လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ ၎င်းကလပ်အသင်းဟာ ဘောလုံးရာသီပြည့် ရှုံးပွဲ မရှိဘဲ ကစားသွားဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံလိုက်ပြီး အထူးသဖြင့် အက်စတွန်ဗီလာကို နောက်ဆုံးမိနစ်မှ အနိုင်ဂိုး သွင်းနိုင်သလိုမျိုး ပြုလုပ်ဖို့ ခက်ခဲတယ်လို့ ဆိုခဲ့ပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာက လီဗာပူကို ပွဲချိန် တော်တော်များများ တစ်ဂိုး အသာနဲ့ ဦးဆောင်ထားခဲ့ကာ ၈၇ မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ ချေပဂိုး၊ ပွဲပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ မာနေးရဲ့ အနိုင်ဂိုးတို့ အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဗီလာက နိုင်ပွဲ အပြီး စီးတီးထက် ၆ မှတ်အသာနဲ့ ဇယားထိပ်မှာ ဆက် ရှိနေပါတယ်။

ထိုပွဲအပြီးမှာ လီဗာပူး အသင်း အနေနဲ့ တစ်ရာသီလံုံး ရှုံုးပွဲ မရှိဘဲ သွားနိုင်မလား အမေးကို ယာဂင်ကလော့ပ်က အဖြေပေးခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီဝက်လောက်က စလို့ လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ၂၈ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရနေပါတယ်။ ကလော့ပ်ကတော့ ဒီရာသီ တစ်ရာသီလုံး မရှုံးဖို့က မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

” ဒီနေ့ပွဲမှာ ဂိုးမပေးလိုက်ခင် ကစားသွားတဲ့ ပုံနဲ့သာဆို မဖြစ်နိုင်ပါဘူး။ အဲဒီ ကစားပုံက မဆိုးပါဘူး။ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ကျနေ်ာတို့ လိုအပ်တဲ့ နိုင်ပွဲဆာလောင်စိတ် မရှိနေဘူး။ ”

” ရှုံးပွဲ လုံး၀ မရှိဘဲ တစ်ရာသီလုံးဆိုတာက မဖြစ်နိုင်ဘူးလို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကို ကျနော်တို့ မစဉ်းစားဘူး။ ကျနော်တို့က နောက်တစ်ပွဲပြီး ပြီး နောက်တစ်ပွဲ ဘယ်လို နိုင်ပွဲရအောင် ကစားရမလဲပဲ တွေးပါတယ်။ ” လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန် အမှတ်ပေးလိဂ် သမိုင်းမှာ ရှုံးပွဲ မရှိဘဲ ဗိုလ်စွဲခဲ့တဲ့ အသင်း နှစ်သင်းသား ရှိပြီး ၁၈၈၈/၈၉ က ပရက်စတန် အသင်းနဲ့ ၂၀၀၃/၀၄ က အာဆင်နယ်အသင်းတို့ပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ရှုံးလုနီးပါး အခြေအနေတွေက ရုန်းထွက်ရတဲ့ အပေါ် သင်ခန်းစာ ယူသင့်တယ်လို့ ကလော့ပ်က ဆိုပါတယ်။ လီဗာပူးက ဒီရာသီ အရှုံး အနေအထားကနေ ပြန်ယူထားတဲ့ အမှတ် ၁၀ မှတ် အထိ ရှိထားပြီ ဖြစ်ပါတယ်။ ]

” ကျနေ်ာတို့ သင်ယူစရာတွေ တိုးတက်ရမှာတွေ ရှိနေပါသေးတယ်။ အမှားအယွင်း သေးသေးလေးတွေကနေ မကြာခဏ ချွတ်ချော်မှုတွေ ရှိနေပြီး လောလောဆယ်အထိတော့ ကျနော်တို့ ပြန် ဆယ်နိုင်နေသေးတယ်။ အခုက ကျနေ်ာတို့ အနိုင်ရဖို့ မထိုက်တန်တာ မဟုတ်ဘူး။ အသင်း စွမ်းဆောင်ရည်ကိုလည်း ကျနော် သဘောကျပါတယ်။ ဒါပေမယ့် ကျနော် မကြိုက်တဲ့ အချိန်တွေ ရှိနေတယ်။ ”

” ကျနေ်ာတို့က ကိုယ့်ကိုယ်ကို ခက်ခဲအောင် လုပ်နေသလို ဖြစ်နေတယ်။ ဘောလုံးကို ကောင်းစွာ စတင်ကစားတယ် ဒါပေမယ့် ကျေျနာ်တို့ ကစားသင့်သလောက်ထိ မဟုတ်ဘူး ဖြစ်နေတယ်။ အက်စတွန်ဗီလာက အမှန်အကန် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တာ။ တစ်ဂိုးပေးလိုက်ရတဲ့နောက် အမှားကို ချက်ချင်း ပြန်ပြောင်းလဲပစ်ဖို့ သိပ်မလွယ်ကူဘူး။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

Zawgyi

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ၄င္းကလပ္အသင္းဟာ ေဘာလံုးရာသီျပည့္ ရွံဳးပြဲ မရွိဘဲ ကစားသြားဖို႔ မျဖစ္နုိင္ေၾကာင္း ၀န္ခံလိုက္ျပီး အထူးသျဖင့္ အက္စတြန္ဗီလာကို ေနာက္ဆံုးမိနစ္မွ အနုိင္ဂိုး သြင္းနိုင္သလိုမ်ိဳး ျပဳလုပ္ဖို႕ ခက္ခဲတယ္လို႔ ဆိုခဲ့ပါတယ္။

ဒီတပတ္ ပရီးမီးယားလိဂ္မွာ အက္စတြန္ဗီလာက လီဗာပူကို ပြဲခ်ိန္ ေတာ္ေတာ္မ်ားမ်ား တစ္ဂိုး အသာနဲ႕ ဦးေဆာင္ထားခဲ့ကာ ၈၇ မိနစ္မွာ ေရာ္ဘတ္ဆန္ရဲ႕ ေခ်ပဂိုး၊ ပြဲျပီး နာက်င္အခ်ိန္ပို ေနာက္ဆံုးမိနစ္မွ မာေနးရဲ႕ အနုိင္ဂိုးတို႔ အသီးသီး ရရွိခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ဗီလာက နုိင္ပြဲ အျပီး စီးတီးထက္ ၆ မွတ္အသာနဲ႕ ဇယားထိပ္မွာ ဆက္ ရွိေနပါတယ္။

ထိုပြဲအျပီးမွာ လီဗာပူး အသင္း အေနနဲ႕ တစ္ရာသီလံံုး ရွံဳဳးပြဲ မရွိဘဲ သြားနုိင္မလား အေမးကို ယာဂင္ကေလာ့ပ္က အေျဖေပးခဲ့ပါတယ္။ လီဗာပူးဟာ ျပီးခဲ့တဲ့ ရာသီ၀က္ေလာက္က စလို႔ လက္ရွိ အခ်ိန္ထိ ပရီးမီးယားလိဂ္ ၂၈ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရေနပါတယ္။ ကေလာ့ပ္ကေတာ့ ဒီရာသီ တစ္ရာသီလံုး မရွံဳးဖို႔က မျဖစ္နုိင္ေၾကာင္း ၀န္ခံခဲ့ပါတယ္။

” ဒီေန႔ပြဲမွာ ဂိုးမေပးလိုက္ခင္ ကစားသြားတဲ့ ပံုနဲ႕သာဆို မျဖစ္နုိင္ပါဘူး။ အဲဒီ ကစားပံုက မဆိုးပါဘူး။ ေကာငး္မြန္တယ္လို႔ ဆိုနုိင္ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက က်ေန္ာတို႔ လိုအပ္တဲ့ နုိင္ပြဲဆာေလာင္စိတ္ မရွိေနဘူး။ ”

” ရွံဳးပြဲ လံုး၀ မရွိဘဲ တစ္ရာသီလံုးဆိုတာက မျဖစ္နုိင္ဘူးလို႔ ဆိုေကာင္း ဆိုနုိင္ပါတယ္။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒါကို က်ေနာ္တို႔ မစဥ္းစားဘူး။ က်ေနာ္တို႔က ေနာက္တစ္ပြဲျပီး ျပီး ေနာက္တစ္ပြဲ ဘယ္လို နုိင္ပြဲရေအာင္ ကစားရမလဲပဲ ေတြးပါတယ္။ ” လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ အမွတ္ေပးလိဂ္ သမိုင္းမွာ ရွံဳးပြဲ မရွိဘဲ ဗိုလ္စြဲခဲ့တဲ့ အသင္း နွစ္သင္းသား ရွိျပီး ၁၈၈၈/၈၉ က ပရက္စတန္ အသင္းနဲ႕ ၂၀၀၃/၀၄ က အာဆင္နယ္အသင္းတို႔ပဲ ျဖစ္ပါတယ္။ လီဗာပူးအသင္းအေနနဲ႕ ရွံဳးလုနီးပါး အေျခအေနေတြက ရုန္းထြက္ရတဲ့ အေပၚ သင္ခန္းစာ ယူသင့္တယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။ လီဗာပူးက ဒီရာသီ အရွံဳး အေနအထားကေန ျပန္ယူထားတဲ့ အမွတ္ ၁၀ မွတ္ အထိ ရွိထားျပီ ျဖစ္ပါတယ္။ ]

” က်ေန္ာတို႔ သင္ယူစရာေတြ တိုးတက္ရမွာေတြ ရွိေနပါေသးတယ္။ အမွားအယြင္း ေသးေသးေလးေတြကေန မၾကာခဏ ခၽြတ္ေခ်ာ္မႈေတြ ရွိေနျပီး ေလာေလာဆယ္အထိေတာ့ က်ေနာ္တို႔ ျပန္ ဆယ္နုိင္ေနေသးတယ္။ အခုက က်ေန္ာတို႔ အနုိင္ရဖို႔ မထိုက္တန္တာ မဟုတ္ဘူး။ အသင္း စြမ္းေဆာင္ရည္ကိုလည္း က်ေနာ္ သေဘာက်ပါတယ္။ ဒါေပမယ့္ က်ေနာ္ မၾကိဳက္တဲ့ အခ်ိန္ေတြ ရွိေနတယ္။ ”

” က်ေန္ာတို႔က ကုိယ့္ကိုယ္ကို ခက္ခဲေအာင္ လုပ္ေနသလို ျဖစ္ေနတယ္။ ေဘာလံုးကို ေကာင္းစြာ စတင္ကစားတယ္ ဒါေပမယ့္ က်ေ်နာ္တို႔ ကစားသင့္သေလာက္ထိ မဟုတ္ဘူး ျဖစ္ေနတယ္။ အက္စတြန္ဗီလာက အမွန္အကန္ ယွဥ္ျပိဳင္တိုက္ခိုက္ဖို႔ အသင့္ ျဖစ္ေနခဲ့တာ။ တစ္ဂိုးေပးလိုက္ရတဲ့ေနာက္ အမွားကို ခ်က္ခ်င္း ျပန္ေျပာင္းလဲပစ္ဖို႔ သိပ္မလြယ္ကူဘူး။” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။