိ ဒီရာသီ ပရီးမီးယားလိဂ္ ဦးေဆာင္ထားတဲ့ လီဗာပူးအသင္းဟာ ေနာက္ဆုံးမိနစ္ နာက်င္အခ်ိန္ပိုက ဂိုးနဲ႔ အက္စ္တြန္ဗီလာ ကို အႏိုင္ယူၿပီး ၃မွတ္ ရရွိခဲ့ပါတယ္။ ၇ရက္အတြင္း ၃ပြဲေျမာက္အတြက္ ကေလာ့ပ္ရဲ႕ လူေတြဟာ သူတို႔ရဲ႕ recovery စြမ္းရည္ကို စစ္ေဆးခဲ့ၾကၿပီး ေနာက္တစ္ပတ္ စီးတီးနဲ႔ပြဲ မတိုင္ခင္ ခက္ခက္ခဲခဲ ႏိုင္ပြဲ ရယူခဲ့ပါတယ္။

အိမ္ရွင္အသင္းအတြက္ေတာ့ မယုံႏိုင္စရာ ရလဒ္ ရရွိေလာက္ေအာင္ ျဖစ္ခဲ့ေပမယ့္ ရက္စက္တဲ့ အဆုံးသတ္နဲ႔ ႀကဳံခဲ့ရတာပါ။ ဒင္းစမစ္ရဲ႕ အသင္းဟာ ဦးေဆာင္ဂိုး ရရွိခဲ့ေပမယ့္ ေရာဘတ္ဆန္နဲ႔ မာေနးရဲ႕ အခ်ိန္ပိုဂိုးေၾကာင့္ ေနာက္ထပ္ ရႈံးပြဲ ေတြ႕ႀကဳံခဲ့ရတာပါ။ ဒီပြဲကေန ေလ့လာႏိုင္တဲ့ အခ်က္ငါးခ်က္ကို ေဖာ္ျပေပးပါမယ္။

1. ဖာဘင္ဟိုေနရာကို အစားဝင္ခဲ့တဲ့ လယ္လာနာ

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ဟာ ကာလရွည္ အနာဂတ္နဲ႔ပတ္သက္ၿပီး မေရရာခဲ့တဲ့ လယ္လာနာ အတြက္ ခက္ခဲခဲ့ပါတယ္။ ဒဏ္ရာျပႆနာ ေတြေၾကာင့္ ပုံမွန္ေနရာ ရရွိဖို႔႐ုန္းကန္ခဲ့ရေပမယ့္ အခုခ်ိန္မွာ သူက ျပန္လာၿပီး ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ပြဲမွာ လူအမ်ားကို အံ့အားသင့္ေစခဲ့ပါတယ္။ ဖာဘင္ဟိုက အဝါကဒ္ တစ္ႀကိမ္ ထပ္ထိရင္ ပြဲပယ္ခံရမွာမို႔ သူက ပြဲထြက္ခဲ့ရတာပါ။ လယ္လာနာဟာ ရာသီႀကိဳကအတိုင္း နံပါတ္ ၆ေနရာမွာ ကစားခဲ့ပါတယ္။

ဟန္ဒါဆန္နဲ႔ ဝိုင္နယ္ဒန္ေနာက္မွာ ကစားခဲ့ေပမယ့္ လယ္လာနာဟာ ေဘာလုံးထိခ်က္ ၁၀၂ ႀကိမ္ထက္မနည္း ရခဲ့ၿပီး သူ႔ထက္မ်ားတာဆိုလို႔ အာႏိုး (၁၁၄) နဲ႔ ဟန္ဒါဆန္ (၁၀၄) တို႔သာ ရွိပါတယ္။ ဒါ့အျပင္ ေပးပို႔မႈ ၈၆ ႀကိမ္မွာလဲ ၇၆ ႀကိမ္ မွန္ကန္ခဲ့ပါတယ္။ ပြဲ​ၿပီးဖို႔ ၆ မိနစ္အလိုမွာ နာဘီကီတာ နဲ႔ လူစားလဲမခံရခင္အထိ ဖ်က္ထုတ္မႈ ငါးႀကိမ္နဲ႔ ၾကားျဖတ္ယူမႈ တစ္ႀကိမ္ လုပ္ခဲ့ပါတယ္။ လယ္လာနာ အေနနဲ႔ ကြင္းလယ္နံပါတ္ ၆ မွာ ျခားနားတဲ့ ရႈေထာင့္တစ္ခုအျဖစ္ မတူညီတဲ့ စြမ္းေဆာင္ရည္ ျပသခဲ့တာျဖစ္ျပီး ေနာက္တစ္ပတ္မွာ ဖာဘင္ဟိုက ျပန္ပါလာပါလိမ့္မယ္။

2. ခ်ိဳင္းက လူကၽြံပါတယ္လို႔ သက္မွတ္ခဲ့တဲ့ ပရီးမီးယားလိဂ္

ခုတေလာ VAR မသုံးတဲ့ပြဲက နာမည္မႀကီးပါဘူး။ ဧည့္သည္ လီဗာပူး အသင္းဟာ ေရာဘတ္တို ဖာမီႏို ဂိုးသြင္းခဲ့တဲ့ အခ်ိန္မွာ အျငင္းပြားစရာ ခံစားခဲ့ရပါတယ္။ စည္းၾကပ္ဒိုင္က ဒီဂိုးကို လူကြၽံေဘာ အျဖစ္ ပယ္ဖ်ယ္ခဲ့ၿပီး VAR ၾကည့္ၿပီးေတာ့လဲ ဆုံးျဖတ္ခ်က္ကို ျပန္မျပင္ခဲ့ပါဘူး။ ဖာမီႏိုရဲ႕ ခ်ိဳင္းဟာ အက္စ္တြန္ဗီလာ ေနာက္ဆံုးေနာက္ခံလူကို မျဖစ္စေလာက္ ေက်ာ္သြားတယ္လို႔ ပရီးမီးယားလိဂ္ က တြစ္တာမွာ ေဖာ္ျပခဲ့ပါတယ္။

3. ဂေရးလစ္ မပါတာက ျပႆနာျဖစ္ေစခဲ့တာလား

ၿပီးခဲ့တဲ့ အပတ္က ဂြာဒီယိုလာ ကိုယ္တိုင္ တန္ဖိုးမျဖတ္ႏိုင္စရာပဲလို႔ ခ်ီးက်ဴးခဲ့ရတဲ့ ဂ်က္ဂဂေရးလစ္ဟာ ဗီလာရဲ႕ အေရးပါတဲ့ အခိုက္အတန္႔ေတြမွာ အခရာ က်ခဲ့သူပါ။ ျပစ္ဒဏ္က်ဴးလြန္ခံရၿပီး ၿပိဳင္ဘက္ရဲ႕ဧရိယာထဲမွာ ဖရီးကစ္ ရယူႏိုင္တဲ့ သူ႔စြမ္းရည္က ဒင္းစမစ္ရဲ႕ ပလန္မွာ အေျခခံက်တဲ့ အုတ္ျမစ္ပဲ ျဖစ္ပါတယ္။ စီးတီးနဲ႔ပြဲမွာ ရခဲ့တဲ့ ေျခသလုံးႂကြက္သား ဒဏ္ရာေၾကာင့္ လီဗာပူးပြဲမွာ မပါဝင္ႏိုင္ပဲ အန္ဝါ အယ္ဂါဇီက ပြဲထြက္ခဲ့ရပါတယ္။ ဒါေပမယ့္ ဂြၽန္မက္ဂ်င္းရဲ႕ ဖရီးကစ္ကေန အီဂ်စ္ေတာင္ပံကစားသမား Trezeguet က ပထမဆံုး ဂိုးကို သြင္းယူခဲ့ပါတယ္။

4. ဆာလက္ကို တိတ္ဆိတ္ေစတဲ့ ေနာက္ထပ္ အေဝးကြင္းပြဲ

ဆာလက္ဟာ ပရီးမီးယားလိဂ္ အဖြင့္ ၁၀ ပြဲမွာ ၅ ဂိုး ရရွိခဲ့ေပမယ့္လဲ လူေတြေမွ်ာ္လင့္ၾကသလို သိပ္ျမင့္မားတဲ့ အဆင့္အတန္း မရခဲ့ပါဘူး။ ေျခစြမ္းညံ့ဖ်င္းတာကို ေျပာခ်င္တာ မဟုတ္ပဲ အခုဆို သူ ဂိုးမသြင္းႏိုင္တာ အေဝးကြင္း ငါးပြဲဆက္ ရွိပါၿပီ။ အေဝးကြင္းမွာ သူလုပ္ႏိုင္ခဲ့တာ ဆိုလို႔ ဘန္ေလကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲနဲ႔ ခ်ယ္ဆီးကို ၂-၁ နဲ႔ ႏိုင္ခဲ့တဲ့ ပြဲမွာ ဖန္တီးမႈ လုပ္ေပးခဲ့တာပါပဲ။ သူေနာက္ဆုံး ဂိုးသြင္းခဲ့တဲ့ အေဝးကြင္း ပြဲက ေမလမွာ နယူးကာဆယ္နဲ႔ ကစားခဲ့တဲ့ ပြဲ ျဖစ္ပါတယ္။ အဲ့ပြဲမွာ သူဟာ ဆိုးဝါးတဲ့ ေခါင္းဒဏ္ရာရရွိခဲ့တာေၾကာင့္ ၇၃ မိနစ္ပဲ ကစားခဲ့ပါတယ္။

5. လီဗာပူးရဲ႕ ျပန္လာႏိုင္စြမ္း

လီဗာပူးဟာ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ေနာက္က လိုက္ကစားခဲ့ရပါတယ္။ ေနာက္ဆုံးျဖစ္ခဲ့တာက ေတာ့တင္ဟမ္ကို ၂-၁ နဲ႔ ျပန္လည္အႏိုင္ယူခဲ့တာပါ။ အဲ့လို ေနာက္က လိုက္ကစားခဲ့ရတဲ့ သုံးပြဲကေန သူတို႔ဟာ ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရနဲ႔ ၇မွတ္ ရရွိခဲ့ပါတယ္။ လက္စတာစီးတီးနဲ႔အတူ အေကာင္းဆုံး ျပန္လာႏိုင္တဲ့ အသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ကေလာ့ပ္က ဦးေဆာင္ဂိုး ေပးထားရေပမယ့္လဲ စိုးရိမ္တဲ့ပုံ မရွိခဲ့ပဲ အသင္းအေပၚ ယုံၾကည္မႈရွိေၾကာင္း ျပသခဲ့ပါတယ္။ ယုံၾကည္တဲ့အတိုင္းပဲ ပြဲၿပီးဖို႔ သုံးမိနစ္အလိုမွာ ေရာဘတ္ဆန္က ေခ်ပဂိုး သြင္းယူခဲ့ၿပီး နာက်င္အခ်ိန္ပို မွာ မာေနးက အႏိုင္ဂိုးနဲ႔အတူ အေကာင္းဆုံး ျပန္လာႏိုင္ေစခဲ့ပါတယ္။

အခုဆို လီဗာပူးဟာ ရႉံးေနတဲ့ အေနအထားကေန ၁၀မွတ္အထိ ျပန္ရယူႏိုင္ခဲ့ပါၿပီ။ မႏွစ္က ပရီးမီးယားလိဂ္မွာ ဒီပမာဏရဲ႕ တစ္ဝက္ ေတာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒီလို မယုံႏိုင္စရာ စိတ္ဓာတ္ႀကံ့ခိုင္မႈေၾကာင့္ သူတို႔ဟာ ႏွစ္၃၀ အမွတ္ေပးဖလား အိပ္မက္ကို အဆုံးသတ္ ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။