ရလဒ် ကောင်းတွေ ဆက်တိုက်ရယူနိုင်နေဆဲ ချယ်ဆီး အသင်းဟာ စနေနေ့ည ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ အမှားအယွင်းမရှိဘဲ လိုအပ်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ လမ်းပတ်ကတော့ အသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှု အပိုင်းကို အားရ ကျေနပ်နေပြီး ပွဲအပြီးမှာ အမည်တပ် ထုတ်ဖော် ချီးကျူးရသူများလည်း ရှိခဲ့ပါတယ်။

ဖိုစတာရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့တဲ့ကီပါ နဲ့ ပတ်သတ်ပြီး လမ်းပတ်က – ” သိပ်ကောင်းတဲ့ ကာကွယ်မှုပါပဲ။ ကျနော်တို့ဟာ ထိုက်တန်တာကို ရခဲ့တယ်။ မင်းရဲ့ ဂိုးသမား ဟာ ဒီလိုမျိုး အခိုက်အတန့်တွေ လုပ်ပြနိုင်ဖို့ လိုအပ်တယ်။ ဒါကြောင့်ပဲ သူတို့ အဲ့နေရာမှာ ရှိနေတာပါ။ ” လို့ ဆိုခဲ့ပါတယ်။

“ဝီလီယံရဲ့ အဟုန်က လူတွေကို ပွဲနဲ့ အဆက်ပြတ်စေတယ်။ လေးကိုက်အကွာကနေ ပူလီဆစ် ဂိုးသွင်းတာကို ကျနော် သဘောကျတယ်။ သူ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ခဲ့ပြီး သူ့ဘောလုံးကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ဘူး။ ဒီလိုမျိုး သူဆက်လုပ်နေရင် ဂိုးတွေ အများကြီး ရရှိပါလိမ့်မယ်။ သူ့ရဲ့ စွမ်းဆောင်ရည် က ထိပ်တန်းအဆင့် ဖြစ်ခဲ့တယ်။ ”

” တန်မီအေဗရာဟမ် အတွက် ကျနော် ဝမ်းသာခဲ့တယ်။ သူ ဂိုး မသွင်းတာ ၃ပွဲရှိပြီဆိုပြီး သောကြာနေ့က ကျနော် ဟာသလုပ်ခဲ့တယ်။ ဒါပေမယ့် သူက အရမ်း စိတ်အားထက်သန် ပြီး ကြိုးစားတယ်။ ဂိုးတွေသွင်းချင်တယ်။ ပထမဂိုးအတွက် သူနဲ့ ဂျော်ဂျင်ဟို ကြားက အချိတ်အဆက် နဲ့ အချိန်ကိုက်မှုက အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ ပြီးတော့ ဖြတ်တင်ပေးပို့မှုနဲ့ ဖန်တီးခဲ့တယ်။ သူ့အတွက် ဝမ်းသာပါတယ်။ ” လို့ လမ်းပတ်က ထုတ်ဖော် ချီးကျူးမှု ပြုခဲ့ပါတယ်။

ပဲလေ့စ်ပွဲအတွက် ဂျော်ဂျင်ဟို ရဲ့ လွဲချော်မှုနဲ့ ပတ်သတ်ပြီးလည်း ” ပွဲ မတိုင်ခင် သူက အဝါကဒ် လေးကြိမ်ထိထားခဲ့ပြီး ပွဲအတွင်း နောက် တစ်ကြိမ် ထပ် ထိတာကြောင့် ပွဲပယ်ခံရတယ်။ အခုချိန်မှာ သူက ကျနော်တို့ အတွက် ဘယ်လောက် လွှမ်းမိုးမှု ရှိလဲဆိုတာ သိပါတယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ” လို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

Zawgyi

ရလဒ္ ေကာင္းေတြ ဆက္တိုက္ရယူနုိင္ေနဆဲ ခ်ယ္ဆီး အသင္းဟာ စေနေန႔ည ၀က္ဖို႔ဒ္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့ရာ အမွားအယြင္းမရွိဘဲ လိုအပ္တဲ့ နိုင္ပြဲ ရယူနုိင္ခဲ့ပါတယ္။ လမ္းပတ္ကေတာ့ အသင္းသားေတြရဲ႕ စိတ္ဓာတ္နဲ႕ အားထုတ္မႈ အပိုင္းကို အားရ ေက်နပ္ေနျပီး ပြဲအျပီးမွာ အမည္တပ္ ထုတ္ေဖာ္ ခ်ီးက်ဴးရသူမ်ားလည္း ရွိခဲ့ပါတယ္။

ဖိုစတာရဲ႕ ေခါင္းတိုက္ခ်က္ကို ကာကြယ္ခဲ့တဲ့ကီပါ နဲ႕ ပတ္သတ္ျပီး လမ္းပတ္က – ” သိပ္ေကာင္းတဲ့ ကာကြယ္မႈပါပဲ။ က်ေနာ္တို႔ဟာ ထိုက္တန္တာကို ရခဲ့တယ္။ မင္းရဲ႕ ဂိုးသမား ဟာ ဒီလိုမ်ိဳး အခိုက္အတန္႔ေတြ လုပ္ျပႏိုင္ဖို႔ လိုအပ္တယ္။ ဒါေၾကာင့္ပဲ သူတို႔ အဲ့ေနရာမွာ ရွိေနတာပါ။ ” လို႔ ဆိုခဲ့ပါတယ္။

“ဝီလီယံရဲ႕ အဟုန္က လူေတြကို ပြဲနဲ႔ အဆက္ျပတ္ေစတယ္။ ေလးကိုက္အကြာကေန ပူလီဆစ္ ဂိုးသြင္းတာကို က်ေနာ္ သေဘာက်တယ္။ သူ ဆုံးျဖတ္ခ်က္ မွန္မွန္ကန္ကန္ ခ်ႏိုင္ခဲ့ၿပီး သူ႔ေဘာလုံးကို ဘယ္သူမွ မတားဆီးႏိုင္ခဲ့ဘူး။ ဒီလိုမ်ိဳး သူဆက္လုပ္ေနရင္ ဂိုးေတြ အမ်ားႀကီး ရရွိပါလိမ့္မယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ က ထိပ္တန္းအဆင့္ ျဖစ္ခဲ့တယ္။ ”

” တန္မီေအဗရာဟမ္ အတြက္ က်ေနာ္ ဝမ္းသာခဲ့တယ္။ သူ ဂိုး မသြင္းတာ ၃ပြဲရွိၿပီဆိုၿပီး ေသာၾကာေန႔က က်ေနာ္ ဟာသလုပ္ခဲ့တယ္။ ဒါေပမယ့္ သူက အရမ္း စိတ္အားထက္သန္ ၿပီး ႀကိဳးစားတယ္။ ဂိုးေတြသြင္းခ်င္တယ္။ ပထမဂိုးအတြက္ သူနဲ႔ ေဂ်ာ္ဂ်င္ဟို ၾကားက အခ်ိတ္အဆက္ နဲ႔ အခ်ိန္ကိုက္မႈက အံ့အားသင့္စရာ ျဖစ္ခဲ့တယ္။ ၿပီးေတာ့ ျဖတ္တင္ေပးပို႔မႈနဲ႔ ဖန္တီးခဲ့တယ္။ သူ႔အတြက္ ဝမ္းသာပါတယ္။ ” လို႔ လမ္းပတ္က ထုတ္ေဖာ္ ခ်ီးက်ဴးမႈ ျပဳခဲ့ပါတယ္။

ပဲေလ့စ္ပြဲအတြက္ ေဂ်ာ္ဂ်င္ဟို ရဲ႕ လြဲေခ်ာ္မႈနဲ႕ ပတ္သတ္ျပီးလည္း ” ပြဲ မတိုင္ခင္ သူက အဝါကဒ္ ေလးႀကိမ္ထိထားခဲ့ၿပီး ပြဲအတြင္း ေနာက္ တစ္ႀကိမ္ ထပ္ ထိတာေၾကာင့္ ပြဲပယ္ခံရတယ္။ အခုခ်ိန္မွာ သူက က်ေနာ္တို႔ အတြက္ ဘယ္ေလာက္ လႊမ္းမိုးမႈ ရွိလဲဆိုတာ သိပါတယ္။ ဒါေပမယ့္ မတတ္ႏိုင္ပါဘူး။ ” လို႔ လမ္းပတ္က ၀န္ခံခဲ့ပါတယ္။