၀က်ဖို့ဒ်ကို နိုင်တဲ့ ပွဲအပြီးမှာ လမ်းပတ်က ချယ်ဆီးအသင်းကို အဝေးကွင်း ၇ ပွဲ ဆက် နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်တဲ့ မန်နေဂျာ တစ်ဦး ဖြစ်လာပြီး နှစ်ပေါင်း သုံးဆယ် အတွင်း ပထမဆုံး ထွက်ပေါ်လာသူ ဖြစ်ပါတယ်။ ထိုသို့ အဝေးကွင်း ရလဒ်တွေ ကောင်းနေတဲ့ အပေါ် လမ်းပတ်က ရှင်းလင်း အဖြေပေးခဲ့တဲ့ အပြင် အသင်း ကွင်းလယ်ကစားသမားတွေရဲ့ အရည်အချင်းကိုလည်း ချီးကျူးပြောဆိုသွားပါတယ်။
” ကျနော်တို့ကို အနိုင်ရစေတဲ့ တခြားအကြောင်းရင်းတော့ မရှိပါဘူး။ သူတို့ အိမ်ရှင်အသင်းတွေ က ခက်ခက်ခဲခဲ ကြိုးစားတယ်။ အဝေးကွင်းအသင်းက အနည်းငယ် ပိုပြီး ဖွင့်ကစားနိုင်တယ်။ ဒါက ကျနော်တို့ အတွက် အရှိန်အဟုန် နဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့၊ အခွင့်အရေး တွေ ဖန်တီးခွင့် ပေးတယ်။ အိမ်ရှင်အသင်းက ဒါမျိုးကို လွတ်လွတ်လပ်လပ် လုပ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒါကြောင့် ကျနော်တို့ အဝေးပွဲတွေမှာ ပေါက်ကွဲပြနိူင်ခဲ့တာပါ။ ” လို့ လမ်းပတ်က ရှင်းလင်း ထောက်ပြခဲ့ပါတယ်။
ကွင်းလယ်လူတွေရဲ့ စွမ်းဆောင်ရည်နဲက ပတ်သတ်ပြီးလည်း – “ကြည့်လို့ကောင်းတယ်။ အားရတယ်။ ၂၅မိနစ်အတွင်း သူတို့တွေ အကောင်းဆုံး ဖြစ်ခဲ့တယ်။ ပွဲကို ကျနော်တို့ ထိန်းချုပ်ခဲ့ပြီး အသင်း တစ်သင်းအနေနဲ့ အနည်းငယ် ပေါ့တန်ခဲ့တာလဲ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟို ကြား အချိတ်အဆက် မိခဲ့တယ်။ သူတို့တွေက ဘောလုံးကို ကောင်းကောင်း ထိန်းသိမ်းနိူင်တယ်၊ နားလည်မှုရှိတယ်၊ တိုက်စစ်ကို ပေးပို့ဖို့ ဒါမှမဟုတ် တိုက်စစ်ကြောင်းကို ဖြိုခွင်းဖို့ ရှာဖွေနိင်စွမ်းရှိတယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။
“ကျနော်တို့ ပွဲကို စိုးမိုးခဲ့တယ်။ ကောင်းကောင်း ကစားခဲ့ပြီး အခွင့်အရေးကောင်းတွေ ဖန်တီးခဲ့တယ်။ ဘင် ဖော်စတာကို ချီးကျူးရမယ်။ သူက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ခဲ့တယ်လေ။ ဒါပေမယ့် အနည်းဆုံး သုံး လေးဂိုးလောက် ကျနော်တို့ ရသင့်တယ်ထင်တယ်။ ”
” ဒီရာသီ အဝေးကွင်းမှာ အများကြီးမဟုတ်ပေမယ့် ကျနော်တို့ ဂိုးတွေသွင်းခဲ့တယ်။ အိမ်ကွင်းမှာ ကျနော်တို့ လွှမ်းမိုးနိူင်တဲ့ ပွဲတွေ ရှိခဲ့တယ်။ ဒါက မင်းတို့အတွက် ဂိုးတွေရယူဖို့ အချိန်ပါပဲ။ ” လို့လည်း လမ်းပတ်က ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့ဲတဲ့ ကာရာဘောင်းပွဲမှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ လမ်းကြောင်း ချော်မသွားခဲ့ဘဲ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို အရယူခဲ့ကာ အဆင့် ၃ နေရာသို့ တက်လှမ်းခဲ့ပါတယ်။
Zawgyi
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းပွဲမှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ လမ်းကြောင်း ချော်မသွားခဲ့ဘဲ လိုအပ်တဲ့ အနိုင်သုံးမှတ်ကို အရယူခဲ့ကာ အဆင့် ၃ နေရာသို့ တက်လှမ်းခဲ့ပါတယ်။