ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲ ကစားပြီးချိန်မှာ လက်ရှိ အနေအထားအရ ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းကပဲ ဆကလက် ယှဉ်ပြိုင်သွားကြမယ့် အနေအထားလို့ ခန့်မှန်းခံထားရတယ်။ ဒီကြားကာလမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာ ရှိနေသေးပေမယ့် နှစ်သင်းဟာ အားအကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်နေကြပါတယ်။
လီဗာပူးက မန်စီးတီးကို ၆ မှတ် အသာစီးရနေတဲ့ အနေအထားဖြစ်ပြီး နှစ်သင်းလုံးက စနေနေ့က ပွဲတွေမှာ အရံှူးကနေ အနိုင်ရလဒ်ကို ပြန်လာပြနိုင်ကြပါသေးတယ်။ နောက်အပတ်မှာတော့ နောက်ထပ် အမှတ်ပေးပွဲအဖြစ် နှစ်သင်း ထိပ်တိုက်တွေ့ကြမယ့် ပွဲလည်း ရှိနေပါတယ်။ ဒီတော့ ရာသီဝက်အတွက် ကလပ်နှစ်သင်း ကစားဖို့ ကျန်ရှိနေသေးတဲ့ ပွဲ ၈ ပွဲမှာ ဘယ်လို အသင်းတွေနဲ့ ထိပ်တိုက် တွေ့ကြမှာပါလဲ။
Liverpool
Liverpool have yet to play: Man City (H) (2nd), Crystal Palace (H) (9th), Brighton (H) (8th), Everton (H) (17th), Bournemouth (A) (7th), Watford (H) (20th), West Ham (A) (12th), Wolves (H) (11th)
အသင်း ၈ သင်းရဲ့ စုစုပေါင်း ပျှမ်းမျှအဆင့်က ၁၀.၇၅ ဖြစ်ပါတယ်။ ထိပ်ဆုံး ၆ သင်းထဲမှာ မန်စီးတီးတစ်သင်းပဲ ကန်ရှိတာဖြစ်ပြီး ထိပ်ဆုံး ၁၀ သင်း စာရင်းမှာတော့ ဘုန်းမောက်၊ ပဲလေစ့်နဲ့ ဘရိုက်တန်တို့လို ဇယားအလယ်က အသင်းတွေပဲ ကျန်ရှိပါတယ်။ ဒါ့အပြင် ပွဲ ၈ ပွဲမှာ ၆ ပွဲက အိမ်ကွင်းပွဲတွေအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်းလို့ ခေါ်ဆိုကြတဲ့ အသင်းတွေနဲ့ ထိပ်တိုက်တွေ့မှုမှာ လီဗာပပူးက ၁၀ မှတ်ရထားသလို ဒီရာသီ ထိပ်ဆုံးလေးသင်းကို စိန်ခေါ်မယ့် လက်စတာကိုလည်း အနိုင်ရထားပါတယ်။ လီဗာပူးရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဒီတစ်ကြိမ် အန်ဖီးကွင်းမှာ မန်စီးတီးကို အနိုင်ယူခဲ့မယ်ဆိုရင် ပထမရာသီဝက်မှာ ရမှတ်အသာစီး ယူနိုင်မှုက ၉ မှတ်နဲ့ ၉ မှတ်ရဲ့ အထက်မှာ ရှိနေနိုင်ပါတယ်။
Man City
Man City have yet to play: Liverpool (A) (1st), Chelsea (H) (3rd), Newcastle (A) (15th), Burnley (A) (14th), Manchester United (H) (10th), Arsenal (A) (5th), Leicester (H) (4th), Sheffield United (H) (6th)
မန်စီးတီးရဲ့ လက်ကျန် ပြိုင်ဘက်တွေရဲ့ ပျှမ်းမျှအဆင့်က ၇.၂၅ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီအပတ်မှာ အန်ဖီးကွင်းကို သွားရမှာက အရေးပါတဲ့ပွဲ ဖြစ်လာမှာဖြစ်ပြီး အနိုင်သုံးမှတ် ယူထားမှ ရမှတ်ကွာဟမှုကို လျော့ချနိုင်မှာပါ။ မန်စီးတီးရဲ့ လက်ကျန်ပွဲတွေမှာ ကြီး ၆ ကြီးထဲက ၄ သင်းထိ ရှိနေတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်နိုင်တဲ့ လက်စတာလို အသင်းလည်း ပါဝင်နေပါသေးတယ်။
မန်စီးတီးဟာ ပထမအကျော့အတွက် လက်ကျန်ပွဲတွေမှာ အဝေးကွင်းပွဲ လေးပွဲထိ ကစားရဖို့ ရှိနေပြီး နယူးကာဆယ်၊ ဘန်လေ ကလွဲလို့ ကျန်အသင်းတိုင်းက အဆင့် ၁၀ အတွင်းက အသင်းတွေဖြစ်ပါတယ်။ ပထမရာသီဝက်မှာတော့ လီဗာပူးက အသာစီးရသွားမယ့် အနေအထားဖြစ်ဖို့ များနေပြီး ရမှတ်ကွာဟချက် ခပ်မြင့်မြင့်ထားနိုင်ရင်တော့ ဒုတိယရာသီဝက်မှာပါ လပေါင်းအတော်ကြာ ရှေ့ကနေ ဆက်ပြေးနိုင်မှာဖြစ်ပါတယ်။
ZAWGYI
Liverpool
Man City