ဆာဒီယို မာနေးက သူဟာ လီယွန်နယ်မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့လို တကယ့် မွန်းစတားတွေရဲ့ အနောက်မှာ ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုလိုက်ပါတယ်။ လီဗာပူး တိုက်စစ်မှူးဟာ ၂၀၁၉ ဘလွန်းဒီအော ဆန်ကာတင် အယောက် ၃၀ စာရင်းမှာ ဘာစီလိုနာ နဲ့ ဂျူဗင်တပ် တိုက်စစ်မှူးတို့နဲ့အတူ ပါဝင်နေပေမယ့် သူက ဒီ အကောင်းဆုံး ကစားသမား နှစ်ယောက်လိုမျိုး ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်လို့ ထင်နေပါတယ်။

၂၀၁၈မှာ ရီးရဲလ်မက်ဒရစ် ကစားသမား လူကာမိုဒရစ် ရခဲ့တာကလွဲရင် ၂၀၀၈ခုနှစ်ကတည်းက ဒီဆုကို မက်ဆီနဲ့ ရော်နယ်ဒို တို့သာ တစ်ယောက်တစ်လှည့် ရယူခဲ့တာပါ။ နှစ်ယောက်သား ငါးကြိမ်စီ ရယူထားခဲ့တဲ့ သူတို့လို အောင်မြင်မှု အဆင့်မျိုးနဲ့ ဝေးနေသေးတယ်လို့ မာနေးက သူ့ကိုယ်သူ ယုံကြည်နေတာ ဖြစ်ပါတယ်။

“မက်ဆီနဲ့ ရော်နယ်ဒို တို့က မွန်းစတားတွေပါ။ ကျနော်က သူတို့အဆင့်နဲ့ ဝေးကွာနေသေးတယ်လို့ ထင်ပါတယ်။ ကျနော် ပြောခဲ့သလိုပဲ သူတို့လို အဆင့်မျိုးနဲ့ နီးစပ်လာဖို့ တတ်နိုင်သမျှ အားလုံး လုပ်ဆောင်သွားမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး တောင်ပံကစားသမားဟာ ဒီရာသီ စွမ်းဆောင်ရည် တွေအတွက် ချီးမွမ်းမှုတွေ ခံခဲ့ရပြီး ဒီနှစ်အစောပိုင်း ဖီဖာ အကောင်းဆုံးဆုမှာ မက်ဆီရဲ့ ထိပ်ဆုံးမဲပေးခြင်းလဲ ခံခဲ့ရပါတယ်။ အာဂျင်တိုင်းသားက ဆုရရှိခဲ့ပေမယ့် မာနေးဟာ အခုချိန်မှာ လာမယ့် ဘလွန်းဒီအော အတွက် သူ့အိမ်မက် ဖြစ်တဲ့ ဆန်ကာတင် ဝင်မှုကို အာရုံစိုက်ထားပါတယ်။

“အရိုးသားဆုံးပြောရရင် ဒါက ကျနော့်ရဲ့ ငယ်ဘဝ အိမ်မက်ဖြစ်ခဲ့တာပါ။ ဆန်ကာတင် စာရင်းထဲ ကျနော် ပါဝင်တာက ကာလအတော်ကြာ ကျနော် ကြိုးစားခဲ့တာရဲ့ အသီးအပွင့်တွေပါပဲ။ ဒါက စွဲလမ်းမှုထက် ပိုတဲ့ အိမ်မက်ပါပဲ။ အိမ်မက်တစ်ခုက တကယ်ဖြစ်လာတဲ့အခါ အမြဲတမ်း ထူးခြားပါတယ်။ ဆီနီဂေါ လူတွေအားလူံး၊ ကျနော့်သူငယ်ချင်းတွေ၊ မိသားစုတွေလဲ ကျနော် ပျော်သလို ပျော်နေပါလိမ့်မယ်။ ဒါက ကျနော့်အတွက် အပိုဆောင်း စိတ်တွန်းအားပေးမှု ဖြစ်ခဲ့တယ်။ အီတူး၊ ဒရော့ဘာ။ သူတို့တွေဟာ အာဖရိကက ဂန္တဝင် တွေ ဖြစ်ပြီး ကျနော့်အကြောင်း သူတို့ပြောတာတွေ ကြားရတာ သိပ်ကောင်းပါတယ်။ ” လို့ ဆိုပါတယ်။

လီဗာပူး ရဲ့ နံပါတ် ၁၀ ကစားသမားဟာ မနှစ်က ပရီးမီးယားလိဂ် မှာ ဆာလက်၊ အူဘာမီးယန်း တို့နဲ့အတူ ရွှေဖိနပ်ဆု ရရှိခဲ့ပြီး ဒီရာသီ မှာလဲ ဆာလက်နဲ့ မာနေး နှစ်ယောက်လုံးက ပြိုင်ပွဲစုံ ၈ဂိုး ရရှိထားပါတယ်။ အံ့အားသင့်စရာ ကောင်းအောင် ရာသီကို စတင်နိုင်ခဲ့ပြီးနောက် သူဟာ လီဗာပူးမှာ ဆက်လက် တိုးတက်အောင် လုပ်နိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

“ကျနော်က အတော်အသင့် စွမ်းရည်ရှိတယ်လို့ ထင်တယ်။ ထိပ်ဆုံး မှာ တော့ ရှိနေလိုဆဲပါပဲ။ ကျနော့်နားက လူတွေ ဂုဏ်ယူရအောင် လုပ်နိုင်တဲ့ နည်းလမ်း ကျနော့်မှာရှိတယ်လို့ ထင်တယ်။ ကျနော့်ခံစားချက် ကောင်းနေသလို သူများတွေလဲ အလားတူ ခံစားရမယ်လို့ ထင်ပါတယ်။” ဆိုပြီး မာနေးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ဆာဒီယို မာေနးက သူဟာ လီယြန္နယ္မက္ဆီ နဲ႔ ခရစၥတီယာႏို ေရာ္နယ္ဒို တို႔လို တကယ့္ မြန္းစတားေတြရဲ႕ အေနာက္မွာ ရွိေနဆဲ ျဖစ္တယ္လို႔ ဝန္ခံ ေျပာဆိုလိုက္ပါတယ္။ လီဗာပူး တိုက္စစ္မႉးဟာ ၂၀၁၉ ဘလြန္းဒီေအာ ဆန္ကာတင္ အေယာက္ ၃၀ စာရင္းမွာ ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္ တိုက္စစ္မႉးတို႔နဲ႔အတူ ပါဝင္ေနေပမယ့္ သူက ဒီ အေကာင္းဆုံး ကစားသမား ႏွစ္ေယာက္လိုမ်ိဳး ျဖစ္ဖို႔ အေဝးႀကီး လိုေသးတယ္လို႔ ထင္ေနပါတယ္။

၂၀၁၈မွာ ရီးရဲလ္မက္ဒရစ္ ကစားသမား လူကာမိုဒရစ္ ရခဲ့တာကလြဲရင္ ၂၀၀၈ခုႏွစ္ကတည္းက ဒီဆုကို မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔သာ တစ္ေယာက္တစ္လွည့္ ရယူခဲ့တာပါ။ ႏွစ္ေယာက္သား ငါးႀကိမ္စီ ရယူထားခဲ့တဲ့ သူတို႔လို ေအာင္ျမင္မႈ အဆင့္မ်ိဳးနဲ႔ ေဝးေနေသးတယ္လို႔ မာေနးက သူ႔ကိုယ္သူ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“မက္ဆီနဲ႔ ေရာ္နယ္ဒို တို႔က မြန္းစတားေတြပါ။ က်ေနာ္က သူတို႔အဆင့္နဲ႔ ေဝးကြာေနေသးတယ္လို႔ ထင္ပါတယ္။ က်ေနာ္ ေျပာခဲ့သလိုပဲ သူတို႔လို အဆင့္မ်ိဳးနဲ႔ နီးစပ္လာဖို႔ တတ္ႏိုင္သမွ် အားလုံး လုပ္ေဆာင္သြားမွာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူး ေတာင္ပံကစားသမားဟာ ဒီရာသီ စြမ္းေဆာင္ရည္ ေတြအတြက္ ခ်ီးမြမ္းမႈေတြ ခံခဲ့ရၿပီး ဒီႏွစ္အေစာပိုင္း ဖီဖာ အေကာင္းဆုံးဆုမွာ မက္ဆီရဲ႕ ထိပ္ဆုံးမဲေပးျခင္းလဲ ခံခဲ့ရပါတယ္။ အာဂ်င္တိုင္းသားက ဆုရရွိခဲ့ေပမယ့္ မာေနးဟာ အခုခ်ိန္မွာ လာမယ့္ ဘလြန္းဒီေအာ အတြက္ သူ႔အိမ္မက္ ျဖစ္တဲ့ ဆန္ကာတင္ ဝင္မႈကို အာ႐ုံစိုက္ထားပါတယ္။

“အ႐ိုးသားဆုံးေျပာရရင္ ဒါက က်ေနာ့္ရဲ႕ ငယ္ဘဝ အိမ္မက္ျဖစ္ခဲ့တာပါ။ ဆန္ကာတင္ စာရင္းထဲ က်ေနာ္ ပါဝင္တာက ကာလအေတာ္ၾကာ က်ေနာ္ ႀကိဳးစားခဲ့တာရဲ႕ အသီးအပြင့္ေတြပါပဲ။ ဒါက စြဲလမ္းမႈထက္ ပိုတဲ့ အိမ္မက္ပါပဲ။ အိမ္မက္တစ္ခုက တကယ္ျဖစ္လာတဲ့အခါ အၿမဲတမ္း ထူးျခားပါတယ္။ ဆီနီေဂါ လူေတြအားလူံး၊ က်ေနာ့္သူငယ္ခ်င္းေတြ၊ မိသားစုေတြလဲ က်ေနာ္ ေပ်ာ္သလို ေပ်ာ္ေနပါလိမ့္မယ္။ ဒါက က်ေနာ့္အတြက္ အပိုေဆာင္း စိတ္တြန္းအားေပးမႈ ျဖစ္ခဲ့တယ္။ အီတူး၊ ဒေရာ့ဘာ။ သူတို႔ေတြဟာ အာဖရိကက ဂႏၲဝင္ ေတြ ျဖစ္ၿပီး က်ေနာ့္အေၾကာင္း သူတို႔ေျပာတာေတြ ၾကားရတာ သိပ္ေကာင္းပါတယ္။ ” လို႔ ဆိုပါတယ္။

လီဗာပူး ရဲ႕ နံပါတ္ ၁၀ ကစားသမားဟာ မႏွစ္က ပရီးမီးယားလိဂ္ မွာ ဆာလက္၊ အူဘာမီးယန္း တို႔နဲ႔အတူ ေ႐ႊဖိနပ္ဆု ရရွိခဲ့ၿပီး ဒီရာသီ မွာလဲ ဆာလ​က္နဲ႔ မာေနး ႏွစ္ေယာက္လုံးက ၿပိဳင္ပြဲစုံ ၈ဂိုး ရရွိထားပါတယ္။ အံ့အားသင့္စရာ ေကာင္းေအာင္ ရာသီကို စတင္ႏိုင္ခဲ့ၿပီးေနာက္ သူဟာ လီဗာပူးမွာ ဆက္လက္ တိုးတက္ေအာင္ လုပ္ႏိုင္တယ္လို႔ ယုံၾကည္မႈ ရွိေနပါတယ္။

“က်ေနာ္က အေတာ္အသင့္ စြမ္းရည္ရွိတယ္လို႔ ထင္တယ္။ ထိပ္ဆုံး မွာ ေတာ့ ရွိေနလိုဆဲပါပဲ။ က်ေနာ့္နားက လူေတြ ဂုဏ္ယူရေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္း က်ေနာ့္မွာရွိတယ္လို႔ ထင္တယ္။ က်ေနာ့္ခံစားခ်က္ ေကာင္းေနသလို သူမ်ားေတြလဲ အလားတူ ခံစားရမယ္လို႔ ထင္ပါတယ္။” ဆိုၿပီး မာေနးက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။